Main menu

Background

Thursday, 23 Dec 2010

အောင်ပန်းမှာ အာလူးဈေးအနည်းငယ်မြင့်ပြီး ဂေါ်ဖီဈေးကျလာ            ဒေသထွက် အာလူး အာလူးက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်မြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၉၄ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဂေါ်ဖီ ဖီကို ရန်ကုန်-မိတ္တီလာဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ဂေါ်ဖီထုပ်အဝင်များ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိ ဿာချိန် ၂၁ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံဂေါ်ဖီကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 23 Dec 2010

ဟင်္သာတမှာ မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း         မတ်ပဲ(ကုန်ကြမ်း) ကို လှောင်လက်ကုန်သည်ကြီးများက ပုံမှန်အရောင်းရှိပေမယ့် ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေးကျနေတဲ့အပေါ်မူတည်ပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာ အဝယ်ရှိခဲ့တယ်လို့မြို့ခံ ကုန်သည် တစ်ဦးက ဆိုပါတယ်။

Thursday, 23 Dec 2010

မူဆယ်မှာ ပြောင်းဈေးကျပြီး ရော်ဘာဈေးငြိမ်               ပြောင်း ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက ဝယ်အားပုံမှန်ရှိပေမယ့် ပြောင်းဈေးကွက်သို့အဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာ ကိုတရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

Thursday, 23 Dec 2010

မုံရွာမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ပုံမှန်ဖြစ်               ပဲတီစိမ်းကြီး ကို အရည်အသွေးပေါ် မူတည်ပြီး မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်(တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး ကို ဒေသတွင်းပဲခွဲစက်လုပ်ငန်း ရှင်များနဲ့ နယ်လက်အဝယ်သွက်ခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၄၇ ကျပ် (တစ်တန်ကို ၇၆၃၆၅ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၄ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။

Thursday, 23 Dec 2010

မန္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးစွာလာ         ပဲတီစိမ်း(အဟောင်း)ထက် ပဲတီစိမ်း(သစ်) ကို တရုတ်ပြည် တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပိုနှစ်သက်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ် နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၅၂ဝ ကျပ် (တစ်တန်ကို ၉၃ဝ၈၃၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝဝ နဲ့အထက် အဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီး ကို မျိုးအတွက် ဝယ်ယူနေတဲ့ ကုန်သည်များအဝယ်ပြန် အေးသွားပေမယ့် ပဲခွဲစက်လုပ်ငန်း ရှင်များနဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၆၆ ကျပ် (တစ်တန်ကို ၇၇၅၂၈၅ ကျပ်) နဲ့နေ့စဉ် အိတ် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Thursday, 23 Dec 2010

မကွေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်         ပဲတီစိမ်းကြီး ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့နေ့စဉ် အိတ် ၂ဝဝ မှ ၂၅ဝ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့် တန့်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကိုငွေပြန်ပေါ်လိုသော ကုန်သည်အခိုျ့ထုတ်ရောင်းမှုတွေ ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်မရှိဘဲ ယခင်အပတ်ဈေးဖြစ်တဲ့ တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 23 Dec 2010

ပြည်ဈေးကွက်မှာ မတ်ပဲဈေးကျ        မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး ကျဆင်းနေတာကို အကြောင်း ပြပြီးဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၂၅ ကျပ် (တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၃ဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ ပဲတီစိမ်း ကတော့ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန် ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၈၅ ကျပ်(တစ်တန်ကို ၇၈၆၉၂၁ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၂ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 23 Dec 2010

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျ            ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) နဲ့ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံက အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင်  မတ်ပဲ(RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ပူနစ်တန်ဖိုးဈေးပြန်မြင့်လာပေမယ့် အိနိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးကျနေတာကိုအကြောင်းပြပြီး ေျးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၇၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၁၀၀၀၀ ကျပ်အတွင်း တန် ၃၀၅၉ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့၇န် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၈၃၀၀၀ ကျပ်အတွင်း တန် ၃၄၅ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ 

Wednesday, 15 Dec 2010

 လားရှိုးမှာ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်            ပြောင်းကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များ က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပြောင်းအဝင်များတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်က်က်ကျလာပြီး တစ်ပိသာကို ၂၈၀ကျပ်နဲ့ တစ်ပတ်အတွင်း ပိသာချိန် ၇၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။

Wednesday, 15 Dec 2010

 ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးဈေးမြင့်ပြီး ပဲစင်းငုံနီဈေးငြိမ်           ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်အား  ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိသာ ကို ၁၂၂၆ ကျပ်(တစ်တန်ကို ၇၅ဝ၇၉ဝ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားအရောင်း အဝြယ်ဖစ်ခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီ ကိုရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦး က ဆိုပါတယ်။

Pages