Main menu

Background

Sunday, 8 Jan 2012

    လုပ်ငန်းရှင်များအနေနဲ့ ကုမ္ပဏီဖွဲ့စည်းရာတွင် လုပ်ငန်းရည်ရွယ်ချက်များ ၁၈ မျိုးအနက် ၅ မျိုးသာ ယခင်က ခွင့်ပြုခဲ့ရာမှ ယခုအခါ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားသလို ကုမ္ပဏီသက်တမ်းတိုးကို ယခင် ၂ နှစ်အစား ၃ နှစ်သို့ တိုးမြင့်သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။

Sunday, 8 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၅၅ သန်း တန်ဖိုးရှိ ဖရဲသီး ၉၆၉၈ တန် ဒီဇင်ဘာနောက်ဆုံးအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၀၇ သန်းတန်ဖိုးရှိ သခွားမွှေး တန် ၉၃၀ ကျော်လည်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။MIRT(DOBT)

Sunday, 8 Jan 2012

           မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

Tuesday, 3 Jan 2012

     ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်စခန်းကနေ ဝက်အရှင် ၂၁၆၀ ကီလို တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုး တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က တန် ၂ သောင်း ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ဆယ်ပုံတစ်ပုံခန့်သာရှိတာ တွေ့ရပါတယ်။        MIRT(DOBT)

Tuesday, 3 Jan 2012

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတွေကနေ ဒီဇင်ဘာ ၂၁ ရက်မှ    ၂၇ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၂၈ သန်းဖိုး အေးခဲအမဲသား၊ အမဲသားခြောက်၊ မျိုးချောင်း၊ ဝမ်းတွင်းသားနဲ့ အမြီး ၅၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ခန့် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၂၉၀ တန်နီးပါး၊ အမဲသားခြောက် ၉၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၈၂ တန်၊ နွားမျိုးချောင်း ၃ တန်၊ ဝမ်းတွင်းသား ၄ တန်ခွဲနဲ့ အမြီး ၂ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)

Tuesday, 3 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာ - ထိုင်းနယ်စပ်ရှိ  မြဝတီစခန်းနဲ့ မြန်မာ - ဘင်္ဂလားဒေရှ့် နယ် စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများကနေ ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန် ၇၆၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။

Tuesday, 3 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေး ဇုန်ကနေ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းတန်ဖိုး ရှိ ပရဆေး ၄၈၃ ဒသမ ၇၉ တန်ကို ဒီဇင်ဘာလ ၂၁ မှ ၂၇ ရက်အထိ ကာလအတွင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။  ယခင် အပတ်ကထက် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Tuesday, 3 Jan 2012

    ထိုင်းစီးပွား/ကူးသန်း ဒုတိယဝန်ကြီး နိုင်းကစ်တိရက်နုရနောင်းက ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်းဈေးနှုန်း ထိန်းချုပ်မှုကို အဓိကထားမည်မဟုတ်ကြောင်း၊ သို့သော်လည်း အပြိုင်အဆိုင်ဖြစ်စေရန် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်က သင့်တော်သောဈေးကွက်မှာ ပြိုင်ဆိုင်မှုရှိသော ကုန်ပစ္စည်းများကို မှန်ကန်တဲ့ ထုတ်လုပ်မှုစရိတ်အရ ဈေးတက်ခွင့်၊ ဈေးလျော့ခွင့်ပေးသွားမှာဖြစ်ပြီး ဖြန့်ချိရောင်းချတဲ့ ဈေးနှုန်းကလည်း တရားမျှတမှုရှိရမှာဖြစ်ကြောင်း လမ်းစဉ် ချမှတ်ပေးထားပါတယ်။

Tuesday, 3 Jan 2012

    ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကန်ပိုက်တီးစခန်းနဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီစခန်းများကနေကန်ဒေါ်လာ သုညဒသမ ၄၁၈ သန်းတန်ဖိုးရှိ ပန်းသီး ၉၂၅ တန်ကျော် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်းတန် ၉၀၀ ကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ပုံမှန်လို့ဆိုရပါမယ်။ ယခုတပတ်မှာတော့ မြန်မာ - အိန္ဒိယနယ်စပ်ကနေ တင်ပို့မှုမရှိကြောင်း သိရပါတယ်။  MIRT (DOBT)

Tuesday, 3 Jan 2012

     မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ဖရဲ သီး ၈၁၁၂ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဖရဲပေါ်တဲ့ ရာသီဖြစ်သော်လည်း တဖက်နိုင်ငံမှ နှစ်သစ်ကူးပိတ်ရက်များကြောင့် တင်ပို့မှု အနည်းငယ် ကျဆင်းနေတာဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)

Pages