Background
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေး များမှာ ဈေးအတက်အကျသိပ်မရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သ မားများက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေး နဲ့တစ်ပတ်ကို အိတ် ၁၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ် လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၀၇၀ ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၁၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ က ပြည် အနီးတစ်ဝိုက်မှ နေ့စဉ်အဝင်ရှိပေမယ့် ဝင်ရောက်မှု ပမာဏနည်းသေးတယ်လို့သိရပါတယ်။ ဒါပေမယ့် နေ့စဉ် အဝင်ရှိသ လောက်တော့ ရန်ကုန်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ကို ၈၁၀၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်နဲ့ မန္တလေးဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိသလို နှမ်း မျိုးစုံကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်များက ဝယ် လိုအားလျော့ သွားတယ်လို့ ဈေးကွက်မှသိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ ဝင်အားပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ် လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူ မှုတွေရှိနေ သလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့အရောင်းနည်းတာကြောင့် အရောင်းအ၀ ယ်ဖြစ်မှု ပမာဏတွေ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ်ပိဿာ ၁၀၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲ (ထိုင်ဝမ်) ကိုလည်း ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေသာ တစ် ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀ ခန့်သာဝယ်အားရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီကို ပြည်ပအဆွဲမသွက်သေး ဘဲ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်တွေကသာ ဝယ် အားအနည်းငယ်သာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်များက ဝယ် အားပုံမှန်ရှိ တာကြောင့် နှမ်းဖြူနဲ့ နှမ်းနက် (စမုံ)ဈေးစွာလာပေမယ့် နှမ်းနီနဲ့ နှမ်းနက်ကတော့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်ဖြစ် မှုက နှမ်းဖြူတစ်ပိဿာ ၂၂၈၉ ကျပ်၊ နှမ်းနက်(စမုံ)တစ်ပိဿာ ၂၈၀၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၁၁ ကျပ်နဲ့ နှမ်းနက်တစ်ပိဿာ ၂၄၄၅ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။
ဘုရင့်နောင်ဈေးကွက်မှာ ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လို သော ကုန်သည်ကြီးများ ပုံမှန်ဈေးကွက်သို့ လာရောက်ကြပြီး ဈေး ကွက်နဲ့ ဈေးနှုန်းအခြေအနေကို လေ့လာစောင့်ကြည့်နေတယ်လို့ ဈေးကွက်မှ သိရပါတယ်။ လတ်တလောမတ်ပဲကို အိန္ဒိယအဆွဲအေး နေပေမယ့် ကုန်စည်ဈေးကွက်ပြင်ပမှာတော့ ပဲအရောင်းအဝယ်နေ့ စဉ်အနည်းငယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီ(သစ်) က တော့ ပြည်တွင်းေ ဈးကွက်အသီးသီးမှာ ဝင်ရောက်မှုတွေတိုးလာပေ မယ့် ပြည်ပအဝယ်မသွက်သေးဘဲ ပြည်တွင်းကုန်သည်များနဲ့ လှောင် မည့်သူများ က အဝယ်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိပေါက်ဈေး အနေနဲ့ တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)မှ တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးအတွင်း မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ ပစ္စည်းအဝင် များနေသလို တရုတ်ဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ ပြောင်းက ရောင်းသူဈေးကွက်မဟုတ်ဘဲ ဝယ်သူဈေးကွက်အတိုင်း ဖြစ်နေလို့ ရောင်းသူကုန်သည်များအနေနဲ့ ထိန်းပြီး ရောင်းနေရတယ် လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ကတော့ တစ် ပတ်အတွင်း မက်တန် ၁၅၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် ဟင်္သာတဒေသ အနီးတစ် ဝိုက်မှ ပဲလွန်းဖြူ(သစ်)တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၈၆၅ ကျပ် (တစ်တန်ကို ၅၂၉၇၁၇ ကျပ်) ဈေးနဲ့ ဈေးဖွင့်ခဲ့သလို ရန်ကုန်ဝယ်လက်ကလည်း စတင်အဝယ်ရှိနေ ပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကတော့ ရောင်း သူကုန်သည်တွေထံမှ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ် လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲ(သစ်)ဒေသအခေါ်ခြံပဲကတော့ ဈေးကွက်ထဲကို ဇန်န ဝါရီတတိယပတ်မှာ စတင်ဝင်ရောက်တော့မယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်အဆွဲသွက်ပြီး ပဲစင်းငုံနီ(သစ်) ကတော့ အဝင်များလာပေမယ့် ပြည်ပအဆွဲ သိပ်မသွက်၊ ပဲလွန်းဖြူက ပုံမှန်အရောင်းအဝယ်ဖြစ်မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်အသွက် ဆုံးက ပဲတီစိမ်းကြီးဖြစ်ပြီး ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲ စင်းငုံနီကတော့ ပြည်ပအဆွဲမသွက်သေးဘဲ ပြည်တွင်းကုန်သည်အ ချင်းချင်းသာ အရောင်းအဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒါ့အပြင် ပဲလွန်းဖြူကိုတော့ တရုတ်ဝယ်လက်က အရည်အ သွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ကရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်ရှိနေပေမယ့် ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်တော်တော်လေးနည်း သွားပြီလို့ သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်ပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲသို့ဝင်ရောက် လာတဲ့ ပဲစင်းငုံနီ(သစ်)ကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ရန်ကုန် ဝယ်လက်အဝယ်နည်းပြီး မြို့ခံကုန်သည်များကသာ ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အရည်အသွေးညံ့တဲ့ ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက ဈေး နှိမ်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အဆွဲပုံမှန်ရှိတဲ့ ပဲလွန်းဖြူက ဈေးကွက်မှာ သူ့ဈေးနဲ့သူ အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၈၆ ကျပ် (တစ်တန်ကို ၆၆၃၂၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ နှမ်းဈေးကွက်ဟာ နယ်စုံမှ အဝင်လှိုင်နေ သလိုပြည်ပဝယ်လက်နဲ့ ဒေသခံဆီစက်သမားတွေ ဝယ်အားပုံမှန်ရှိ လို့နေ့စဉ်အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၂၂၂ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၀၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၈၉ ကျပ်၊ နှမ်းနက်စမုံတစ်ပိ ဿာ ၂၇၇၈ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၄၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲစင်းငုံနီကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ဝယ်လက်တွေအဆွဲသိပ် မသွက်သေးဘဲ မြို့ခံကုန်သည်တွေအချင်းချင်းသာ အဝယ်ရှိလို့ နေ့ စဉ် အရောင်းအဝယ်ခပ်ပါးပါးသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်ဖြစ်ခဲ့တယ်လို့ဈေး ကွက်အတွင်း မှသိရပါတယ်။ ဒေသထွက် ပဲတီစိမ်းသေးကို ဝယ်လက် တွေက ဈေးအတက်အကျနဲ့ ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၁၀၉၄ ကျပ်(တစ်တန်ကို ၆၆၉၉၅၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေ သတွင်းပဲခွဲစက်များက ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၂၀ ကျပ် (တစ်တန်ကို ၄၄၀၉၂၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း)နဲ့စာရင် ပဲစင်းငုံနီ(သစ်)ကိုသာ ဝယ်လက်တွေက ပြည်ပဈေးကွက် အပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(သစ်) တွေက ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ကံမမြို့များမှ ဝင်ရောက်မှုများလာသလို မန္တလေးဝယ်လက်ကလည်း ဝယ်လိုအား များခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(ဟောင်း)က ရောင်း သူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် အထိုက်အလျောက်ရှိပေ မယ့် ဝယ်လက်တွေက ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲစင်းငုံနီ(သစ်) ကိုသာ ဝယ်အားရှိနေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ ပဲစင်းငုံနီတစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကို ရန်ကုန် ဝယ်လက်နဲ့ မန္တလေးဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဝယ်အား အထိုက်အလျောက်သာရှိခဲ့တယ်လို့သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၅၃ ကျပ် (တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းမျိုးစုံကို မန္တလေးဝယ်လက်နဲ့ ဒေသ တွင်းဆီစက်သမားများက အဝယ်စုံညီစွာနဲ့ နေ့စဉ်အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ် ပိဿာ ၂၂၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၁၁ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၅၁၁ ကျပ်၊ နှမ်းနက်စမုံ ၂၆၉၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
* မတ်ပဲကို ပြည်ပအဆွဲအေးပြီး ဒေသခံခွဲစက်တွေက ဝယ်အားပုံမှန်ရှိနေ * ပဲစင်းငုံနီ(သစ်) ဝင်ရောက်မှုများပေမယ့် ပြည်ပအဆွဲ သိပ်မသွက်ဘဲ ပြည်တွင်းကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ဖြစ် * ပဲတီစိမ်းနယ်စုံမှ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် အဆွဲသွက် * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) လက်ကျန်နည်းပေမယ့် အရောင်းအဝယ် ပုံမှန်ရှိနေ * ပြောင်း အဝင်လှိုင် တရုတ်နဲ့ဒေသတွင်း အစာစပ်သမားများအဝယ်ဆုံး * သိပ္ပံနှမ်းနဲ့ နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များ ဝယ်အားသွက်