Main menu

Background

Monday, 21 Jan 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ်  ပဲတီစိမ်းနယ်စုံမှ အဝင်နည်း လာသလို ရောင်းလက်များ ကလည်း ဈေးကွက်ေ မျှာ်လင့်ချက်နဲ့ အ ရောင်းနည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ လျော့ နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်) ကိုတော့ ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်များ က ဈေးချအဝယ်ရှိ ပေမယ့် အရောင်းအဝယ်က ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့သိရ ပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဆီစက်တွေ ဝယ်လိုအားပုံမှန်ရှိတာေ ကြာင့် ဈေးအနည်း ငယ်မြင့်လာကြောင်း သိ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၃၃၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၈၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၉၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၇၈၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။

Monday, 21 Jan 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကအရောင်းအဝယ် သွက်နေပြီး ပဲစင်းငုံနီ ကတော့ ဈေးကွက်သို့ပစ္စည်းအဝင်များတဲ့အပေါ် ဝယ်လက်တွေက ဈေးနှိမ်အဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ရောင်းလက် တွေဆီမှာ ပစ္စည်းလက်ကျန်နည်း သွားပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲလွန်း ဖြူကို တရုတ်အဆွဲပုံမှန်ရှိသလို ပဲကြီးနဲ့ ထောပတ်ပဲကိုလည်း ရန်ကုန် အဆွဲရှိခဲ့တယ်လို့ သိရပါ တယ်။ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းနက်စမုံကို တရုတ်အဆွဲသွက်လို့ ဈေးမြောက်လာသလို နှမ်းညိုကိုလည်း ဆီစက် လုပ်ငန်းရှင်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် မန်းဈေးကွက်မှာ မတ်ပဲ(သစ်) တွေဝင်လာပြီး တစ်ပိဿာကို ၇၁၇ ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းခွဲစက်တွေ အဝယ်ရှိလို့ နေ့စဉ်အိတ် ၆၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ အရည် အသွေးအလိုက် တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်က ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး(ထိပ်စ)တစ်ပိဿာ ၁၁၇၃ ကျပ် (တစ်တန်ကို ၇၁၈၃၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီ(သစ်)က မန်းဈေးကွက်သို့ နယ်စုံမှ အဝင်လှိုင်လာ တဲ့အပေါ် ရန်ကုန်ဝယ်လက်၊ မြို့ခံလှောင်လက်နဲ့ ခွဲစက်တွေ က ဈေး နှိမ်အဝယ်ရှိ တာကြောင့် ဈေးကထင်သလောက် မရသေးကြောင်း ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ(ရွှေဘို)စကိုလည်း ရန်ကုန်နဲ့ခွဲစက်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ပဲစင်းငုံနီ(သစ်)တစ် ပိဿာ ၈၆၇ ကျပ်(တစ်တန်ကို ၅၃၀၉၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ပဲစင်းငုံနီ(ရွှေဘို) စက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန် ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲ နည်းပြီး မြို့ခံပဲခွဲစက်နဲ့ အမှုန့် ကြိတ်စက်တွေကသာ ဝယ်အားပုံမှန်ရှိခဲ့ပေမယ့် ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားပြီလို့ ဈေးကွက်အတွင်းမှ သိရ ပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၃၈ ကျပ်(တစ်တန်ကို ၅၁၃၁၈၂ ကျပ်) ကုလားပဲ(ထိုင်ဝမ်)တစ် ပိဿာ ၉၀၇ ကျပ် (တစ်တန်ကို ၅၅၅၄၃၇ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူ ကို တရုတ်အဆွဲပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိလို့ တစ်ပိဿာကို ၁၀၆၇ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းဖြူ၊ နှမ်းနက်နဲ့ စမုံနှမ်းနက်ကို တရုတ်က ဈေးပေး အဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြောက်သွားတယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၆၂၂ ကျပ်၊ နှမ်းနက်စမုံ ၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ နယ်စုံမှ ဝင်ရောက်မှုများ လာသလို ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်းဆီစက် တွေရဲ့ ဝယ်လိုအားက လည်း တောက်လျောက် ရှိနေလို့ နှမ်းဈေးဆက် မာနိုင်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။

Monday, 21 Jan 2013

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့အဝင် များလာသလို တရုတ်ဝယ်လက်ကလည်း အဝယ်သွက်တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၃၈၀ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်း ပိဿာချိန် ၁၆၉၂၃၉၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန် သည်တစ်ဦးကဆိုပါတယ်။

Monday, 21 Jan 2013

တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၃၂၂ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးကဆိုပါ တယ်။ ဒေသထွက် ပန်းနှမ်းတွေကဈေးကွက်ထဲ အဝင်လှိုင်လာသလို ဒေသတွင်း ဆီစက်တွေကလည်း ဝယ်လိုအားမြင့်လာတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၃၉၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

