Main menu

Background

Tuesday, 19 Jan 2010

   မွန်ပြည်နယ်အတွင်းမှထွက်ရှိသော သီဟိုစေ့များအား တစ်ဘက် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် တစ်တန်လျှင် ကျပ် ၄သန်းကျော်နှုန်း ရရှိလျက်ရှိတယ်လို့ မြဝတီနယ်စပ်မှသတင်းရရှိပါတယ်။ ပြည်တွင်းလက်ကားဈေးမှာ တစ်တန်လျှင် ကျပ် ၃ဒသမ ၉၇သန်းခန့်ဈေးရှိ တယ်လို့သိရပါတယ်။    သီဟိုစေ့များကို စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာမှာနဲ့ စားသောက်ဆိုင်များမှာအသုံးပြုလျက်ရှိကြပါတယ်။ မဲဆောက်တစ် ဝိုက် သုံးစွဲရန်သာတင်ပို့လျက်ရှိတယ်လို့သိရပါတယ်။၂၀၀၈-၂၀၀၉ မှာသီဟိုစေ့၄၄၉တန် တန်ဖိုးကန်ဒေါ် လာ ၁ ဒသမ၇၁၇သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်ဧပြီလမှ ဒီဇင်ဘာလထိ သီဟိုစေ့တန်ချိန် ၁၀၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၄သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။Source: နကသ-မြဝတီမင်းအောင်အေး

Tuesday, 19 Jan 2010

   ၈-၁-၂၀၁၀မှ၁၄-၁-၂၀၁၀ နေ့အတွင်း မန္တလေး၊ မုံရွာ၊ လားရှိုး၊ မူဆယ်မြို့များကိုဖြတ်၍ ကုန်တင်ယာဉ်များနဲ့ တရုတ်နိုင်ငံသို့တင်ပို့ ခဲ့တဲ့ ကုန် ပစ္စည်းတွေကတော့ ပြောင်းဖူးစေ့၁၄၄စီး (၄၉၁၄)တန်၊ နှမ်းဖြူအခွံချွတ် ၁၉စီး(၆၄၆)တန်၊နှမ်းနက်၁၆စီး (၅၇၃) တန်၊ နှမ်းဖြူ ၁၈ စီး (၆၄၅) တန်၊ နှံစားပြောင်း ၃၄စီး (၁၂၆၃) တန်၊ ပဲလွန်းဖြူ ၁၀စီး  (၃၆၈) တန်၊ ပဲပုပ်စေ့၊ မတ်ပဲ၊ပဲယင်း၄ စီး (၁၄၄) တန်၊ ဖရဲသီး ၂၃၄စီး (၅၉၀၅) တန်၊ သခွားမွှေး ၉၁စီး (၆၁၄) တန်၊ ဆီးသီး ၄၇စီး (၁၇၈) တန်၊ ပီလောပီနံဥအစို ၁၇ စီး (၅၈၅) တန်၊ ကင်းမွန်ခြောက် ၄ စီး (၇၁) တန်၊  ငါးဆားနယ် ၈ စီး (၂၀၇) တန်၊ ငါး လေးခြောက် ၄ စီး၊ (၁၀၂) တန်၊ လက် ဘက်အချိုခြောက် ၅ စီး၊ (၁၀၇) တန်၊ ဆီးသီးခြောက် ၇ စီး၊ (၃၈) တန်၊ ဆီးဆံ ၂ စီး၊ (၂၅) တန်၊ ကြိမ် ၂ စီး၊ (၃၀) တန်၊ ဂဏန်း ၈၆ စီး (၉၃) တန်၊ ငါးရှဉ့် ၁၄ စီး (၁၂၂) တန်၊ ရေခဲငါး၉ စီး (၁၁၁) တန်၊ အမဲသား ၁၁ စီး (၂၅၀) တန်၊ ကျွဲနွား သားရေ ၄ စီး (၁၃၅) တန်၊ ရာဘာ ၇ စီး (၂၄၉) တန်တို့ဖြစ်ပြီး မူဆယ်နယ်စပ်မှ တစ်ဆင့်တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ လျှပ်စစ်မီးသီး၊ မီးချောင်းများ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်း မျိုးစုံ၊ နို့မှုန့်၊ ဘက်ထရီခြောက်တို့ တင်ဆောင်လာတဲ့ကား (၂၉၃)စီး တန်ဖိုးဒေါ်လာသိန်းပေါင်း(၁၀၇၃)နဲ့ ဓါတ်မြေသြဇာ ကုန်တင် ယာဉ်(၂၃၀)စီး၊ ဖယောင်းကုန်တင် ယာဉ်(၅)စီး၊ ပန်းသီး ကုန်တင်ယာဉ်(၁၀၀)စီး၊ ဘိလပ်မြေ ကုန်တင်ယာဉ်(၁၀)စီး၊ နေကြာစေ့ (၉) စီးတို့ကို တင်သွင်းလာခဲ့တယ်လို့သိရပါတယ်။Source: နကသ (မူဆယ်)မော်မော်အောင်

