Main menu

Background

Tuesday, 11 Oct 2011

                  စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၉၈၂၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၀၅ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်က ထက် တန် ၁၄၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နယ်စပ်အလိုက် ရေထွက်ကုန်တင်ပို့မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၁၆၈ သန်းဖိုးရှိ ငါးရှဉ့် တန် ၃၅၀ ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၆၇၇သန်းတန်ဖိုးရှိ ကဏန်း ၁၉၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းဖိုးရှိ ရေငန်ငါးမျိုးစုံ ၅၃ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၀၉၃ သန်းဖိုးရှိ ငါးဆားနယ် ၇၇ တန် ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုညဒသမ ၀၄၁ သန်းဖိုးရှိ ကဏန်း ၁၁ ဒသမ ၄၃၆ တန် အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကဏန်း၊ငါးရှဉ့်တို့ အပို့ပိုမိုခဲ့ပြီး ရေငန်ငါးမျိုးစုံ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ စက်တင် ဘာလအတွင်းမှာ ငါးရှဉ့် ၁၂၁၂ တန်၊ ဂဏန်း ၅၅၆ တန်၊ ရေငန်ငါးမျိုးစုံ ၅၀၈ တန်၊ ငါးဆားနယ် တန် ၁၄၀ နဲ့ ပုစွန် ခြောက် ၁၃တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ရေထွက်ကုန်ဈေးများ လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ ယခုအပတ် ငါးရှဉ့် တစ်တန်ဈေးမှာ ၂၀၈၀၃၈၃ ကျပ်၊ ကဏန်းဈေးများမှာ ၂၅၀ ဂရမ်အထက် ၃၀၀၁၄၄၃ ကျပ်၊ ၂၀၀ မှ ၂၅၀ ဂရမ်ကို ၂၈၃၆၉၇၃ ကျပ်၊ ၁၅၀ မှ ၂၀၀ ဂရမ်ကို ၂၆၇၂၅၀၉ ကျပ်နဲ့ ၁၀၀ မှ ၁၅၀ ဂရမ်ကို ၂၅၄၉၁၆၀ ကျပ် အသီးသီး မိမိဘက်မှာ ဈေးပေါက်လျက် ရှိပါတယ်။ တစ်ဖက်နိုင်ငံဈေးများမှာ ငါးရှဉ့် ၂၅၃၀ ဒေါ်လာ၊ ဂဏန်း ၂၅၀ ဂရမ်အထက် ၃၆၅၀ ဒေါ်လာ၊ ၂၀၀- ၂၅၀ ဂရမ် ၃၄၅၀ ဒေါ်လာ၊၁၅၀-၂၀၀ ဂရမ် ၃၂၅၀ ဒေါ်လာနဲ့ ၁၀၀ မှ ၁၅၀ ဂရမ်ကို ၃၁၀၀ ဒေါ်လာ ဈေးအသီးသီး ဖြစ်ပါတယ်။ MIRT(DOBT)

Tuesday, 11 Oct 2011

                   ထိုင်းနိုင်ငံ အသေးစားနဲ့အလတ်စား လုပ်ငန်းများ (SMEs)  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့်နှစ်မှာ ထိုင်းစက်မှု ဝန်ကြီးဌာနကထုတ်ပေးမဲ့ ထိုင်းဘတ်သန်း ၃၀၀ ကို အသုံးပြုပြီး (SMEs) များ မြှင့်တင်ရေးဌာနက စီမံကိန်းနှစ်ရပ်ချမှတ် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ စီမံကိန်းနှစ်ရပ်ကတော့ Asia Ready Program  နှင့် အာဆီယံဒေသတွင်း စီးပွားရေးကွန်ရက်တို့ ဖြစ်ပါတယ်။                       The Asia Ready Program ဟာ ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community-AEC) အတွက် အဓိကထားပြင်ဆင်ရန်နဲ့ အာရှဈေးကွက် ဆိုင်ရာလိုအပ်သော သတင်းအချက်အလက်များနဲ့ သိမှတ်ဖွယ်ရာများကို ထိုင်း(SMEs) များအား ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း မှာပဲ အာဆီယံဒေသတွင်းရှိ (SMEs)များအား ကွန်ရက်ချိတ်ဆက်ရေးအတွက် အာဆီယံဒေသတွင်း ထိပ်တန်းရောက် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရန်နဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ထိုင်း SMEs မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Yu thasak Supasom  က စီမံကိန်းနှစ်ရပ်စလုံးကို ထိုင်း SMEs များအကြား AEC  အတွက် အသင့်ဖြစ်နေစေရေးနဲ့ AEC ဒေသတွင်းဈေးကွက်များအတွက် ထိုင်း SMEs များမှာ ရှိသင့်ရှိထိုက်၊ သိသင့်သိထိုက်သည်များကို သိရှိနေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။                Source; T hanland Breaking News, KKCM 

