Main menu

Background

Monday, 6 Sep 2010

 မူဆယ်ဈေးကွက်       ပြောင်းကို တရုတ်ဘက်က ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက် ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းတာကြောင့် ယခင်အပတ် နဲ့စာရင် ရောင်းချမှုနည်းသလို ဈေးလည်းကျနေကြောင်း သိရပါ တယ်။ ရော်ဘာကိုရောင်းတဲ့လုပ်ငန်းရှင်များ ဈေးအမြင့်မှန်းသလို တရုတ်ဘက်ကလည်း အဝယ်ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျ နေကြောင်းသိရှိရပါတယ်။

Monday, 6 Sep 2010

 မုံရွာဈေးကွက်       ပဲစင်းငုံနီကိုရန်ကုန်ဝယ်လက်ဝယ်အား အသင့်အတင့် ရှိခဲ့သလို ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်အဝယ်ရှိခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁ဝ၂၅ ကျပ် (တစ် တန်ကို ၆၂၇၆၉၉ ကျပ်) နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ် နဲ့စာရင် ဈေးငြိမ် နေကြောင်းသိရပါတယ်။ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၂၆၈ ကျပ် (တစ်တန်ကို ၇၇၆၅၁ဝ ကျပ်) နဲ့ဝယ်အားအထိုက်အလျောက် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျ နေတယ်လို့ မြို့ခံကုန်သည်များကဆိုပါတယ်။

Monday, 6 Sep 2010

 ဘုရင့်နောင်ဈေးကွက်         မတ်ပဲ(RC)ကိုသိုလှောင်ထားတဲ့ ကုန်သည်များက စတင်ဈေး ဖွင့်အရောင်းရှိသလို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက လည်း ဈေးပေးအဝယ်ရှိတာကြောင့် ၃ဝ-၈-၂ဝ၁ဝ နေ့မှာတစ်တန်ကို ၈၂၂ဝဝဝ ကျပ်ရှိရာက ၃၁-၈-၂ဝ၁ဝနေ့မှာ တစ်တန်ကို ၈၄၅ဝဝဝ ကျပ်ထိဈေးမြင့်ခဲ့ပြီးနောက်ပိုင်းမှာ မတ်ပဲ (RC) ကိုရောင်းချတဲ့ကုန် သည်ကြီးများအရောင်းများလာတာ ကြောင့် ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ကုန်သည်များက ဈေးချအဝယ်ရှိလို့ ၃-၉-၂ဝ၁ဝ နေ့မှာတစ်တန် ကို ၈၃ဝဝဝဝ ကျပ်သို့ဈေးပြန်ဆင်း ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် တော့ဈေးမြင့်နေသေးတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။

Friday, 3 Sep 2010

ပဲစင်းငုံဈေး တောက်လျှောက်ဆင်းလာ         ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန် အမြောက်အမြား ရှိနေ ပြီး ပဲခွဲစက်များနဲ့ ကုန်သည်များက အဝယ်မရှိခြင်းကြောင့် ပဲစင်းငုံ ဈေးကတော့ တောက်လျှောက် ဆင်းလာခဲ့ပါတယ်။ လက်ရှိရာသီ ပဲ အထွက်ကောင်းမယ်လို့ ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းနိုင်ဖွယ်မရှိနိုင်ခြင်းက သီးနံှ များကို ထိခိုက်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ပဲစင်းငုံ အသစ်ဟာ ဒီဇင်ဘာမှ စတင်ရိတ်သိမ်းရမှာဖြစ်ပြီး ပဲအသစ်ဝင်ချိန်ထိ ပဲလုံ  လောက်နိုင်တာ  ကြောင့် ကာလတိုအတွင်း ဈေးနှုန်းဆက်လက် လျော့ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထား ပါတယ်-

Friday, 3 Sep 2010

ပဲတီစိမ်းဈေး အဆင်းဘက်ဦးတည်လာ  အိန္ဒိယဈေးကွက်အခိုျ့ကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်လာ ပြီဖြစ်လို့ ပဲတီစိမ်းဈေးက အဆင်းဘက်ကို ဦးတည်လာခဲ့ပါတယ်။ အမြင့်ဈေးမှာ အရောင်းအဝယ်ပါးခြင်း အပြင် ပဲအသစ်များမှာလည်း အစိုဓာတ်များနေခြင်းတို့ကြောင့် အနိမ့်ဈေးနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာနဲ့ ရာဂျက်စသန်တို့မှာ ပဲအသစ်များ နေရာယူနေပြီဖြစ်ပြီး လာမယ့်ရက် များမှာ ပဲအသစ်တိုးတက် ဝင်ရောက်လာတော့မှာ  ဖြစ်ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ယခင်နှစ်က ပဲတီစိမ်းစိုက်ဟက်တာ ၁ ဒသမ ၇၁ သိန်းရှိရာမှ ယခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ ဟက်တာ ၂ ဒသမ ၉ဝ သိန်းထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေဆက်လက်လျော့ကျဖွယ်ရှိပါတယ်။ ဈေးကွက်အသီးသီး မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်- 

Friday, 3 Sep 2010

ကုလားပဲဈေး ဆက်လက်လျော့ကျ အိန္ဒိယပြည်တွင်းကုလားပဲ  လက်ငင်းဈေးကွက်များမှာ လက် ကျန် အလုံအလောက်ရှိပေမဲ့ အဝယ်မရှိတာကြောင့် ယခု တစ်ပတ် မှာလည်း ကုလားပဲဈေးဆက်လက်လျော့ကျခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်အတွင်း ယခုရာသီကုလားပဲထွက်ရှိမှုဟာ ၁ဝ ရာခိုင်နှုန်းဝန်း ကျင် မြင့်တက်ပြီး တန်ချိန် ၆၈ သိန်းခန့် ထွက်ရှိခြင်းက ရောင်းအား ကို ပိုမိုစေခဲ့ပါတယ်။ ဈေးထပ်မံကျဆင်းမယ့် မျှော်လင့်ချက်ကြောင့် လက် ရှိဈေးမှာ ဝယ်လိုအားနည်းနေတဲ့အတွက် ကာလတိုအတွင်း ဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်-

