Main menu

Background

Monday, 13 Sep 2010

အောင်ပန်းမှာ အာလူးနဲ့ ချင်း အရောင်းအဝယ်ဖြစ်    ဒေသထွက်အာလူးက ဈေးကွက်သို့အဝင်ပုံမှန်ရှိပြီး ရန်ကုန် ဝယ်လက်နှင့်နယ်ဝယ်လက်အစုံက တစ်ပိဿာကို ၆၈ဝ ကျပ်နဲ့တစ် ပတ်အတွင်း ပိဿာချိန် ၃ဝဝဝဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။ ချင်းဥမကို ရန်ကုန်ဝယ်လက်နဲ့ နယ်ဝယ်လက်အစုံ ဝယ်အားကောင်းနေတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁ဝဝဝဝဝခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည် များက ဆိုပါတယ်။

Monday, 13 Sep 2010

တောင်ကြီးမှာ ပြောင်း ပုံမှန်အရောင်းအဝယ်ဖြစ်       ပြောင်း ကိုမန္တလေးဝယ်လက်နဲ့ တိရိစ္ဆာန်အစာစပ်လုပ်ငန်း ရှင်များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၃၃ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၆၄ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြောင်း (သစ်)က တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် ပြောင်းရဲ့အစိုဓာတ် ရှိနေတာကြောင့် မန္တလေးဝယ်လက်နဲ့  သိုလှောင် မယ့်သူများက အဝယ်အေးနေတယ်လို့  ဒေသခံကုန်သည်များက ဆိုပါတယ်။

Monday, 13 Sep 2010

မူဆယ်မှာ ပြောင်းဈေးကျပြီး ရော်ဘာဈေးငြိမ်ပြောင်းကို တရုတ်ဘက်က ဝယ်အားပုံမှန်ရှိပေမယ့် တရုတ်ယွမ် ငွေတန်ဖိုး ကျဆင်းနေတာကြောင့် ရောင်းတဲ့ကုန်သည်များအရောင်း နည်းခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာကိုတရုတ်ဘက်က ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ရော်ဘာ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Monday, 13 Sep 2010

မန္တလေးမှာ ပဲတီစိမ်းကြီးကို တရုတ်အဆွဲနည်းလို့ဈေးကျ    ပဲတီစိမ်းကြီး အရည်အသွေးမိုျးစုံကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန်ဝယ်လက် ကလည်းလက်ရှိပေါက်ဈေးထက် ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျ လာပြီး တစ်ပိဿာကို ၁ဝ၁၃ ကျပ်(တစ်တန်ကို ၆၂ဝ၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲခြမ်းပြုလုပ် ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး တစ်ပိဿာကို ၁ဝ၄၈ ကျပ်(တစ်တန်ကို ၆၄၁၇၈၄ ကျပ်)နဲ့ အရောင်းအဝယ်နည်းခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Monday, 13 Sep 2010

ဟင်္သာတမှာ မတ်ပဲဈေးကျလာ     မတ်ပဲ(ကုန်ကြမ်း)ကို ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့မြို့ခံ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  မတ်ပဲ RC ရောင်းဈေးကျနေတာရယ် Export Earning  ဒေါ်လာ ရောင်းဈေး ကျဆင်းနေတာကို အကြောင်းပြပြီးဈေးချဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝ၅ ကျပ်(တစ်တန်ကို ၇၉၉၁၆၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၃ဝဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 13 Sep 2010

လားရှိုးမှာ ပြောင်းဈေးကျပြောင်းကိုတရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များကဝယ်အားအထိုက်အလျောက်ရှိပေမယ့်လှောင်လက်ကုန်သည်တွေထံမှာပစ္စည်းလက်ကျန်နည်းနေတာ ကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာသလို အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 13 Sep 2010

