Background
မန္တလေးမှာ ပဲတီစိမ်း ဈေးကျပြီး ကုလားပဲဖြူလုံး ကြီး ဈေးစွာ လာ ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး အဝယ် ရှိသလို ဝယ်အားလည်းနည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းးငယ်က်ကျလာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ် (တစ်တန် ကို ၉၂၅၃၂၁ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝဝ မှ ၄ဝဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုလုလားပဲဖြူလံုံးကြီးကို ပဲခွဲစက် လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ်လက်အပြင်မျိုးသမားများကပါ အဝယ် သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသိသာစွာာမြင့့်် လာပြီး တစ်ပိဿာကို ၁၃၆၂ ကျပ် (တစ်တန်ကို ၈၃၄ဝ၇၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။
အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးငြိမ် ပဲတီစိမ်း က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးတိုးပေးပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စမုံနက် နှမ်းကို မန္တလေးဝယ်လက်က အဝယ် အထိုက်အလျောက်သာရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေပြီး တစ်ပိဿာကို ၂၆၆၇ ကျပ်(တစ်တန်ကို ၁၆၃၃၂၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်များက ဆိုပါတယ်။
မူဆယ်မှာ ပြောင်းဈေးမြင့်ပြီး ရော်ဘာဈေးငြိမ် ပြောင်း ကမူဆယ်ဈေးကွက်သို့ အဝင်ရှိသလောက် တရုတ် ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက အဝယ်သွက်နေတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ေဈးမြင့်လာပြီး အရောင်း အဝြယ်ဖစ်များခဲ့တယ်လို့သိရ ပါတယ။် ရော်ဘာကို တရုတ်ပြည် တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက ဝယ်အားပုံမှန်ရှိပြီး ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။
ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးသိသာစွာမြင့်လာပြီး အရောင်းအဝယ် ဖြစ်မှုများ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ် တန်ဖိုး ဈေးအထိုက်အလျောက် မြင့်လာတာရယ် အိန္ဒိယမွန်ဘိုင်းဈေးကွက် မှာ မြန်မာ့မတ်ပဲဈေးမြင့်လာမှုအပေါ်မူတည်ပြီး ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက မတ်ပဲ (RC) ကို လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ေဈးသိသိသာစွာာမြင့် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၂ဝဝဝ ကျပ် မှ အမြင့်ဆုံး ၇၈၉ဝဝဝ ကျပ်အတွင်း ၃၂၂ဝ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို မတ်ပဲ (SQRC) ကလို ည်း ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၉၁၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၆ဝဝဝဝ ကျပ်အတွင်း တန် ၅၂၉ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ကုန်သည်များက တစ်တန်ကို ၅၃၇ဝဝဝကျပ်နဲ့ ၆၉တန် အဝယ် ရှိခဲ့သလို ငွေပေါ်လိုတဲ့ သိုလှောင်ထားသူ ကုန်သည်များကလည်း အရောင်းရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ပဲစင်းငုံဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များကအဝယ်ရှိနေတာကြောင့် ဒီတစ်ပတ်အတွင်း