Background
အောင်လံမှာ ပဲတီစိမ်းနဲ့ စမုံနက်နှမ်းဈေးကျ ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်မရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ် (တစ် တန်ကို ၇၉၆၁ဝ၇ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စမုံနက်နှမ်းကို မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနောက်ဆုတ်သွားတာကြောင့် ယခင် အပတန်နဲ့စာရင် ဈေးကျလာပြီး တစ်ပိသာက ို ၂၃၃၃ ကျပ ် (တစ်တန်ကို ကို ၁၄၂၈၇ဝ၅ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်များက ဆိုပါတယ်။
မြင်းခြံမှာ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ် ပဲစင်းငုံနီကီ ို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ငွေပြန်ပေါ်လိုတဲ့ ကုန်သည်တစ်ခိုျ့ကလည်း အရောင်းရှိတာကြောင့် တစ်ပိဿာကို ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်) နဲ့နေ့စဉ် အိတ် ၅ဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မှာ ပြောင်းဈေးကျပြီး ရော်ဘာဈေးငြိမ် ပြောင်း ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူသူများနေတဲ့ ကုန်သည်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျနေတယ်လို့ သိရပါတယ။် ရောဘာကို တရုတ်ဘက်က ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးကငြိမ်နေတယ်လို့ ဆိုပါတယ်။
အောင်ပန်းမှာ အာလူးဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ် ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက် နဲ့ နယ်ဝယ်လက် အစုံက လည်း တစ်ပိသာကို ၆၃၀ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၅၈၈ဝဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂေါ်ဖီကို ရန်ကုန်နဲ့ နေပြည်တော်ဝယ်လက်က တစ် ပိဿာကို အနိမ့်ဆုံး ၈ဝ ကျပ်မှ တစ်ပိဿာကိုအမြင့်ဆုံး ၁ဝဝ ကျပ် အတွင်း ပိဿာချိန် ၃၂ဝဝဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။
မန ္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းအဝယ်ဖြစ် ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်) နဲ့ နေ့စဉ် အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၂၄ဝ ကျပ် (တစ်တန်ကို ၇၅၉၃၆၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
ဟင်္သာတမှာ မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ် မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျနေတာကိုအကြောင်းပြပြီးဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင ် ဈေးကျလာပြီး တစ်ဿာကို ၁၂၁၅ ကျပ် (တစ်တန် ကို ၇၄၄ဝ၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ မှ ၈ဝဝ ကြားသာ အဝယ် ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။
မုံရွာမှာ ပဲတီစိမ်းဈေးငြိမ်ပြီး ကုလားပဲဖြူလုံးကြီးဈေးကျ ပဲတီစိမ်းကြီး ကိုအရည်အသွေးပေါ်မူတည်ပြီး မန ္တလေးဝယ် လက်က တစ်ပိဿာကို ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၂၁၁ ကျပ် (တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်း သူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် နေ့စဉ် အိတ် ၁ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှုများ ကုလားပဲ (တိုင်ပေ) ကို ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်အား သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၂၂၅ ကျပ်(တစ်တန်ကို ၇၅ဝ၁၇၇ ကျပ်) နဲ့တစ်ပတ်အတွင်း အတိ ် ၁ဝဝဝ ခနအ့် ရောင်း အဝြယ်ဖစခ် ေဲ့ ကြာင်း သရိ ပါတယ။် မတ်ပ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၇၅ ကျပ် (တစ်တန်ကို ၇၁၉၅၅၈ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၁၄ဝဝ ခန့်သာ အဝယ်ရှိခဲ့ကြောင်း ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
မကွေးဈေးကွက်မှာ ပဲတီစိမ်းဈေးကျပြီး ကုလားပဲဈေးငြိမ် ပဲတီစိမ်းကြီးကို ရန်ကုန်ဝယ်လက်က အရည်အသွေး နိမ့်တာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၅၈ကျပ် (တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ကြား အဝယ်ရှိခဲ့တယ် လို့သိရပါတယ်။ကုလားပဲ(တိုင်ပေ) ကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။
တောင်ကြီးမှာ ပြောင်းနဲ့ ပဲပုပ်အရောင်းအဝယ်ဖြစ် ပြောင်း က ဈေးကွက်သို့ ဝင်ရောက်မှုအားကောင်းနေသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိပေမယ့် အစိုဓာတ် အနည်းငယ်ရှိနေသေးတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ပိဿာချိန် ၆၆ဝဝဝဝ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ပဲပုပ်ကို မန ္တလေး ဝယ်လက်က တစ်ပိဿာ ကို ၁ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၆၃ဝဝဝ ခန့် အဝယ်ရှိ ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဒေသခံကုန် သည်များက ဆိုပါတယ်။