Main menu

Background

Monday, 21 Jan 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံအရောင်းအဝယ် ပြုလုပ်လိုသော ကုန်သည်ကြီးတွေလာရောက်မှုမှာ နည်းပါးသွားသ လို မတ်ပဲနဲ့ ပဲစင်းငုံနီကလည်း ပြည်ပအဆွဲသိပ်မသွက်သေးဘဲ ပြည် တွင်းကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ ဒီရက်အတွင်းကုန်သည်တွေအလာနည်းတယ်။ အဓိကအ ကြောင်းကတော့ ယာဉ်ကြောတွေ မကြာခဏပိတ်ဆို့တာရယ်၊ အ ရင်ပဲအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တချို့က ဆီအရောင်းအဝယ် ကားအရောင်းအဝယ်တွေ ပြောင်းလုပ်တာရယ်၊ ငွေကြေးမလည်ပတ် တာရယ်ကြောင့် အခုလိုကုန်စည်ဒိုင်ကို လာရောက်မှုနည်းသွားတယ် လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ မတ်ပဲ (RC) က ကုန်စည်ဒိုင် ထဲမှာ အရောင်းအဝယ်မဖြစ်ဘဲ အပြင်ဈေးကွက်မှာဘဲ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  မတ်ပဲက ရောင်းလက်တွေဆီမှာ ပစ္စည်းလက်ကျန်နည်းလာပြီး အိန္ဒိယဘက်မှာလည်း ဈေးကျလာသ လို ပြည်တွင်းဈေးကွက်မှာလည်း ဈေးကအကျဘက်မှာရှိနေတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေတဲ့ဈေးက တစ်တန်ကို ၄၉၀၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ပဲစင်း ငုံနီ (RC) သစ်ကိုရောင်းလက်များက တစ်တန်ကို ၅၁၂၀၀၀ ကျပ် ဈေးပတ်လည်နဲ့ ရောင်းချလိုပေမယ့် ဝယ်လက်တွေက တစ်တန်ကို ၅၀၀၀၀၀ ကျပ်ဈေးဘဲပေးတာကြောင့် ဈေးညှိမရလို့ အရောင်းအဝယ် မဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 16 Jan 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)နဲ့ နှမ်းနက် သာပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲမျိုးစုံ က ဈေးသာရှိပြီး အရောင်း အဝယ်အေးေ နတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်)တွေ ပခုက္ကူ နယ်တစ်ဝိုက် မှ ဈေးကွက်ထဲဝင်ရောက်မှုတိုးလာပေမယ့် ပြည်ပအဆွဲ အေးနေတဲ့အပေါ် ရန်ကုန်ဝယ်လက်က တွက်ချက်ဝယ် ယူမှုတွေရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှမ်းနက်ကိုလည်း ရန်ကုန်- မန္တလေးဝယ်လက်က တစ်ပိဿာကို ၂၄၃၃ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၆၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။

Wednesday, 16 Jan 2013

တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်အ နည်းငယ်လျော့ပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံအစာစပ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၂၅ ကျပ်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဈေးကွက် သို့အဝင်ပုံ မှန်ရှိတဲ့ ဒေသထွက်ပန်းနှမ်းကိုလည်း ဒေသခံဆီစက်လုပ် ငန်းရှင်များက တစ်ပိဿာကို အနိမ့်ဆုံး ၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၂၀ ကျပ်အတွင်း တစ်တန်ကို အိတ် ၁၀၀၀ ခန့်အရောင်း အဝယ် ဖြစ်ခဲ့တယ် လို့ ဒေသခံ ကုန်သည်တစ်ဦးကဆိုပါတယ်။

Wednesday, 16 Jan 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီနဲ့ ပဲတီစိမ်းအရောင်း အဝယ်သွက်ပြီး မတ်ပဲ၊ ပဲယင်း၊ ပဲလွန်းဖြူ၊ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆို ပါတယ်။ ဒါ့အပြင် နှမ်းမျိုးစုံကိုလည်း တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ဆီစက်များက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ တာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ဆိုပါ တယ်။ မန်းဈေးကွက်ထဲမှာ ပဲစင်းငုံနီ (ဟောင်း)နဲ့ စာရင် ပဲစင်းငုံနီ (သစ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်များက ဝယ် အားများခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အခုဝင်လာတဲ့ပဲတွေ ကအရည်အသွေးကောင်းတယ်လေ။ ဒါကြောင့် ဝယ်လက်တွေက ဈေးပေးအဝယ်ရှိလို့ အခုလို ဈေးတွေအနည်းငယ်မြင့်လာတာလို့ ပဲ အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၆၇ ကျပ်(တစ်တန်ကို ၅၃၀၉၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ် ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်မှာနေ့စဉ် လှုပ်လှုပ်ရှားရှားနဲ့ အ ရောင်းအဝယ်သွက်နေတဲ့ ပဲတီစိမ်းကတော့ နယ်စုံမှ ပုံမှန်အဝင်ရှိ သလို တရုတ်ဝယ် လက်ကလည်း  ဝယ်အားသွက်ပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးအတက်အကျ မရှိဘဲ ဈေးတန့်နေ တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၀ ကျပ်(တစ်တန် ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ် လက်အဝယ်အေးပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၁၇  ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲယင်းကိုတော့ တရုတ်ဝယ်လက်က ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၅၁၇ ကျပ်(တစ်တန်ကို ၃၁၆၆၀၅ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အ ပြင် ပဲလွန်းဖြူကိုလည်း တရုတ်ဝယ်လက်အဆွဲပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၁၀၈၃ ကျပ်(တစ်တန်ကို ၆၆၃၂၁၈ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲအေးပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားများခဲ့တယ် လို့ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ကုလားပဲ က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းေ နပေမယ့် ရောင်းလက်ေ တွက ဈေးကောင်း ရရင် ရသလို ထုတ်ရောင်းမှုတွေရှိနေသလို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ် စက်တွေကလည်း ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများ လို့ အခုလို အရောင်းအဝယ်ဖြစ်မှုပမာဏတွေ ပိုများလာတာလို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲ ဖြူလုံးကြီးတစ်ပိဿာ ၈၅၆ ကျပ်(တစ်တန်ကို ၅၂၄၂၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေး နဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 16 Jan 2013