Tuesday, 19 Jan 2010

   မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့         တန်           ၂၅၂၉၃၃                      ၁၆၄၀နှံစားပြောင်း         တန်           ၂၇၁၂၈၄                      ၂၀၀၀ကြက်ဆူစေ့         တန်           ၆၇၃၉၁၅                      ၄၉၀၀   မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ မ-ဝတ်တီရှပ်၊ စောင်၊ ဝက်အရှင် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံမီ ဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ရူပီး)မ-ဝတ်တီရှပ်       ထည်              ၂၅၀၀                        ၁၂၅စောင်              ထည်               ၄၅၀၀                       ၂၂၅ဝက်အရှင်        ကီလိုဂရမ်           ၁၈၀၀                         ၉၀   မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ဘတ်)        မတ်ပဲ                တန်            ၆၈၅၄၀၀                  ၂၃၀၀၀ကြက်သွန်နီ        တန်             ၈၆၄၀၀၀                  ၂၉၀၀၀ပြောင်းဖူးစေ့        တန်             ၁၈၇၀၀၀                    ၆၃၀၀   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆီးယိုထုတ်၊ ဆီးဖတ်၊ နနွင်းတက် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့  တစ်ဘက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (တာကာ)        ဆီးယိုထုတ်         တန်            ၃၉၇၈၀၀                   ၂၄၈၆၅ဆီးဖတ်              တန်           ၁၃၄၆၄၀                     ၈၄၁၅နနွင်းတက်          တန်            ၆၇၃၂၀၀                   ၄၂၀၇၅ ကေသွယ်, ခိုင်ဝင်း

Tuesday, 19 Jan 2010

  မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရေးသွင်းအားစု အမိုးနီးယမ်းနိုက်တြိတ် ဓါတ်မြေသြဇာတန်ချိန် ၁၇၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၀၀၀ ကျော်ဖိုးနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်အလုံး၂၅၀ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၃၅၀၀၀ ကျော်ဖိုးတင်သွင်းနိုင်ခဲ့တယ်လို့ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။ ကန်ပိုက်တီးနယ်စပ် စခန်းရဲ့ အခြားသွင်းကုန်များဖြစ်သော ၁/၄၀ ချည်၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ် အင်ဂျင်များ၊ U-beam၊ ပလပ် စတစ်ကော်ဇောများလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)ခိုင်ဝင်း 

Wednesday, 13 Jan 2010

  ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်နေ့အတွင်း မူဆယ် (၁ဝ၅) မိုင်၊ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဖက်တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များဖြင့် ပြောင်းဖူးစေ့ ၁၈၆ စီး (၇ဝ၁၁) တန်၊ နှမ်းနက် ၁၄ စီး (၅ဝ၁) တန်၊ နှမ်းဖြူ၂၃ စီး (၈၁၆) တန်၊ နံှစားပြောင်း ၃၁ စီး (၁၁၅၃) တန်၊ ပဲတီစိမ်း ၁ စီး (၃၅) တန်၊ ပဲလွန်းဖြူ ၄ စီး (၁၄၄)တန်၊ ပဲပုတ်စေ့(၂) စီး (၆၈) တန်၊ ဖရဲသီး ၁၉၇ စီး (၄၉ဝ၁)တန်၊ သခွားမွှေး (၈၃)စီး(၅၈၅)တန်၊ဆီးသီး ၁၄ စီး (၄၈) တန်၊

Wednesday, 13 Jan 2010

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင် ရေချိုငါး၊ ငါးသလောက်၊ ငါးစုံကလေး ခြောက်၊ ရေငန်ပုစွန်၊ ငါးနီတူခြောက်စတဲ့ ရေထွက်ကုန်များကို တန်ချိန် ၇ဝဝနီး ပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၄၂ သိန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 2 Jul 2009

ချင်းတောင်ဒေသထွက် ပန်းသီးများကို ဇွန်လအတွင်းမှာ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် အိန္ဒိယ နိုင်ငံသို့ စတင် တင်ပို့နေပြီလို့ သိရပါတယ်။ ချင်းပြည်နယ်ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်များ မှာ စိုက်ပျိုးကြပြီး

Thursday, 2 Jul 2009

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ၂၀၀၉ ခုနှစ် ဇွန်လ ၁ ရက်က ၂၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့တဲ့ မြန်မာ့ ပို့ကုန် (၅) မျိုးကတော့ သရက်ပြားခြောက်၊  ဆီးသီးခြောက်၊ ထန်းလျက်၊ ကြက်ဆူစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပြီး တန်ချိန် ၃ ထောင်ကျော်၊ တန်ဖိုးကျပ်သန်း ၁၀၀၀ နီးပါး ရှိခဲ့ တယ်လို့ သိရပါတယ်။

Thursday, 2 Jul 2009

တစ်ဘက်နိုင်ငံမှာ စားသုံးဖို့ လက်ပံပွင့်ခြောက်တွေ အမှာရှိလာတဲ့ အတွက် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တဆင့် တစ်ဖက်နိုင်ငံသို့ အမယ်သစ်အဖြစ် တင်ပို့ခွင့်ရရှိခဲ့တယ်လို့ လွယ်ဂျယ်နယ်စပ် ကုန်သည် တစ်ဦးထံမှ သိရပါတယ်။

Thursday, 2 Jul 2009

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်စခန်းမှ တရုတ်နိုင်ငံ ကို တင်ပို့လျက်ရှိတဲ့ ပြောင်းနဲ့ ရော်ဘာဈေး ယခုသီတင်းပတ်မှာ အနည်းငယ် ဈေးတိုးမြှင့်ရလျက်ရှိတယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သည်အသင်းမှ သတင်း ရရှိပါတယ်။

Pages