Background
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်း မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းတစ်ပတ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၀ သန်းဖိုး တင်ပို့၍ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၈၆ သန်းဖိုး တင် သွင်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၇၆ သန်းဖိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အနီးစပ်ဆုံး ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၆သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသုည ဒသမ ၁၅၃သန်း ပိုမိုခြင်းကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသုည ဒသမ ၁၄၃ သန်းလျော့နည်းခဲ့သည်။ ပို့ကုန်တင်ပို့မှု လျော့နည်းရခြင်းမှာ ကော်ဖီစေ့၊ ရော်ဘာစေး၊ လက်ဖ
ပြည်တွင်းပြောင်းထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပဈေးကွက်တိုင်အောင် ထိုက်ထိုက်တန်တန်အခြေချမိစေရေး၊ပြည်တွင်းပြည်ပစားသုံးသူများ ယုံကြည်စိတ်ချစွာပိုမိုအလေးထားဝယ်ယူလာစေရေး၊ပြောင်းစိုက်တောင်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကိုအသင်း၏ဦးဆောင်မှုဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်မေ ၅ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်၊တရုတ်ယူနန်ဘုံကျောင်းကြီး၌ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှတာဝန်ရှ
ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရ
ငရုတ်
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ( ငရုတ်ရှည် )သစ် ကျပ်၄၂၀ဝ၊ မြှားနီ (ဟင်္သာတ)သစ် ကျပ် ၅၀ဝ၀၊ မိုးထောင်(ဟင်္သာတ) ကျပ် ၅၂၀ဝ၊ မိုးထောင်(မြစ်ဝ)သစ် ကျပ် ၅၀ဝ၀၊ ဆင်ဖြူကျွန်း(ပု) သစ် ကျပ် ၇၅၀ဝ နှင့် မြစ်ဝ (ပု) ကျပ် ၈၀ဝ၀ အသီးသီး ဖြစ်ခဲ့သည်။
တစ်ပတ်အတွင်း ဆင်ဖြူကျွန်း(ပု)သစ် ကျပ် ၁၀ဝ၀နှင့် မြစ်ဝ (ပု) ကျပ် ၅၀ဝ ဈေးမြင့်တက်ခဲ့သည်။ ကျန်ငရုတ်များ ဈေးငြိမ်လျက် ရှိသည်။တစ်ပတ်အတွင်း ငရုတ်ရှည်အိတ်ပေါင်း ၆၅၅၂ (၁၃၀၅၀ဝ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ) အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု ဇီးတောကျေးရွာတွင် သံပရာစိုက်ဧက ၂၀ ကျော်ရှိသည်။ သံပရာပင်သည် နှစ် ၄၀ ကျော်ကြာ အပွင့်ပွင့်၍ အသီးသီးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်သော်လည်း ၁၀-၁၅ နှစ်လောက်သာ စိုက်ပျိုးကြကြောင်း သိရသည်။ အပင်စိုက်ပျိုးပြီး ၄-၅ နှစ်မှစတင်၍ အသီးသီးသည်။ တစ်ဧကလျှင် သံပရာပင် ၃၀ဝ ကျော်ခန့် စိုက်ပျိုးနိုင်ပြီး အပင်ပျိုး၍ အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀ဝ-၂၅၀ ခန့်သီးနိုင်ကြောင်း သိရသည်။သံပရာသီးသည် မိုးရာသီတွင် အသီးနှုန်းကောင်း၍ အသီးလုံးချောပြီး ရာသီဥတုပူပြင်းသော နွေရာသီမှာတော့ အသီးနှုန်း ကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်းသိရသည်။ ယခုနှစ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်သည်။ ဒေသအတွင်း စပါးကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။ ၎င်းသီးနှံ များအနက် ငရုတ်သီးနှံကို ကျောက်ဆည်မြို့နယ်တွင် ဧက ၂၀၂၀၊ စဉ့်ကိုင်မြို့နယ်တွင် ၁၈၉၇ ဧက၊ မြစ်သားမြို့နယ်တွင် ၉၆၈၆ ဧက၊ တံတားဦးမြို့နယ်တွင် ၁၀၃၇ ဧက၊ စုစုပေါင်း ဧက ၁၄၆၄၀ စိုက်ပျိုးပြီး ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ငရုတ်သီးနှံကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စတင် စိုက် ပျိုးပြီး မတ်နှင့် ဧပြီလများတွင် စတင်ခူးဆွတ်ကြ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေးစခန်းမှ လျာထားချက်အပေါ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု ပမာဏ ၉၇ ဒသမ၉၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။မြိတ် ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၇၂၅ သန်းနှင့်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၆ဒသမ ဝ၃၂ သန်းဖိုး ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၁၁ ဒသမ ၇၅၇ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်။ ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ် ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၉ သန်း လျော့နည်းခဲ့သဖြင့်
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်သည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံး ဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ရှိသည်။လက်ရှိတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကာ ရန်ကုန် မြို့ပေါ်တွင် ကျပ် ၆၀ဝ၀၊ ၆၂၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး ကွမ်းသီး လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိသော်လည်း ဈေးကွက်အတွင်းတွင် ပစ္စည်းအဝင်များသောကြောင့် ယခင်အပတ်ထက် ယခုအပတ် ဈေးနှုန်း မှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ကွမ်းသီးကို ထားဝယ
မြန်မာ့ခရမ်းရောင် ကန်စွန်းဥ အမှုန့်များကို ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ များသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်း နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ နို့ဆီ ၃၆၈၁၅၆ တန် အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ ယခုပတ် အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုး အစားများမှာMilk Product Falcon Brand, Tea pot Gold Brand, Hawk Brand တို့ဖြစ်ကြောင်း သိရသည်။ ယခင်တစ်ပတ်က နို့ဆီ ၂၈၄၅၄၄ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခင်တစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ရှစ်သောင်းကျော် ပိုမိုခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်မှ နို့ဆီတင်သွင်းမှုမရှိကြောင်း သိရှိရသည်။