Main menu

Background

Monday, 13 Sep 2010

ဘုရင့်နောင်မှာ မတ်ပဲ(RC) ရောင်းဈေးကျလာမတ်ပဲ((RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၈ဝ၄ဝဝဝ ကျပ်နဲ့ပုံမှန်အဝယ်ရှိ ပေမယ့် နောက်ပိုင်းမှာ Export earning ရောင်းဈေး ဆက်တိုက်ကျ ဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ၉-၉-၂ဝ၁ဝ နေ့တွင်  တစ်တန်ကို ၇၈၅ဝဝဝ ကျပ်အထိဈေးဆင်းသွားတဲ့အတွက် ယခင်အပတ်နဲ့စာရင် တစ်တန် ကို ၄၅ဝဝဝ ကျပ်ခန့်  ဈေးကျသွားကြောင်း  ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ၈ဝ၅ တန်ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 7 Sep 2010

မြင်းခြံဈေးကွက်               ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၉၉ဝ ကျပ် (တစ်တန်ကို ၆ဝ၆၂၆၆ ကျပ်) နဲ့အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များထံမှပစ္စည်းလက်ကျန်နည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်း ရှင်များက တစ်ပိဿာကို ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်) နဲ့ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။

Tuesday, 7 Sep 2010

ပခုက္ကူဈေးကွက်        ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ရောင်းချ တဲ့အရည်အသွေးကို ကြိုက်နှစ်သက်တာကြောင့် တစ်ပိဿာကို ၁ဝ၅၂ ကျပ် (တစ်တန် ကို ၆၄၄၂၃၄ ကျပ်)နဲ့ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေသေးတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 7 Sep 2010

အောင်လံဈေးကွက်        ပဲတီစိမ်းကြီးကို  အရည်အသွေးပေါ်မူတည်ပြီး ရန်ကုန်ဝယ်လက် က တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ ဝယ်အား ပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Monday, 6 Sep 2010

တောင်ကြီးဈေးကွက်ဒေသထွက်ပြောင်းကို မန္တလေးဝယ်လက်နဲ့အစာစပ်လုပ်ငန်း ရှင်များက တစ်ပိဿာကို ၃၇ဝ ကျပ်နဲ့ ပိဿာချိန် ၄ဝဝဝဝဝ ခန့်ဝယ် အားပုံမှန်ရှိပေမယ့် ရောင်းတဲ့ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းတာကြောင့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့သိရပါတယ်။

Monday, 6 Sep 2010

ပြည်ဈေးကွက်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီး များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၁၃၆ဝ ကျပ်(တစ်တန်ကို ၈၃၂၈၅ဝ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 6 Sep 2010

 မကွေးဈေးကွက်ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က ရောင်းချတဲ့အရည်အသွေး ကိုမကြိုက်တာကြောင့် ဈေးချအဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ကုလား ပဲ(တိုင်ပေ) ကိုပဲခွဲစက်လုပ်ငန်းရှင် များက လက်ရှိပေါက်ဈေးထက် ဈေးလျော့ဝယ်ယူမှုတွေရှိတဲ့အပြင် ဝယ်အားပါနည်းသွားတယ်လို့ သိရပါတယ်။

Monday, 6 Sep 2010

 ဟင်္သာတဈေးကွက်       မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီး များကဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၁၃၅၅ ကျပ်(တစ်တန်ကို ၈၂၉၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။

Monday, 6 Sep 2010

 လားရှိုးဈေးကွက်          ဒေသထွက်ပြောင်းကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေ တဲ့ကုန်သည်များက ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေတာကြောင့် အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့တစ်ပတ်အတွင်း ပိဿာချိန် ၁၅ဝဝဝ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Monday, 6 Sep 2010

အောင်ပန်းဈေးကွက်        အာလူးက ဈေးကွက်သို့အဝင်ရှိသလောက် ရန်ကုန်ဝယ်လက် နဲ့နယ်ဝယ်လက်အခိုျ့က ဝယ်အားကောင်းနေတာကြောင့် တစ်ပိဿာ ကို ၇၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၅ဝဝဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းဥမကို ရန်ကုန်ဝယ်လက်နဲ့ မုံရွာဝယ်လက်ကတစ်ပိဿာကို ၉ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာ ချိန် ၁၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။

Pages