ပဲစင်းငုံဈေးက တည်ငြိမ်သလောက်ရှိနေတာ တွေ့ရပါတယ်။ လာ မယ့်သီတင်းပတ်အတွင်း မှာလည်း တန်ဇန်းနီးယားက တင်သွင်းပဲများ ဝင်ရောက်လာတော့ မယ်လို့ သိရပါတယ်။ လတ်တလော ရာသီဥတုကောင်းနေခြင်းက ပဲပင်များတိုးတက်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲစင်းငုံ တန်ချိန် ၃ ဒသမ ၂၇ သန်းထွက်ရှိနိုင်မှာဖြစ်လို့ ယခင်နှစ်ကထွက်ရှိတဲ့ တန်ချိန် ၂ ဒသမ ၅၅ သန်းထက် တန်ချိန် ၇ သိန်းခန့်ပိုမယ်လို့ မျှော်မှန်းထား ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိ တယ်လို့ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၃ဝ .၉ .၁ဝ ၂၉ .၉ .၁ဝ ၂၈ .၉ .၁ဝ ၂၇ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ) ၇၇၉-၇၉၆ ၈ဝ၁ ၈ဝ၃-၈ဝ၉ ၇၉၉-၈ဝ၅ဒေလီ (မြန်မာပဲစင်းငုံ) ၈ဝ၁ ၈ဝ၇ ၈ဝ၉ ၈၁ဝချန်နိုင်း( မြန်မာပဲစင်းငုံ) ၇၉ဝ ၇၉ဝ ၇၈၇ ၇၇၇
ပဲတီစိမ်းဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်းဈေးကွက်များကို ပဲထုတ်လုပ်ရာဒေသများက ပဲအသစ်တွေ ဝင်ရောက်လာပေမဲ့ အဝယ်သွက်နေတာကြောင့် ယခု တစ်ပတ်အတွင်း ပဲတီစိမ်းဈေး အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ပါ တယ်။ ရိတ်သိမ်းစဉ်က မိုးသည်းထန်ခဲ့လို့ အခိုျ့ပဲအသစ်များ အရည် အသွေးပျက်စီးမှုတွေရှိပေမဲ့ မနှစ်ကမိုးရာသီ အထွက်ထက်ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုး ရာသီ ပဲတီစိမ်းထွက်ရှိမှုဟာ တန်ချိန် ဝ ဒသမ ၈၈ သန်းရှိနိုင်မှာ ဖြစ်ရာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၄၄ သန်းထက် တစ်ဆ ပိုမယ်လို့ဆိုပါတယ်။ ကာလတိုအတွင်း ပဲတီစိမ်းဈေးနှုန်း လျော့ကျဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၃ဝ .၉ .၁ဝ ၂၉ .၉ .၁ဝ ၂၈ .၉ .၁ဝ ၂၇ .၉ .၁ဝမွန်ဘိုင်း (ပဲတီရွှေဝါ) ၉၃၅ ၉၃၅ ၉၃၁ -ချန်နိုင်း (ပဲတီရွှေဝါ) ၁ဝဝ၂ ၁ဝဝ၂ ၉၉၇ ၉၈၈-၉၉၉ဒေလီ ၁ဝဝ၂-၁ဝ၂၄ ၁ဝဝ၂-၁ဝ၂၄ ၉၉၇-၁ဝ၁၉ ၁ဝ၄၄-၁ဝ၆၆
ကုလားပဲဈေးအနည်းငယ်လျော့ ယခု သတင်းပတ်အစောပိုင်း အိနိယ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ ကုလားပဲခွဲခြမ်းအဝယ်သွက်နေတာကြောင့် ဈေးမာ ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာတော့ ဝယ်လိုအားထက် ရောင်းလို အားများတာကြောင့် ဈေးအနည်းငယ်လျော့ကြခဲ့ပါတယ်။ တန်ဇန်း နီးယားက တင်သွင်းထားတဲ့ပဲများ ရောက်ရှိလာပြီဖြစ်လို့ ရောင်းလိုအား ပိုများလာခြင်းဖြစ်ပါတယ်။ သြစတြေးလျ အချို့ပဲများမှာ ပိုး ကျရောက်မှုရှိပေမယ့် အထွက်ပိုမိုမယ့် မျှော်လင့်ချက်များကြောင့် ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန်ဈေးကွက် ၃ဝ .၉ .၁ဝ ၂၉ .၉ .၁ဝ ၂၈ .၉ .၁ဝ ၂၇ .၉ .၁ဝမွန်ဘိုင်း ၅၁၉ ၅၁ဝ-၅၂၆ ၅၂၈ ၅၂၂-၅၂၆ဒေလီ ၅၁ဝ-၅၁၂ ၅ဝ၆ ၅ဝ၇-၅၁ဝ ၅ဝ၈-၅၁၁ကန်ပါ - ၅၁၈-၅၁၉ ၅၂၁ ၅၁၄
စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းဟာ ၁၆ ဒသမ ၄၄ ရာခိုင်နှုန်းရှိလာလို့ ယခင်သီတင်းပတ်မှာရှိတဲ့ ၁၅ ဒသမ ၄၆ ရာခိုင် နှုန်းထက် ပိုမိုလာတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် လက်လီ ပဲမျိုးစုံ၊ ကြက်သွန်နီနဲ့ ဟင်းသီးဟင်းရွက်ဈေး မြင့်တက်တာကြောင့် လို့သိရပါတယ်။ ပဲစင်းငုံ၊ ဟင်းသီးဟင်းရွက်ဈေးက ၃ ရာခိုင်နှုန်းစီ မြင့်တက်ပြီး ဘာလီ၊ ကုလားပဲနဲ့ ပြောင်းဈေးက ၂ ရာခိုင်နှုန်းစီ၊ရေထွက်ကုန်၊ ပဲနီလေးနဲ့ နွားနို့ဈေးက ၁ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ် လို့ သိရပါတယ်။မတ်ပဲဈေးဆက်လက်ဆင်းလာ အိန္ဒိယမှာ ပဲအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာ ကာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်မှု အရှိန်ရလာတဲ့အပြင် ဝယ်လိုအားမရှိတာကြောင့် မတ်ပဲဈေးက ယခု တစ်ပတ်မှာလည်း ဆက်လက်ဆင်းတာတွေ့ရပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီ မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ဝ၈သန်းခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိမှုတန်ချိန် ဝ ဒသမ ၈၅ သန်းထက်တန်ချိန်တစ်သိန်းကျော် ပိုမယ်လို့ဆိုပါတယ်။ လာမယ့် ရက်တွေမှာလည်း ဈေးဆက်လက်လျော့ကျမယ်လို့ သုံးသပ်ကြပါ တယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၃ဝ .၉ .၁ဝ ၂၉ .၉ .၁ဝ ၂၈ .၉ .၁ဝ ၂၇ .၉ .၁ဝ မွန်ဘိုင်း ၁ဝဝ၂ ၁ဝ၄၆ ၁ဝ၄၁-၁ဝ၆၄ ၁ဝ၆၆-၁ဝ၇၁ဒေလီ ၁ဝ၄၆ ၁ဝ၄၆ ၁ဝ၄၁ ၁ဝ၉၉ချန်နိုင်း ၁ဝဝ၂-၁၂ဝ၂ ၁ဝ၂၄-၁၂၂၄ ၁ဝ၃၆-၁၂၃၅ ၁ဝ၄၉-၁၂၄၃
ပဲတီစိမ်ဈေး ပြန်ခိုင်လာ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ အဆက်မပြတ်ဝယ်ယူမှုတွေရှိလာလို့ ဒီတစ်ပတ် ပဲတီစိမ်းဈေး ပြန်ခိုင်လာတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်ခြင်းက ဈေးကွက်တွေကိုပဲဝင်ရောက်မှု ထိခိုက်တဲ့အတွက်ကြောင့်လည်း ဈေးမာလာခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ စက်တင်ဘာလ ၁ဝရက်နေ့ စာရင်းအရ ပဲတီစိမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၂၅ ဒသမ ၇၇ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၂၂ဒသမ ၄ဝသိန်းထက် ဟက်တာ ၃သိန်းကျော်ပိုမိုတာ တွေ့ရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို တင်သွင်းပဲတီစိမ်း အသစ်တွေ ဝင်ရောက်လာတဲ့အပြင် ပြည်တွင်းပဲအသစ်များလည်း တိုးတက်ဝင်လာတော့မှာဖြစ်လို့ ကာလတို အတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၃ .၉ .၁ဝ ၂၂ .၉ .၁ဝ ၂၁ .၉ .၁ဝ ၂ဝ .၉ .၁ဝချန်နိုင်း (ပဲတီရွှေဝါ) ၉၆၅-၉၇၆ ၉၆၆-၉၇၇ ၉၆၂ ၉၆၅ဒေလီ (ပဲတီစိမ်း) ၁ဝ၃၁-၁ဝ၅၃ ၁ဝ၃၂-၁ဝ၅၄ ၁ဝဝ၆-၁ဝ၂၈ ၁ဝဝ၉-၁ဝ၃ဝအင်ဒိုရီ - - ၈၃၁ ၈၃၃
ကုလားပဲဈေးအနည်းငယ်လျော့ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေကို မိုးပဲအသစ်တွေဝင်ရောက်လာပြီဖြစ်လို့ ကုလားပဲလက်ဝယ်ထားသူများ ထုတ်ရောင်း နေကြတဲ့အတွက် ဝယ်အားထက် ရောင်းအားများကာ ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ ပွဲတော်အတွက် အဝယ်ရှိခြင်းက ဈေးနှုန်းမကျအောင်ထိန်းထားပေမဲ့ လက်ကျန်များခြင်းနဲ့ သြစတြေးလျမှာ အထွက်ပိုမိုခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ကာလတိုအတွင်း ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်၊ ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၃ .၉ .၁ဝ ၂၂ .၉ .၁ဝ ၂၁ .၉ .၁ဝ ၂ဝ .၉ .၁ဝ မွန်ဘိုင်း ၄၉၉-၅ဝ၄ - ၄၉၉ ၅ဝ၄ ဒေလီ ၄၉၄ ၄၉ဝ-၄၉၁ ၄၈၇ ၄၈၈-၄၈၉ ကန်ပါ ၄၉၉-၅ဝဝ ၄၉၉ ၄၉၆ ၄၈၉