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ဝင် ရောက်မှုအားကောင်းနေသလို တရုတ်အဆွဲကလည်း သွက်နေတယ် လို့ဈေးကွက်မှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပိဿာ ကို ၃၇၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၉၉၇၄၉၀ ခန့် ဖြစ်ခဲ့ တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 16 Jan 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို တရုတ်ဘက်ကလည်း ဝယ်အား ပုံမှန်ရှိတာကြောင့် ဈေး ကွက်အနေအထားအရ ပြောရမယ်ဆိုရင် ဝယ်လိုအားနဲ့ ရောင်းလို အားမျှနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အ နေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၆၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Wednesday, 16 Jan 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီနဲ့ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားများလာသလို သိပ္ပံနှမ်းကိုလည်း ရန်ကုန်အဆွဲသွက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက အောင်လံ ဒေသအ နီးတစ်ဝိုက် မှ ဈေးကွက်ထဲဝင်ရောက်မှုများလာသလို ရန်ကုန် ဝယ်လက်နဲ့ လှောင်မည့်ကုန်သည်တချို့ကလည်း အရည်အသွေး အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၉၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ဈေးကွက်သဘောသဘာဝအရ ဝယ်လို အားရောင်းလိုအားမျှနေတဲ့ အနေအထား မှာရှိနေတယ်လို့ ပွဲရုံရပ် ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၁၅၀ ကျပ်(တစ်တန်ကို ၇၀၄၂၄၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါ တယ်။ ဈေးကွက်မှာလှုပ်လှုပ်ရှားရှားနဲ့ အရောင်းအ ဝယ်သွက်နေတဲ့ သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လက် ဝယ်အားများ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၈၄၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ နဲ့အထက် အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 16 Jan 2013

ဟင်္သာတဈေးကွက်မှာ ဒေသအခေါ်ခြံပဲဖြစ်တဲ့ မတ်ပဲသစ် တွေဟင်္သာတအနီးတစ်ဝိုက် မှ ဈေးကွက်ထဲ စတင် ဝင်ရောက်လာပြီး တစ်ပိဿာကို ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)ဈေးနဲ့ ဈေး ဖွင့်ခဲ့ပေမယ့် လောလောဆယ် ရန်ကုန်အဝယ်မရှိသေးဘူးလို့ ဈေး ကွက်အတွင်းမှ သိရပါ တယ်။ ဈေးကွက်မှာ လက်ရှိမတ်ပဲ (ဟောင်း) ကိုသာ ရန်ကုန်အဆွဲအနည်းငယ်ရှိခဲ့တာကြောင့် အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၁၅ ကျပ်(တစ်တန်ကို ၄၃၇၈၅၈ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသထွက် ပဲလွန်းဖြူကိုလည်း ရန်ကုန်ဝယ် လက်က ဈေးကွက်  အဝင်ရှိသလောက် ဝယ်အားရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 16 Jan 2013

*    မတ်ပဲကို အိတ်စပို့အဆွဲပါးပြီး ဒေသခံပဲခွဲစက်များသာ ဝယ်အားပုံမှန်ရှိနေ *    ပဲစင်းငုံနီ(သစ်)တွေ နယ်ဈေးကွက်အသီးသီးမှာ ဝင်ရောက်မှု များပြားလာပေမယ့် ပြည်ပအဆွဲမသွက်သေးဘဲ ပြည်တွင်းကုန်သည် အချင်းချင်းသာ ရောင်းဝယ်မှုတွေရှိနေ *    ပဲတီစိမ်း(အညာ) တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ပြည်ပအဆွဲနည်းပြီး မြို့ခံ ပဲခွဲစက်တွေသာ ဝယ်အားများနေ *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသခံ အစာစပ်လုပ်ငန်းရှင်များ ဝယ်လိုအား ပုံမှန်ရှိ *    နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်း ဆီစက်များ ဈေးပေးအဝယ်ရှိလို့ ဈေးစွာလာ

Wednesday, 16 Jan 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)က ဈေးကွက် သို့ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက် ကုန်သည်တွေကလည်း အဝင်ရှိသလောက် ဝယ်အားရှိခဲ့တယ်လို့ သိ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၀ ကျပ်(တစ် တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် စီပီပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိနေတယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၃၄၀ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၁၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages