Main menu

Background

Monday, 25 Feb 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၀ ကျပ် (တစ်တန်ကို ၆၄၄၆၃၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်လိုအားအနည်းငယ်လျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၁၀၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုး စုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဆီစက်တွေက ဝယ်အားပုံမှန် ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၂၃၂၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၆၂၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၅ ကျပ်၊ နှမ်းနက်စမုံ ၂၈၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။

Monday, 25 Feb 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်တွေက ရက်ခြားသာ အဝယ်ရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၈၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိလို့ အရောင်းအဝယ်ဖြစ်တဲ့နေ့မှာဆိုရင် တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ သလို အရောင်း အဝယ်ပါးတဲ့နေ့မှာဆိုရင် ဈေးသာရှိပြီး အရောင်းအ ဝယ်မဖြစ်ခဲ့ဘူးလို့ ဈေးကွက်အတွင်းမှသိရပါတယ်။

Monday, 25 Feb 2013

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ ဝင်ရောက်မှု ပုံမှန်ရှိသလို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က လည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာ မြင့်လာပြီး တစ်ပိဿာ ကို  ၉၆၇ ကျပ်(တစ်တန်ကို ၅၉၂၁၈၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ငုံနီက ဒီရက်ပိုင်းမှာ အဝယ်သွက်လာ တယ်၊ ရောင်းလက်တွေကလည်း တက်ဈေးမှာ အရောင်းပိုများလာတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ ပိုများလာတာလို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ မတ်ပဲကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲ ခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေ မယ့် ဈေးကအပြောင်းအလဲ မရှိဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကတော့ တရုတ်ဝယ်လက်က  ဒီရက်ပိုင်းမှာ ဝယ်အားက ပုံမှန်ထက်စာရင် အနည်းငယ်လျော့သွားသလို ဈေးလည်းတန့်နေတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၀၉ ကျပ်(တစ်တန်ကို ၇၄၀၃၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်ပဲလွန်းဖြူကို တရုတ် ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီး တစ်ပိဿာကို ၉၀၅ ကျပ်(တစ်တန်ကို ၅၅၄၂၁၂ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုး စုံကို တရုတ်ဝယ်လက်အဝယ် နည်းနည်းအေးသွားပေမယ့် ဆီစက် လုပ်ငန်းရှင်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၅၅၆ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၈၈၅ ကျပ်နဲ့ နှမ်းညိုတစ်ပိဿာ ၂၁၇၈ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 25 Feb 2013

မူဆယ်ဈေးကွက်မှာ တရုတ်နှစ်ကူးအပြီး ပြောင်းအရောင်းအ ဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးတွေ လာရောက်မှုမှာ ပုံမှန်ထက် စာရင်နည်းပေမယ့် ပြောင်းကအရောင်းရော အဝယ်ပါသွက် လာတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပတ်အ တွင်း ပြောင်းမက်တန် ၇၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Feb 2013

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်စီပီပြောင်းကို ရန်ကုန်အဆွဲ ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၄၄၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။

Monday, 25 Feb 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်တွေက ဈေးကွက် မှာ အပြိုင်အဆိုင်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၈၀ ကျပ် (တစ်တန်ကို ၆၀၀၁၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကို ရန်ကုန် ဝယ်လက်နဲ့ ဒေသခံခွဲစက်များက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက် သို့ ပစ္စည်းအဝင်နည်းနေသေးတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 25 Feb 2013

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်က လည်း ဈေးပေးအဝယ်ရှိ သလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေး နဲ့တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ စီပီပြောင်းက ဈေးကွက်သို့ဟင်္သာတ နယ်အနီးတစ်ဝိုက်မှ စတင်ဝင်ရောက်နေပြီး တစ်ပိဿာကို၄၀၀ ကျပ် နဲ့ဈေးဖွင့်အရောင်းရှိနေသလို ရန်ကုန်ဝယ်လက်ကလည်း အရည်အ အသွေးအပေါ် မူတည်ပြီး ဝယ်အားရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း အဝင်နည်းနေသေးကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်ကိုတော့ ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်း လက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
 

Monday, 25 Feb 2013

*    မတ်ပဲကို အိန္ဒိယအဆွဲနဲ့ ပြည်တွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့    ဈေးအနည်းငယ်မြင့်လာ *    ပဲစင်းငုံနီ(သစ်) က နယ်စုံမှာ ဝင်ရောက်မှုတိုးလာသလို အရောင်းအဝယ်လည်းသွက်နေတာကြောင့် ဈေးကွက်တိုင်းမှာ ဈေးမြောက်လာ *    ပဲတီစိမ်းကို တရုတ်ဝယ်အားပါးလို့ ဈေးတန့် *    ပြောင်းကို တရုတ်နှစ်သစ်ကူးအပြီး ဝယ်အားများလို့ ဈေးစွာလာ *    နှမ်းမျိုးစုံကို တရုတ်အဆွဲနဲ့ ဆီစက်တွေ ဝယ်အားပုံမှန်ရှိနေ

Monday, 25 Feb 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်  ပြောင်း ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များကလည်း ဝယ်လိုအားများလာတာကြောင့် ယခင်အ ပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၃၀ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်းပိဿာချိန် ၄၀၀၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒေသထွက်ပန်းနှမ်းကတော့ ရောင်းလက်တွေဆီမှာ ပစ္စည်း လက်ကျန်နည်းနေပေ မယ့် ဒေသတွင်းဆီစက်လုပ်ငန်းရှင်တွေ ဝယ် အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၁၁၈၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 25 Feb 2013

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်နှစ်ကူးအပြီးမှာ တရုတ် ဝယ်လက်က ဝယ်လိုအားမြင့်လာ တာကြောင့် ဈေး ကအမြင့်မှာရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၅၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၀၉၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ ပြောင်းဈေးေ ကာင်း ပေးဝယ်တဲ့ အချိန်မှာ ရောင်းလက်တွေ က ရောင်းလိုအားများတာ ကြောင့် အခုလို အရောင်း အဝယ် ဖြစ်မှုပမာဏတွေ တိုးလာတာလို့ သိရပါတယ်။

Pages