Tuesday, 11 Oct 2011

                    စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ဝက်အရှင် ၉၉၆၀ ကီလိုအပို့ရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေတဲ့အတွက်ဆိုပြီး ဝက်အရှင် တင်ပို့မှုရပ်နားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ခိုတလန်းကျေးရွာနေ ဝက်အရှင်တင်သွင်းသူ တစ်ဦးက စခန်းတာဝန်ခံနှင့် စက်တင်ဘာလနှောင်းပိုင်းမှာ လာရောက်တွေ့ဆုံပြီး ကောလာဟလသတင်းများကြောင့် ဝက်တင်သွင်းမှုကို ပိတ်ပင်ခံရတာကြောင့် ဝက်ရောင်းဝယ်သူများ စီးပွားရေးကျဆင်းပြီး ဒုက္ခရောက်ခဲ့ ရပါကြောင်း၊ မြန်မာနိုင်ငံမှာ ယခုအခါ ဝက်နားရွက်ပြာရောဂါ ကင်းရှင်းပြီဖြစ်တဲ့ အတွက် ရောဂါပိုးမွှားကင်းရှင်းကြောင်း ထောက်ခံစာနဲ့ တစ်ဖက်နိုင်ငံသို့ တင်သွင်း ခွင့်ပေးရန် ဆွေးနွေးခဲ့ပါတယ်။ ယခုအခါ ရောဂါကင်းစင်ကြောင်း တိရစ္ဆာန်မွေးမြူ ရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ထောက်ခံချက်နဲ့ ပြန်လည်တင်ပို့နိုင်တာ ဖြစ်ပါတယ်။ ရိဒ်နယ်စပ်ရဲ့ အဓိကပို့ကုန်ကတော့ ဝက်အရှင်ဖြစ်ပြီး ပြန်လည်တင်ပို့ခွင့်ရလာတာ နဲ့အမျှ ရှေ့လာမဲ့ကာလများရဲ့ ကုန်သွယ်မှုမှာ ဝက်အရှင်တင်ပို့မှုကလည်း တစ်စိတ် တစ်ဒေသ ဖြည့်တင်းပေးလာနိုင်တော့မှာဖြစ်ပါတယ်။ နိုင်ငံတော်မှလည်း တိရစ္ဆာန် နဲ့ တိရစ္ဆာန်ထွက်ပစ္စည်များ တင်ပို့မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားသဖြင့် ယခင်ကထက် ပိုမိုတင်ပို့နိုင်မှာဖြစ်ကြောင်း သိရပါတယ်။   MITR(DOBT)

