Main menu

Background

Tuesday, 19 Jan 2010

   မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့         တန်           ၂၅၂၉၃၃                      ၁၆၄၀နှံစားပြောင်း         တန်           ၂၇၁၂၈၄                      ၂၀၀၀ကြက်ဆူစေ့         တန်           ၆၇၃၉၁၅                      ၄၉၀၀   မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ မ-ဝတ်တီရှပ်၊ စောင်၊ ဝက်အရှင် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံမီ ဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ရူပီး)မ-ဝတ်တီရှပ်       ထည်              ၂၅၀၀                        ၁၂၅စောင်              ထည်               ၄၅၀၀                       ၂၂၅ဝက်အရှင်        ကီလိုဂရမ်           ၁၈၀၀                         ၉၀   မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ဘတ်)        မတ်ပဲ                တန်            ၆၈၅၄၀၀                  ၂၃၀၀၀ကြက်သွန်နီ        တန်             ၈၆၄၀၀၀                  ၂၉၀၀၀ပြောင်းဖူးစေ့        တန်             ၁၈၇၀၀၀                    ၆၃၀၀   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆီးယိုထုတ်၊ ဆီးဖတ်၊ နနွင်းတက် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့  တစ်ဘက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (တာကာ)        ဆီးယိုထုတ်         တန်            ၃၉၇၈၀၀                   ၂၄၈၆၅ဆီးဖတ်              တန်           ၁၃၄၆၄၀                     ၈၄၁၅နနွင်းတက်          တန်            ၆၇၃၂၀၀                   ၄၂၀၇၅ ကေသွယ်, ခိုင်ဝင်း

Tuesday, 19 Jan 2010

  မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရေးသွင်းအားစု အမိုးနီးယမ်းနိုက်တြိတ် ဓါတ်မြေသြဇာတန်ချိန် ၁၇၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၀၀၀ ကျော်ဖိုးနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်အလုံး၂၅၀ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၃၅၀၀၀ ကျော်ဖိုးတင်သွင်းနိုင်ခဲ့တယ်လို့ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။ ကန်ပိုက်တီးနယ်စပ် စခန်းရဲ့ အခြားသွင်းကုန်များဖြစ်သော ၁/၄၀ ချည်၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ် အင်ဂျင်များ၊ U-beam၊ ပလပ် စတစ်ကော်ဇောများလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)ခိုင်ဝင်း 

Wednesday, 13 Jan 2010

  ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်နေ့အတွင်း မူဆယ် (၁ဝ၅) မိုင်၊ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဖက်တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များဖြင့် ပြောင်းဖူးစေ့ ၁၈၆ စီး (၇ဝ၁၁) တန်၊ နှမ်းနက် ၁၄ စီး (၅ဝ၁) တန်၊ နှမ်းဖြူ၂၃ စီး (၈၁၆) တန်၊ နံှစားပြောင်း ၃၁ စီး (၁၁၅၃) တန်၊ ပဲတီစိမ်း ၁ စီး (၃၅) တန်၊ ပဲလွန်းဖြူ ၄ စီး (၁၄၄)တန်၊ ပဲပုတ်စေ့(၂) စီး (၆၈) တန်၊ ဖရဲသီး ၁၉၇ စီး (၄၉ဝ၁)တန်၊ သခွားမွှေး (၈၃)စီး(၅၈၅)တန်၊ဆီးသီး ၁၄ စီး (၄၈) တန်၊

Wednesday, 13 Jan 2010

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင် ရေချိုငါး၊ ငါးသလောက်၊ ငါးစုံကလေး ခြောက်၊ ရေငန်ပုစွန်၊ ငါးနီတူခြောက်စတဲ့ ရေထွက်ကုန်များကို တန်ချိန် ၇ဝဝနီး ပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၄၂ သိန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 2 Jul 2009

ချင်းတောင်ဒေသထွက် ပန်းသီးများကို ဇွန်လအတွင်းမှာ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် အိန္ဒိယ နိုင်ငံသို့ စတင် တင်ပို့နေပြီလို့ သိရပါတယ်။ ချင်းပြည်နယ်ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်များ မှာ စိုက်ပျိုးကြပြီး

Thursday, 2 Jul 2009

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ၂၀၀၉ ခုနှစ် ဇွန်လ ၁ ရက်က ၂၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့တဲ့ မြန်မာ့ ပို့ကုန် (၅) မျိုးကတော့ သရက်ပြားခြောက်၊  ဆီးသီးခြောက်၊ ထန်းလျက်၊ ကြက်ဆူစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပြီး တန်ချိန် ၃ ထောင်ကျော်၊ တန်ဖိုးကျပ်သန်း ၁၀၀၀ နီးပါး ရှိခဲ့ တယ်လို့ သိရပါတယ်။

Thursday, 2 Jul 2009

တစ်ဘက်နိုင်ငံမှာ စားသုံးဖို့ လက်ပံပွင့်ခြောက်တွေ အမှာရှိလာတဲ့ အတွက် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တဆင့် တစ်ဖက်နိုင်ငံသို့ အမယ်သစ်အဖြစ် တင်ပို့ခွင့်ရရှိခဲ့တယ်လို့ လွယ်ဂျယ်နယ်စပ် ကုန်သည် တစ်ဦးထံမှ သိရပါတယ်။

Thursday, 2 Jul 2009

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်စခန်းမှ တရုတ်နိုင်ငံ ကို တင်ပို့လျက်ရှိတဲ့ ပြောင်းနဲ့ ရော်ဘာဈေး ယခုသီတင်းပတ်မှာ အနည်းငယ် ဈေးတိုးမြှင့်ရလျက်ရှိတယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သည်အသင်းမှ သတင်း ရရှိပါတယ်။

Thursday, 2 Jul 2009

ထိုင်းအစိုးရက ဒေသအတွင်းရှိ ကုန်သည်များ အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ နိုင်ငံအတွင်း စုပုံထားတဲ့ ပြောင်းနဲ့ ပီလောပီနံ ကုန်ကြမ်း အတွက် အပြည်ပြည်ဆိုင်ရာ လေလံပွဲများ ကို ဖိတ်ခေါ်မှာဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေး ဒုတိယဝန်ကြီး ကိုဆတ်ဆက်ဟာဗာဆူ မှ ပြောဆိုခဲ့ ပါတယ်။

Pages