Background
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်) တွေ ဈေး ကွက်ထဲအဝင်လှိုင်လာသလို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်ကုန် သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၇၅ ကျပ် (တစ် တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များက အဝယ်သွက်လာ သလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများ တာ ကြောင့် ဈေးကွက်မှာ အရောင်းအဝယ်လှုပ်လှုပ်ရှားရှားဖြစ်လာတယ် လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လတ်တလော အရောင်းအ ဝယ်ဖြစ်နေတဲ့ဈေးတွေက နှမ်းနီတစ်ပိဿာ ၂၃၂၅ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၅၃၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၅၆၀ ကျပ်၊ နှမ်းနက် စမုံတစ်ပိဿာ ၂၈၂၅ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)တွေ ဈေး ကွက်ထဲဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ သိုလှောင်မည့် ကုန်သည် တစ်ချို့ကလည်း ပဲဈေးကောင်းလာမလားဆိုပြီး အဝယ် လိုက်လာတာကြောင့် ဈေးကွက်မှာ ငုံနီနေ့စဉ်ရက်ဆက်အရောင်းအ ဝယ်ဖြစ်နေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ယခင်အပတ်တွေက ရန်ကုန် ဝယ်လက်နဲ့ လှောင်လက်အချို့ရဲ့ ဝယ်လိုအားက ရက်ခြားသာရှိရာမှ ဒီတစ်ပတ်မှာ နေ့စဉ်ရက်ဆက်အရောင်းအဝယ် ပုံမှန်ရှိလာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ပဲကဈေးကွက်သို့ ဝင်ရောက်မှုတိုးလာ တယ်။ ဝယ်လက်တွေလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်လိုအား များလာတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း များလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၄၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
* မတ်ပဲကို အိန္ဒိယဝယ်လက်နဲ့ ပြည်တွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ * ပဲစင်းငုံနီ(သစ်) တွေ နယ်စုံမှာ အရောင်းအဝယ်ဖြစ်မှုများလို့ ဈေးအနည်းငယ်မာ * ပဲတီစိမ်းကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ * ပြောင်းကို တရုတ်နဲ့ အစာစပ်များ ဝယ်လိုအားများ * နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိ
မူဆယ်ဈေးကွက်မှာ ပြောင်းအရောင်းအဝယ်ပြုလုပ်တဲ့ ကုန် သည်ကြီးများက တရုတ်နှစ်ကူူးပွဲတော်နီးကပ်လာ လို့ ဈေးကွက် လာ ရောက်မှုနည်းသွားတယ်လို့ သိရပါတယ်။ ဈေးကွက်မှာ ပြောင်းကို ရောင်းလက်များ အရောင်းများပေမယ့် တရုတ်ဝယ်လိုအားလျော့ သွားတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင်အပတ် နဲ့စာရင် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်ပတ်အတွင်း မက်တန် ၁၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်နေသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိနေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၁၁၈၇၃၉၃ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှစ်ကူးနီးလာလေလေ ဝယ်လိုအားကလည်း များလာတယ်။ ဒါ ကြောင့်ရောင်းလက်တွေကလည်း ဝယ်လိုအားကောင်းလာတဲ့အခါ မှာ ပိုပြီးအရောင်းများလာ တာလို့ ဒေသ ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)တွေ တောင်ကြီးဒေသအနီးတစ်ဝိုက်မှ ဈေးကွက်ထဲ စတင်ဝင်ေ ရာက်လာ ပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးနဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် ဝင် ရောက်မှုနည်းသေး တာကြောင့် အရောင်းအဝယ်အနည်းငယ်သာရှိ ခဲ့တယ်လို့ဆိုပါတယ်။ ဒေသထွက် ပြောင်းကို ရန်ကုန်-မန္တလေးအဆွဲ ထက် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပိုများလာ ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို အနိမ့်ဆုံး ၃၄၀ ကျပ်မှ အမြင့်ဆုံး ၃၄၅ ကျပ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတဲ့ပန်းနှမ်း ကတော့ ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ လည်း လျော့နည်းသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၈၅ ကျပ်ဈေးနဲ့ တစ်ပတ်လုံးမှ ပိဿာချိန် ၅၅၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ နေ့စဉ်အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိသလောက် ပုံမှန်အဆွဲရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ(သစ်) ကဈေးကွက်သို့ အဝင်နည်းသေးတယ်။ လက်ကျန်ပဲဟောင်းတွေက လည်း အထိုက်အလျောက် ကျန်သေးတယ်။ ဒါပေမယ့် ဝယ်လက် တွေက ပဲဟောင်းရော ပဲသစ်ပါ အဝယ်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ(သစ်)တစ်ပိဿာ ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)၊ မတ်ပဲ(ဟောင်း) ကတစ်ပိဿာ ၆၇၀ ကျပ်(တစ်တန်ကို ၄၁၀၃၀၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက် ကို အိတ် ၄၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC) ကိုအိန္ဒိယ အဆွဲ အနည်းငယ်ပြန်လိုက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ ကုန်စည်ဒိုင်အတွင်း မှာတော့ ပဲအရောင်းအဝယ်မဖြစ်ဘဲ ကုန်စည်ဒိုင်ပြင်ပဈေးကွက်တွင် သာ တစ်တန်ကို ၄၅၀၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဈေးကွက် အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ(သစ်)ကို ပြည်ပအဆွဲ မသွက်သေး ဘဲ ပြည်တွင်းေ လှာင်လက်သမား များက ဈေးကွက်မျှော် လင့်ချက်နဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်တန်ကို ၅၂၅၀၀၀ ကျပ်ဈေးနဲ့ ကုန်စည် ဒိုင်ပြင်ပဈေး ကွက်မှာ နေ့စဉ် အရောင်းအဝယ်ရှိနေတယ်လို့ သိရပါ တယ်။
လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ဝင်ရောက်မှုပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း နှစ်ကူးပွဲတော် မတိုင်မီ ဝယ်အား သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိÕဿာ ကို ၄၁၄ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁၃၅၇၅၅၈ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြာင်း သိရပါတယ်။