Tuesday, 11 Oct 2011

               မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                    ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                              (ကျပ်)          (ယွမ်)                      (ကျပ်)            (ယွမ်)ပဲတီစိမ်း           တန်               ၆၅၃၅၀၀         ၅၇၀၀                 ၆၄၇၀၉၉           ၅၆၀၀ပြောင်းဖူးစေ့    တန်              ၂၂၈၃၆၅          ၁၈၆၀                 ၂၂၇၁၇၅           ၁၈၅၀နှမ်းဖြူ             တန်               ၉၈၅၀၀၀          ၈၄၀၀                  ၈၈၆၆၉၆           ၈၅၀၀                                                                                                                              သြဝင်း                         မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                     ယခုအပတ်                                     ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး          မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး           ပြောင်းလဲမှု                                               (ကျပ်)          (ရူပီး)                           (ကျပ်)          (ရူပီး)ကွမ်းသီး            တန်              ၈၉၂၅၀၀        ၅၈၀၀၀                      ၈၉၂၅၀၀         ၅၈၀၀၀မုန့်မျိုးစုံ            ကီလို               ၁၃၀၀            ၁၀၀                           ၁၃၀၀              ၁၀၀မဝတ်တီရှပ်       ဒါဇင်                ၈၀၀၀           ၉၃၀                            ၈၀၀၀            ၉၃၀မြင့်ဆွေ                 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                    ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                               (ကျပ်)         (တာကာ)                      (ကျပ်)         (တာကာ)ငါးနီတူခြောက်       တန်            ၉၇၅၀၀         ၉၃၇၅၀                     ၉၇၅၀၀            ၉၃၇၅၀ရေငန်ပုစွန်           တန်            ၄၁၇၅၉၄၀     ၃၈၈၄၆၀                ၄၁၇၅၉၄၀          ၃၈၈၄၆၀ငါးစုံလေးခြောက်   တန်            ၃၄၅၀၀၀       ၃၃၁၇၃                   ၃၄၅၀၀၀            ၃၃၁၇၃သြဝင်း

Sunday, 2 Oct 2011

စစ်တွေရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၄၁၈ တန်ပို                  စစ်တွေနယ်စပ်မှ စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုကတော့ ရေချိုငါး ၄၅၈ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်း၊ ရေငန်ပုစွန် ၃ တန် ကျော် တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်းနှင့် ငါးနီတူခြောက် ၃၉ တန်တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်း၊ စုစုပေါင်း တန်ချိန် ၅၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာသန်း သုည ဒသမ ၄၇၅ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၂ တန်ကျော်သာ တင်ပို့ နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ တန်ချိန် ၄၁၈ တန် ပိုမို တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခုလို ပိုမိုတင်ပို့လာ နိုင်ခြင်း ဟာ ရေချိုငါးနဲ့ ငါးနီတူခြောက် တင်ပို့မှု ပိုမိုလာ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။                  ရေထွက်ကုန်ပစ္စည်းများရဲ့ မိမိဘက်မြေပြင်ပေါက်ဈေး များကတော့ ရေချိုငါး ၁ တန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဖြစ်ပြီး ရေငန်ပုစွန် ၁ တန် ဒေါ်လာ ၄၄၀၀ မှ ၁၃၆၀၀ ထိဈေးနဲ့ ငါးနီတူခြောက် ၁ တန် ဒေါ်လာ ၁၃၉၀ ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်အတိုင်းဈေးနှုန်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊(MIRT)

Sunday, 2 Oct 2011

မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်းအပို့ပို တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်း အသွင်းလျော့                     စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၆၈ ဒသမ ၉၈ တန်အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ တောင်လုံးကျော် ၁ တန်ခွဲနဲ့ မင်သော်တန်ဝက်ကန်ဒေါ်လာသုည ဒသမ ၀၀၆၃ သန်းဖိုး အသွင်း ရှိခဲ့ပါတယ်။                     ယခုအပတ် မူဆယ်နယ်စပ်မှ ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ချဉ်ပေါင် ဖာလာ (အခွံပါ) ၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ငရုတ်ကောင်း၊ ကွမ်းစားဂမုန်း ၊ စကားပန်းပွင့်ခြောက်၊ တောင်လုံးကျော်၊ တောချင်းနဲ့ အုံတုံခေါက်တို့ဖြစ်ပြီး ယခင်အပတ်က တင်ပို့ခဲ့တဲ့ ရွေးရွက်၊ နေလဲစေ့၊ နနွင်းခေါင်းနဲ့ ချဉ်ပေါင်ဖာ လာ (အခွံမပါ)တို့ ယခုအပတ်မှာ တင်ပို့တာ မတွေ့ရသော် လည်းနနွင်းတက်(ရှမ်းစ)၊ချဉ်ပေါင်ဖာလာ(အခွံပါ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်တို့ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့မှု မရှိခဲ့တဲ့ တောင်လုံးကျော်၊ တောချင်း၊ အုံတုံခေါက်တို့ အပို့ ရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Sunday, 2 Oct 2011