Friday, 3 Sep 2010

တစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်သတင်းသြဂုတ်လ ၁၄ ရက်မှာ အာလူးနဲ့ ကြက်သွန်နီ အပါအဝင် ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲမိုျးစုံ၊ဆန်နဲ့ဂုံျ အပါအဝင် နံှစားသီးနံှဈေးနှုန်းကတော့ ၇ဒသမ ၁ရာခိုင်နှုန်း မြင့် တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  မတ်ပဲဈေးလျော့ကျအိန္ဒိယပြည်တွင်းမတ်ပဲဈေးဟာ ယခင်တစ်ပတ်အထိ ခိုင်မာမှု ရှိနေရာမှ ယခုတစ်ပတ်မှာတော့ အကျဘက်ကိုသွားနေတာ တွေ့ ရပါတယ်။ မတ်ပဲခွဲခြမ်း အဝယ်အသင့်အတင့်ရှိပေမဲ့  မိုးရာသီ ပဲ အထွက်ကောင်းမယ့် မျှော်လင့်ချက်က ဈေးနှုန်းမြင့်တက်မှုကို ကန့် သတ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တောင် ပိုင်းက ပဲအသစ်ဝင်ရောက်မှု တိုးတက်လာတော့မှာဖြစ်ပေမဲ့ လာမယ့်သီတင်းပတ်မှာ မိုးသည်းထန် ဖွယ်ရှိခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေးစေဖွယ်ရှိပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-

Wednesday, 1 Sep 2010

စဉ်    အမိုျးအမည်            ရေတွက်ပုံ   ဈေးနှုန်း(ကျပ်)                    ပြောင်းလဲမှု                                               ယခင်အပတ်    ယခုအပတ်၁    ပဲစင်းငုံနီ                ၁ ပိဿာ            ၁ဝ၇၅    ၁ဝ၄ဝ    ၂    ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ             ၁ဝ၅၇    ၁ဝ၇၈    ၃    ကုလားပဲ(တိုင်ပေ)   ၁ ပိဿာ             ၁ဝ၂၆    ၁ဝ၄၂     ၄    ပဲတီစိမ်းသေး          ၁ ပိဿာ             ၁၃ဝဝ    ၁၂၆၃ဆက်သွယ်ရန် ဖုန်း -၀၆၂-၂၁၅၅၆ပခုက္ကူဈေးကွက်ဒီတစ်ပတ်ပခုက္ကူဈေးကွက်တွင် ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီသာ အရောင်းအဝယ်အနည်းငယ်ရှိခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းသေး ကို အရည်အသွေးပေါ်မူတည်ပြီး မန္တလေးဝယ်လက်က တစ်ပိဿာ ကို ၁၂၆၃ ကျပ် (တစ်တန်ကို ၇၇၃၄၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရောင်းတဲ့ကုန် သည်များက အရောင်းများသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိ ဿာကို ၁ဝ၄ဝ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ အဝယ်ရှိခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။       

Wednesday, 1 Sep 2010

စဉ်    အမိုျးအမည်    ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)                 ပြောင်းလဲမှု                                           ယခင်အပတ်    ယခုအပတ် ၁    ပြောင်း             ၁ ပိဿာ               ၄ဝဝ    ၃၈ဝ     ၂    ပဲပုပ်                ၁ ပိဿာ                ၉၂၅    ၉၂၅      ၃    ပြောင်း(သစ်)    ၁ ပိဿာ                 ၃၇ဝ    ၃၆ဝဆက်သွယ်ရန် ဖုန်း -၀၈၁-၂၄၈၉၅    တောင်ကြီးဈေးကွက်      ပြောင်းကို မန္တလေးဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းတဲ့ကုန်သည်များက အရောင်းများနေ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေပြီး တစ်ပိဿာကို ၃၈ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၆၅ဝဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။ ပြောင်း (သစ်)က ဈေးကွက်မှာ တစ်ပိဿာကို ၃၆ဝ ကျပ်နဲ့ဈေးဖွင့်ထားပေမယ့် မန္တလေး ဝယ်လက်က အဝယ်အေးနေတယ်လို့ သိရပါတယ်။

Wednesday, 1 Sep 2010

   စဉ်    အမိုျးအမည်        ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                                   ယခင်အပတ်    ယခုအပတ်   ၁    ကုလားပဲ(တိုင်ပေ)    ၁ ပိဿာ          ၁ဝ၁၆    ၁ဝ၂၆       ၂    ပဲစင်းငုံနီ                ၁ ပိဿာ          ၁၁၂၅    ၁ဝ၅ဝ       ၃    ပဲတီစိမ်းသေး           ၁ ပိဿာ           ၁၄၂၁    ၁၃၆၈ဆက်သွယ်ရန် ဖုန်း ၀၆၃-၂၃၆၅၅    မကွေးဈေးကွက်ဒီတစ်ပတ်မကွေးဈေးကွက်မှာ ပဲတီစိမ်းသေးကို ရန်ကုန်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၃၆၈ ကျပ် (တစ်တန်ကို ၈၃၇၇၄၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ(တိုင်ပေ)ကို ပဲခွဲစက်လုပ်ငန်းရှင် များက ဝယ်အား  အထိုက်အလျောက်သာရှိခဲ့ပြီး တစ်ပိဿာကို ၁ဝ၂၆ ကျပ် (တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့  အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages