Main menu

Background

မွေးမြူရေးနှင့် ရေလုပ်ငန်း

လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

Tue, 12/03/2024 - 15:50 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက် ငါးဈေးတွင် နိုဝင်ဘာ၂၆ ရက်တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ကျပ် ၆၅၀ဝ မှ အမြင့်ဆုံး ကျပ် ၈၅၀ဝ၊ ငါးကြင်းတစ်ပိဿာ ကျပ် ၇၀ဝ၀ မှ ၁၄၀ဝ၀၊ ငါးသလောက် တစ်ပိဿာ ကျပ် ၁၆၀ဝ၀ မှ ၆၀ဝ၀ဝ၊ ငါးခေါင်းပွ တစ် ပိဿာ ကျပ် ၅၅၀ဝ မှ ၈၀ဝ၀၊ ငါးဘတ် တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၃၀ဝ၀ဝ၊ ကကတစ် တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ၂၂၀ဝ၀၊ ငါးနုသန်း တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၁၈၀ဝ၀၊ ငါးခူတစ်ပိဿာ ကျပ် ၅၀ဝ၀ မှ ၁၈၀ဝ၀၊ ငါးကျည်း တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၂၀ဝ၀ဝ၊ ငါးဖီးမ တစ်ပိဿာ ကျပ် ၆၀ဝ၀ မှ ၈၀ဝ၀၊ ငါးမုတ် တစ် ပိဿာ ကျပ် ၅၀ဝ၀ မှ ၉၀ဝ၀၊ ငါးတန်(မြစ်) တစ်ပိဿာ ကျပ်

စီးပွားဖြစ်ရေငန်ပုဇွန်အသားတိုးမွေးမြူနည်း

Mon, 09/11/2023 - 14:18 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
၄။ ရေရရှိမှု(Water Supply)
စီးပွားဖြစ်    ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သောအရာမှာ ရေဖြစ်သည်။ ရေငန်ရရှိနိုင်မှုမှာ အဓိကဖြစ်ပြီး ရေချိုရရှိနိုင်မှုမှာ ဒုတိယဖြစ်သည်။     ပင်လယ်ရေငန်ကို ရေငန် ဝင်ရောက်ရာမြစ်များ၊ ချောင်းများ၊  မြစ်ချောင်းလက်တက်များ၊ တူး မြောင်းများနှင့် ပင်လယ်ကမ်းစပ်ဒေသရှိ  ရေပြင်များမှ တိုက်ရိုက် ဆက်သွယ်ရယူနိုင်ပါသည်။

စနစ်သစ် အသားတိုးဝက်မွေးမြူရေးလုပ်ငန်း၏ ဈေးကွက်ရရှိမှုနှင့် အလားအလာကောင်းများ

Mon, 07/31/2023 - 12:54 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ် တာဝန်ခံ ဦးပိုးဖြူပိုင် မင်းနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ထူးထက် ဟန်ကုမ္ပဏီ၏ ဝက်အသားတိုးမွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာ ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဈေးကွက်ရရှိနိုင်မှုနှင့် စားသုံးသူများ၏ လိုအပ် ချက် ဖြည့်ဆည်းနိုင်မှုများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထူးထက် ဟန်ကုမ္ပဏီ၏ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းသည် သန့်ရှင်းလတ်ဆတ် မှုရှိပြီး  စားသုံးသူအတွက် ဘေးကင်းစွာ စားသုံးနိုင်မှုနှင့် ဈေးကွက်ရရှိမှု အလားအလာကောင်းများကို တွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Mon, 07/31/2023 - 12:47 -- journal_editor

ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ မြင့်တက်လျက် ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမိုများပြားလာကြောင်း သိရှိရသည်။
ဘဲသည် ကြက်ကဲ့သို့ မဟုတ်ဘဲ မွေးမြူရ လွယ်ကူသည့် အပြင် မိုးရာသီဖြစ်သည့်အလျောက် ၎င်းတို့၏ သဘာဝအစား အစာဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊  တီကောင် စသည်တို့ ပိုမိုပေါများသည့်အတွက် ကုန်ကျစရိတ် သက်သာ ကြောင်း သိရှိရသည်။

