Background
ကုန်စည်တွေရဲ့ လက်ကားဈေးနှုန်းကို အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ လောင်စာဆီဈေး ငြိမ်နေတဲ့တိုင် ပဲမိုျးစုံ၊ သစ်သီးနဲ့ နို့ဈေးများ မြင့်တက်နေဆဲမို့ ဒုတိယပတ်အနေနဲ့ ဆက်လက်ဖောင်းပွနေဆဲပဲလို့ သိရပါတယ်။ ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ပဲမိုျးစုံဈေးနှုန်းဟာ ၁၃ ဒသမ ၄၄ ရာခိုင်နှုန်း၊ နွားနို့ဈေး နှုန်းဟာ ၁၇ ဒသမ ၆ဝ မြင့်တက်နေတယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်လက်မြင့်တက်လာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေး ပြန်လည်မြင့်တက်ခဲ့ရာမှ ယခုတစ်ပတ်မှာလည်း ဆက် လက် တိုးတက်လာခဲ့ပါတယ်။ ပဲပြုပြင်ကြိတ်ခွဲသူများ ဝယ်လိုအား ကောင်းနေတဲ့အပြင် ပဲစိုက်တဲ့ အခိုျ့ဒေသတွေမှာ မိုးရွာသွန်းနေ ခြင်းက ပဲအသစ်ဝင်ရောက်မှုကို နှေးကွေးစေခဲ့တာကြောင့် ဈေးတက် လာတာဖြစ်ပါတယ်။ ဈေးကွက်ကိုဝင်ရောက်လာတဲ့ ပဲအသစ်များ မှာလည်း မိုးကြောင့် အရည်အေသွးထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ အနောက်တောင် မုတ်သုံ မိုးဟာ တစ်လနောက်ကျပြီး ဆုတ်ခွာဖွယ်ရှိတာကြောင့် အခိုျ့ဒေသ မှာ ရိတ်သိမ်းမှုကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့် ရက်တွေမှာ ပဲအသစ်ဝင်ရောက်မှုတိုးတက်လာတော့မှာဖြစ်လို့ ပြည်ပ က တင်သွင်းမှုလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ ၤဗျှ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-
ပဲစင်းငုံဈေးဆက်လက်ဦးမော့နေ အဓိကပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ကုန်သည် များက အဝယ်သွက်နေလို့ ပဲစင်းငုံဈေးကဆက်လက်ဦးမော့နေပါ ယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အခိုျ့ဒေသတွေမှာ မိုး သည်းထန်ခဲ့လို့ သီးနံှအခိုျ့ပျက်စီးမှု ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာ ဟက်တာ ၈၃၃ဝဝဝ ရှိလို့ ယခင်နှစ်စိုက်ပိုျးခဲ့တဲ့ ဟက်တာ ၃၅ဝဝဝဝ ထက် ၂ ဒသမ ၃ ဆပိုမိုစိုက်ပိုျးတယ်လို့ သိရပါတယ်။ လက်ရှိ ရာသီဥတု အခြေအနေအရ ကာနာတာကာက ပဲစင်းငုံအထွက် စံချိန်တင်မယ် လို့ ခန့်မှန်းထားရာ ကာလတိုအတွင်း ပဲစင်းငုံဈေး လျော့ကျဖွယ်ရှိ တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်-
ပဲတီစိမ်းဈေးမာနေ အဓိကဈေးကွက်များမှာ ဝင်ရောက်လာတဲ့ ပဲအသစ်များကို အနိမ့်ဈေးနဲ့ ဝယ်ယူမှုတွေရှိလာလို့ ဒီတစ်ပတ် ပဲတီစိမ်းဈေး မာနေ တာ တွေ့ရပါတယ်။ ပဲစိုက်ပိုျးတဲ့ အခိုျ့ဒေသတွေမှာ မိုးသည်းထန် နေလို့ ပဲအရည်အသွေးများ ထိခိုက်တယ်လို့သိရပါတယ်။ ဒါကြောင့် ဝင်ရောက်လာတဲ့ ပဲအသစ်များကို အရည်အသွေးအရ ဈေးလျှော့ ရောင်းဝယ်မှုရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှ ပဲတီစိမ်းပမာဏ အနည်းငယ်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေး နှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော် ပြလိုက်ပါတယ်-
====ကုလားပဲဈေး အပြောင်းအလဲရှိနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ကုလားပဲဈေးက အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာရင် ဈေးလျာ့ ကျခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပဲဝင်ရောက်မှုကျဆင်းလာရင် ဈေးမြင့် တက်မှုတွေ ရှိနေပါတယ်။ ဈေးကွက်အများစုမှာတော့ ပဲလက်ကျန် သိုလှောင်မှုတွေရှိနေသလို သြစတြေးလျကတင်သွင်းခဲ့တဲ့ ကုလားပဲ များရောက်ရှိလာခြင်းက ဈေးကွက်အတွင်း ရောင်းအားများနေပါတယ်။ ဒါ့အပြင် လက်ရှိရာသီအတွင်း မိုးရွာသွန်းနေခြင်းက ဆောင်းပဲ စိုက်ချိန်မှာ အစိုဓာတ်ကောင်းကောင်းရရှိမှာဖြစ်လို့ ဆောင်းပဲအထွက် မြင့်တက်မယ့် အလားအလာတွေ ရှိနေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား (၂)နဲ့ ဖော်ပြထားပါတယ်-
ပခုက္ကူမှာ ရန်ကုန်ဝယ်လက် ပဲတီစိမ်းသေးကို အဝယ်ရှိ ရန်ကုန်ဝယ်လက်က မိုးစိုက်ပဲတီစိမ်းသေးကို တစ်ပိဿာ ၁၁၆၇ ကျပ်(တစ်တန်ကို ၇၁၄၆၅၉ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမဲ့ ယခင်အပတ်နဲ့စာရင် ေဈးကကျ ရိပ်သန်းနေကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကိုရန်ကုန်ဝယ်လက်က ပုံမှန်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉ဝဝ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ် အိတ်၅ဝမှ ၁ဝဝကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
မြင်းခြံမှာ ပဲစင်းငုံနီ ဈေးကျ ကုလားပဲဖြူလုံးကြီးကို ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူနေတဲ့ကုန် သည်များက တစ်ပိဿာကို ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝ၉ကျပ်) နဲ့ ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေ မယ့်ရောင်းသူကုန်သည်များက အရောင်းများတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