တရုတ်နယ်စပ်စခန်းများမှ အေးခဲအမဲသား၊ ကျွဲသား ကန်ဒေါ်လာ ၁ သန်းကျော်ဖိုး အပို့ရှိ                      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဆင့်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၅၅ သန်းတန်ဖိုးရှိ အေးခဲ အမဲသား၊ကျွဲသား၊ အမဲအကြော၊ အမြီး၊ အမဲခြောက်များ တန် ၄၀၀ ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ အေးခဲအမဲသား ၁၅၅ တန်ခန့်၊ အေးခဲ ကျွဲသား ၁၅၈ တန် ခန့်နဲ့ ချင်းရွှေဟော် မှ အေးခဲအမဲသား ၈၅ တန်၊ အမဲအကြော သုည ဒသမ ၇ တန်၊ အမဲအမြီး သုည ဒသမ ၆၃ တန် နဲ့အမဲခြောက် ၁ဒသမ ၅၉တန်သီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နယ်စပ်မှ အေးခဲအမဲသား၁၂၇ တန်၊ အေးခဲကျွဲသား ၇၃ တန် အပို့ပိုခဲ့ပြီး အမဲသားခြောက် တင်ပို့မှုကတော့  ၁၂၉ တန်လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က အစာရေမျိုအပို့ရှိပေမယ့် ယခု အပတ်မှာ အပို့မရှိပါဘူး။ ယခုအပတ်မှာ အမဲအမြီးနဲ့ အမဲအကြောများ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)

Sunday, 2 Oct 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                    ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                           (ကျပ်)            (ယွမ်)                         (ကျပ်)           (ယွမ်)ပဲတီစိမ်း            တန်            ၆၄၇၀၉၉          ၅၆၀၀                       ၆၅၈၀၄၃         ၅၇၀၀ပြောင်းဖူးစေ့    တန်             ၂၂၇၁၇၅          ၁၈၅၀                        ၂၁၆၂၆၇       ၁၈၅၀နှမ်းဖြူ              တန်             ၈၈၆၆၉၆          ၈၅၀၀                       ၈၆၃၀၀၀        ၇၇၀၀မြင့်ဆွေ                  မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                         ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး          မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                               (ကျပ်)            (ရူပီး)                           (ကျပ်)            (ရူပီး)ကွမ်းသီး             တန်              ၈၉၂၅၀၀        ၅၈၀၀၀                       ၈၉၂၅၀၀        ၅၈၀၀၀မုန့်မျိုးစုံ              ကီလို               ၁၃၀၀           ၁၀၀                             ၁၃၀၀            ၁၀၀မဝတ်တီရှပ်         ဒါဇင်               ၈၀၀၀            ၉၃၀                             ၈၀၀၀           ၉၃၀ဆွေဆွေဝင်း

Monday, 26 Sep 2011

ပရဆေးတင်ပို့မှု ပမာဏလျော့                   စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ ၃၁၄ တန်ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် က တင်ပို့ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ၊ အခွံမပါ) ၊ နေလဲစေ့၊ စကား ပန်းပွင့်ခြောက်၊ ရှားစေး၊ နနွင်းခေါင်းတို့ တင်ပို့မှုရှိခဲ့ပြီး ဝဥခြောက်နဲ့ ကြောင်ပန်းစေ့ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)နဲ့ ကွမ်းစားဂမုန်း အပို့လျော့ခဲ့ပြီး ငရုတ်ကောင်း၊ အုံတုံခေါက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ အပို့မရှိ ခဲ့ပါဘူး။ဒါ့ကြောင့် ယခုအပတ်မှာ ယခင်အပတ်ကထက် ပရ ဆေး ကုန်ကြမ်းတင်ပို့မှု တန်ချိန် ၈၉ တန် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။                        တမူးနယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၀၉ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ တန်အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                MIRT(DOBT)