Monday, 21 Jan 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်  သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ သွက်လာတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိ ဿာ ၂၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းပစ္စည်းလက်ကျန်နည်းနေ ပေမယ့် ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲအ ဝင်လှိုင်နေတဲ့ ပဲစင်းငုံနီ(သစ်)ကို ဝယ်လက် တွေက ဈေးလျော့အဝယ်ရှိပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန် ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 Jan 2013

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်ဈေးကွက်ထဲ  အသစ်ဝင် ရောက်လာတဲ့ မတ်ပဲသစ်နဲ့ စာရင် လက်ကျန်မတ်ပဲ (အဟောင်း) ကိုသာ ရန်ကုန်အဆွဲများခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲဝင်လာ တဲ့ မတ်ပဲဒေသ အခေါ်အဝေါ်ခြံပဲကတော့ ပစ္စည်းအဝင်နည်းသေး တယ်။ အဝင်မလှိုင်သေးဘူး။ ဒါပေမယ့် အဝင်ရှိသလောက် တစ်ပိ ဿာကို ၇၁၅ ကျပ်(တစ်တန်ကို ၄၃၇၈၅၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ကျန်မတ်ပဲ(ဟောင်း)က ရောင်းလက်တွေထံမှာ ပစ္စည်းလက် ကျန်နည်းနေပေမယ့် ရန်ကုန်အဆွဲက ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့  တစ်ပိဿာ ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲလွန်းဖြူကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်အဝယ်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒေသထွက် ပဲပုပ်က ဈေးကွက်သို့ဝင်ရောက်မှုများလာသလို ရန်ကုန်အဆွဲက လည်း အဆွဲသွက်ခဲ့တယ်လိ့ု ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်ဈေးနဲ့ တစ် ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 Jan 2013

*    မတ်ပဲကို အိန္ဒိယအဆွဲနည်းပေမယ့် ပဲခွဲစက်နဲ့ လှောင်လက်ကုန်သည်များ ဝယ်အားက ပုံမှန်ရှိနေ *    ပဲစင်းငုံနီ(သစ်)တွေ နယ်ဈေးကွက်အသီးသီးမှာ ဝင်ရောက်မှုတိုးလာပေမယ့် ပြည်ပအဆွဲ အေးနေဆဲ *    ပဲတီစိမ်းကို တရုတ်နဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့်ရန်ကုန်နဲ့ခွဲစက်တွေက ဝယ်အားပုံမှန်ရှိနေ *    ပြောင်းကို တရုတ်ဝယ်လက်က တရုတ်နှစ်ကူးမတိုင်မီ ကြိုတင်ဝယ်ယူမှုတွေရှိလို့ အရောင်းအဝယ်ဖြစ်မှုများလာ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်းဆီစက်များက ဝယ်လိုအားမြင့်လာသလို ဈေးမြောက်

Monday, 21 Jan 2013

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)က ဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ သိုလှောင်မည့် ကုန်သည် တစ်ချို့ က ဈေးချအဝယ်ရှိနေတဲ့အပေါ် ရောင်းလက်တွေက ဈေး  ကွက်မျှော်လင့်ချက်နဲ့ အရောင်းထိန်း ထားတာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ စီပီပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၅ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 Jan 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ နှမ်းနက် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း) က ရောင်းလက်တွေဆီမှာ ပစ္စည်းလက်ကျန်အထိုက်အလျှောက် ရှိ နေပေမယ့် ဝယ်လက်တွေက ဈေးကွက်ထဲဝင်ရောက်လာတဲ့ ပဲစင်းငုံ နီ(သစ်)ကိုသာ အဆွဲများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက ပဲစင်းငုံနီ(သစ်)တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရတယ်။ ပဲတီစိမ်းကိုတော့ ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အား မှန်မှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှမ်းနက်ကိုလည်း ဝယ်လက်တွေက ဝယ်အားခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၂၅၃၀ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 Jan 2013

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပြည်အနီးတစ်ဝိုက်မှ မတ်ပဲ(သစ်) တွေ ဈေးကွက်ထဲစဝင်လာပေမယ့် ဝယ်လက်တွေ က လောလော ဆယ်အဝယ်မရှိသေးကြောင်း သိရပါတယ်။ လှောင်လက်တွေဆီမှာ ကိုင်ထားတဲ့ လက်ကျန် မတ်ပဲ(ဟောင်း)ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း) နဲ့စာရင် ဈေးကွက်ထဲဝင်လာတဲ့ ပဲစင်းငုံနီ (သစ်)ကိုသာ ရန်ကုန်ဝယ် လက်နဲ့ မြို့ခံလှောင်လက်တွေက ဈေးကွက်အဝင်ရှိသလောက် အ ဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို  ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ဝင်ရောက် မှုနည်းပေမယ့် မန္တလေး-ရန်ကုန်အဆွဲကတော့ အရည်အသွေးအပေါ်  မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၁၃၀ ကျပ်(တစ်တန်ကို ၆၉၂၀၀၀ ကျပ်)ဈေး နဲ့တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။

Pages