 ရော်ဘာဈေးတက်သလို တေရုတ်ကားဈေးနှုန်းလည်းတက်       ရှန်ဟိုင်းကားဈေးကွက်ရဲ့ ရှေ့အလားအလာက လာမဲ့၂ နှစ်ကျော်လောက်အထိ အမြင့်ဆုံးတက်နိုင် ပြီး တရုတ်မှာ ကားရောင်းချရနှုန်း အရှိန်အဟုန်နဲ့ တိုးတက်နေ ကာ တာယာထုတ်လုပ်ရေးတွေက ကုန်ကြမ်းဝယ်လိုအားတွေလဲ တက်လာဖွယ် ရှိတယ်လို့ စာရင်းများအရ သိရပါတယ်။ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ ဖြစ်တဲ့ တရုတ်နိုင်ငံဟာ သဘာဝရော်ဘာ  သုံးစွဲမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။မော်တော်ယာဉ် လက်လီဈေး၊ အားကစားသုံးကိရိယာများနဲ့ ယာဉ်အမိုျးမိုျး ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့လက ၅၉ ရာခိုင်နှုန်းတက်ခဲ့ပြီး ၉၇၇၃ဝဝ စီးရှိခဲ့တယ်လို့ တရုတ်မော်တော်ယာဉ်နည်းပညာနဲ့ သုတေသန ဌာနခုျပ်က ပြောကြားခဲ့ပါတယ်။ တိုကိုျရော်ဘာဈေးနှုန်းက ရှန်ဟိုင်းဈေးနှုန်းကို အထောက်အကူဖြစ်စေပြီး တရုတ်ရဲ့ ဝယ်လိုအားတက်လာခြင်းကလည်း ဈေးကွက်တိုးတက်ဖို့အတွက် မျှော်လင့်ချက် ပေးနေကြောင်း မစ်ဆူဘီရှီ ကုမ္ပဏီရဲ့သုတေသန မန်နေဂျာက ပြောကြားခဲ့ပါတယ်။       ဖေဖော်ဝါရီအတွက် တိုကိုျကုန်စည်ဒိုင် ကြိုပွိုင့်ဈေးကတော့ ၁ ဒဿမ ၂ ရာခိုင်နှုန်းတက်မှာဖြစ်ပြီး မက်ထရစ် တစ်တန် ကို ၃၅၆၉ ဒေါ်လာအထိ ရောက်ရှိနေပြီး ဇန်နဝါရီလအတွက် ရှန်ဟိုင်းကုန်စည်ဒိုင်ဈေးကတော့ တစ်တန်ကို ၃၈၅၂ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။ အစိုးရက ယာဉ်ငယ်ဈေးနှုန်းအတွက် အခွန်ကို ၅ ရာခိုင်နှုန်း ကနေ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို တိုးကောက်ခံပြီး နောက်ပိုင်း တရုတ်ခရီးသည်တင်ယာဉ် ရောင်းချရနှုန်းတွေ တိုးတက်ခဲ့ပါတယ်။ တာယာထုတ်လုပ်ရေးတွေက ဝယ်လိုအားတွေ တိုးတက်လာပြီးနောက် ယခုနှစ်မှာ တရုတ်ရဲ့ ရော်ဘာတင်သွင်းမှု ၁ဝ ရာခိုင်နှုန်းလောက် တိုးတက်ဖွယ် ရှိတယ်လို့ လေ့လာသူတစ်ဦးက ပြောကြား ခဲ့ပါတယ်။ အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေကသင်္ဘောတင်ပို့မှုတွေ နှောင့်နှေး တာဟာ ဈေးနှုန်းပေါ်မှာ အကိုျးသက်ရောက်စေပြီး သွင်းကုန်ပမာဏ မက်ထရစ်တန် ၁ ဒဿမ ၈၇ သန်း တင်သွင်းဖွယ်ရှိ ကြောင်း သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ယခင်အပတ်က သိုလှောင်မှု တန်ချိန် ၂၄၇ဝ၁ တန်ရှိကြောင်းသိရပါတယ်။ သင်္ဘောဆိပ်ကမ်းတွေနဲ့ စက်မှုသိုလှောင်ရုံတွေမှာ သုံးနှစ်အတွင်း အနည်းဆုံး သိုလှောင်မှုဖြစ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ ဂျပန်မော်တော်ယာဉ်၊ ထရပ်ကားနဲ့ ဘတ်စ်ကားတွေ သြဂုတ်လမှာ လွန်ခဲ့တဲ့နှစ် အလားတူ ကာလထက် ၄၇ ရာခိုင်နှုန်း တက်ခဲ့ပြီး ၂၉ဝ၇၈၉ စီး ရောင်းချရခဲ့ကြောင်း ဂျပန်မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းက ပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။                                                       Source: Bloomberg.com, KZW

Monday, 13 Sep 2010

 မုံရွာမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းကြီးအရောင်းအဝယ်ဖြစ်    ပဲခွဲခြမ်းပြုလုပ်ရန်ဝယ်ယူနေတဲ့ ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ပဲ ကြာဆန်အတွက်ဝယ်ယူသူများက ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁ဝ၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ပုံမှန်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ဈေးကို ကြိုက်နှစ်သက်မှုမရှိလို့ အရောင်းနည်းခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကို လှောင်လက် ကုန်သည်များက လာမဲ့ကာလမှာ ဈေးကျလာမှာကိုစိုးရိမ်ပြီး အရောင်း များပေမယ့် ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၉ဝဝ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ကျပ်)နဲ့သာ အဝယ်ရှိတာကြောင့်  ယခင်အပတ်နဲ့စာရင်ဈေးကျလာပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ပဲတီစိမ်းကြီးကိုမန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပါးသလို ရောင်းတဲ့ကုန်သည်များကလည်း ဝယ်ဈေးကို မကြိုက်နှစ်သက်တာ ကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံပဲကုန်သည်များ က ဆိုပါတယ်။

Monday, 13 Sep 2010

ဘုရင့်နောင်မှာ မတ်ပဲ(RC) ရောင်းဈေးကျလာမတ်ပဲ((RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၈ဝ၄ဝဝဝ ကျပ်နဲ့ပုံမှန်အဝယ်ရှိ ပေမယ့် နောက်ပိုင်းမှာ Export earning ရောင်းဈေး ဆက်တိုက်ကျ ဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ၉-၉-၂ဝ၁ဝ နေ့တွင်  တစ်တန်ကို ၇၈၅ဝဝဝ ကျပ်အထိဈေးဆင်းသွားတဲ့အတွက် ယခင်အပတ်နဲ့စာရင် တစ်တန် ကို ၄၅ဝဝဝ ကျပ်ခန့်  ဈေးကျသွားကြောင်း  ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ၈ဝ၅ တန်ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 7 Sep 2010

မြင်းခြံဈေးကွက်               ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၉၉ဝ ကျပ် (တစ်တန်ကို ၆ဝ၆၂၆၆ ကျပ်) နဲ့အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များထံမှပစ္စည်းလက်ကျန်နည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်း ရှင်များက တစ်ပိဿာကို ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်) နဲ့ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။

Pages