စီးပွားဖြစ် ဆိတ်မွေးမြူလိုသူများအတွက် ဆိတ်မွေးမြူရေးနည်းစနစ်အမျိုးမျိုး

Mon, 06/05/2023 - 13:59 -- journal_editor

ဆိတ်မွေးမြူရေးတွင် ခြံလှောင်စနစ်၊ တစ်ဝက် လွှတ်ကျောင်း စနစ်၊ လွှတ်ကျောင်းစနစ်၊ ကြိုးချည်ခြင်း(သို့)အပြင်ထုတ်ချည် မွေးမြူ ခြင်းစနစ်၊ ဆိတ်မွေးမြူရေးနှင့် ှဗွှူ(ခေါ်) တောင်စောင်းစိုက်ပျိုး ရေး ပူးတွဲခြင်းဟူ၍ရှိကြသည်။ မွေးမြူရေးလုပ်ငန်းများတွင် ဆိတ် မွေးမြူရေးကို  အစာကုန်ကျစရိတ်  အနည်းဆုံးနှင့် မွေးမြူနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု နည်းပါးစွာဖြင့် ပြု လုပ်နိုင်ပြီး အချိန်တိုအတွင်း ကောင် ရေ တိုးပွားနိုင်သဖြင့် ဝင်ငွေရရှိမှု လျင်မြန်သည်။ဆိတ်ကနေ အသား၊ နို့၊အမွေးနှင့်သားရေကို ရရှိသည်။ ထို့ပြင်  ဆိတ်မှရရှိသည့် ဆိတ် ချေးမှာလည်း အလွန်အသုံးဝင်သော သဘာဝမြေသြဇာဖြစ်သည်။

ဧရာဝတီထွက်မျှင်ငါးပိ

Fri, 12/09/2022 - 14:35 -- journal_editor

ဖျာပုံမြို့နှင့် နောက်မီးကျေးရွာသည် ကားလမ်း ၃၈မိုင် ကွာဝေးသည်။ ပင်လယ်ပိုင်းဒေသဖြစ်သော နောက်မီးကျေးရွာသည်  မျှင်ငါးပိလုပ်ငန်းကို အဓိက အားထားလုပ်ကိုင်ကြသူများဖြစ်သည်။  လုပ်ငန်းရှင်တစ်ဦးလျှင် ငါးဖမ်းရေယာဉ် အနည်းဆုံး နှစ်စီးမှ ငါးစီးထိရှိပြီး ရေယာဉ်တစ်စီးတွင် ပင်လယ်ထွက် ဝါးဖောင်ရှစ်ဖောင်ရှိသည်။ မျှင်ငါးပိကြတ်ခွဲထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်သမား ၇၀ မှ ၁၀ဝ ကျော်ရှိကြသည်။ မြန်မာပြည်တွင်း မြို့နယ်အသီးသီးသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသော  မျှင်ငါးပိသည် နောက်မီးကျေးရွာနှင့် ကဒုံကနိကျေးရွာတို့မှ ထွက်ရှိကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းဖြင့် ဝင်ငွေရနေ

Tue, 11/01/2022 - 14:49 -- journal_editor

မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို   တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။     လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု  ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။
"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ  ဦးသန်းထိုက်က ပြောသည်။

မြန်မာ့ရေထွက်ပို့ကုန်မှ ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ရရှိ

Fri, 10/09/2020 - 14:03 -- journal_editor

မြန်မာနိုင်ငံ ရေထွက်ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ၆၆၉၆၈၅ ဒသမ ၂၉၁ ကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိခဲ့ သည်။ ရေထွက်ကုန်တင်ပို့မှုပမာဏနှင့် တန်ဖိုးမှာ စံချိန်တင်အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပို့ကုန် မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄ ကို တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ  ၂၅၇ သန်း ရရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ် တန် ၈၆၀ဝ၈ ဒသမ  ၉၃၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၈၇၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပါသည်။        

မြန်မာ့ရေထွက်ကုန်လုပ်ငန်းကဏ္ဍတွင် ဒတ်ချ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံတော့မည်

Wed, 02/18/2015 - 20:53 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

Subscribe to RSS - မွေးမြူရေးနှင့် ရေလုပ်ငန်း