Monday, 26 Sep 2011

လုပ်ငန်းရှင်များထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နံှမှုပြုလုပ်သည့်တန်ဖိုးငွေ ဘတ်သန်း ၃၄၀၀၀၀ ရှိ                  ၁၁-၉-၂၀၁၁ ရက်နေ့တွင် ရင်နှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရေးအဖွဲ့ (B.O.I)အတွင်းရေးမှူး နန်းအော်ချ ကားစီဘွန်းရိန်းက ၂၀၁၁ ခုနှစ်၊ ပထမ ၈ လ အတွင်း ရင်နှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ရင်နှီး မြှုပ်နှံရေး လုပ်ငန်းစီမံကိန်း ၁၁၉၀ ခုအဖွဲ့သို့တင်ပြခဲ့ပြီး စုစုပေါင်း ရင်နှီးမြှုပ်နှံမှု တန်ဖိုးငွေ ဘတ်သန်း ၃၃၅၀၀၀ခန့် ရှိကြောင်း၊ လွန်ခဲ့တဲ့နှစ်က ရင်နှီးမြှုပ်နှံရေး စီမံကိန်း ၈၉၉ ခုရှိခဲ့ပြီး ရင်နှီးမြှုပ်နှံမှု တန်ဖိုးမှာ ဘတ်သန်း ၂၃၈၀၀၀ ရှိကြောင်း စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။                    ယခုနှစ် သြဂုတ်လ တစ်လထဲမှာ ရင်နှီးမြှုပ်နှံရေး စီမံကိန်း ၁၈၉ ခုလျှောက်ထားမှုရှိပြီး တန်ဖိုးငွေ ဘတ်သန်း ၃၈၀၀၀ ခန့်ရှိကြောင်း၊ ယခုနှစ် ပထမ ၈ လအတွင်း၌ အထူးသဖြင့် ရင်နှီးမြှုပ်နှံမှု တန်ဖိုးငွေ ဘတ်သန်း ၅၀၀ အထက် စီမံကိန်း ၁၃၇ ခုရှိပြီး ရင်နှီးမြှုပ်နှံမှုတန်ဖိုးငွေ စုစုပေါင်း ဘတ်သန်း ၂၂၅၀၀၀ ရှိပြီး ယခင်နှစ်ကာလတူမှာ ရင်နှီးမြှုပ်နှံရေးစီမံကိန်း ၈၂ ခု စုစုပေါင်း တန်ဖိုးငွေ ဘတ်သန်း ၁၅၉၀၀၀၀ ခန့်သာရှိတယ်လို့ အတွင်းရေးမှူးက ဆိုပါတယ်။                   ဌာနကိုလျှောက်ထားခဲ့တဲ့ လုပ်ငန်းကြီးများမှာ အီလက်ထရွန်းနစ်စွမ်းအင် အစားထိုးလုပ်ငန်း၊ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း တို့ ဖြစ်ကြောင်း၊ အကြီးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ခြင်းအားဖြင့် ထိုင်းနဲ့ပြည်ပမှ လုပ်ငန်းရှင်များကြားမှာ ယုံကြည်မှု ရှိလာတာကိုတွေ့ရကြောင်း၊ နောင်နှစ်အထိ ရင်နှီးမြှုပ်နှံရေးလုပ်ငန်းထပ်မံတိုး မြင့်လာမယ်လို့ ခန့်မှန်းကြောင်းပြောကြားပါတယ်။ ထို့အပြင် (B.O.I) သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် (B.O.I)Fair ပွဲတော်ကို အရှေ့တောင်အာရှတွင် အကြီးဆုံးသော စက်မှုပြပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လုပ်ငန်းရှင်များ ထိုင်းနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ယုံကြည်မှုရှိလာအောင် ကျင်းပသွားတာလို့သိရပါတယ်။ Source: မတ်ကီချွန်သတင်းစာ၊ကျော်ဆန်းထွန်း

Pages