Background
တာချီလိတ်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တည်ရှိ ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများအနက်မှ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို မယ်ဆိုင်ချောင်းအား ဖြတ်၍ အမှတ် (၁) ချစ်ကြည်ရေးတံတား မှ လူဝင်/ထွက်များ စိစစ်ခွင့်ပြုပေးနေ သလို အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပို့ကုန်သွင်းကုန် ပစ္စည်းတင်ယာဉ်များ ဝင်/ထွက်ကုန်သွယ်မှုပြုလျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ် မှုတွင် တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန် ၂၀ ဒသမ ၁၀၉ ဒေါ်လာ သန်းနှင့် သွင်းကုန် ၆၉ ဒသမ ၂၇၅ ဒေါ်လာ သန်းဖြစ်သဖြင့် စုစုပေါင်းကုန် သွယ်မှုပမာဏအနေဖြင့် ၈၉ ဒသမ ၄၀
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် Duty Free Quota Free ဖြင့် တစ်နှစ်ပတ်လုံးတင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ရည်ရွယ်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပြောင်း ရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေ
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည် နှစ်စဉ်ပုံမှန
သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့ ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆည်၊ တံတားဦး၊ ကျောင်းကုန်း၊ ပုလိပ်၊ လှည်း
ဆန်ကိုပင်လယ်ရေကြောင်းအပြင် နယ်စပ် ဒေသများမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိရာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှု ပမာဏ စုစုပေါင်းရဲ့၈၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နေတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်း ရွှေဟော်၊ လွယ်ဂျယ်ဘက်ကနေ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဆန်တင်ပို့နိုင်မှု အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၈၂၉၂၅ ဒသမ ၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၃၆ သန်းဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ မီနီဘတ်ဂျက်ကာလတွင် တန်ချိန် ၅၃၃၁၅၄ ဒသမ ၆၀ တန်၊ တန်ဖိုးအမေရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) တွင် ကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ်(၁၀)ကို နိုဝင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးတို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ သင်တန်း တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမ
အိမ်နီးချင်းနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော ထိုင်း နိုင်ငံနှင့် ၁၉၄၈ ခုနှစ်တွင် သံတမန်စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီးနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ကူးလူးဆက်ဆံမှု ပြုလုပ်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံဆိုသော်လည်း နှစ်နိုင်ငံ နယ်နိမိတ်များမှာ တစ်ဆက်တည်း ရှိနေသလို မြစ် ချောင်းများနဲ့ပိုင်းခြားထားမှုများလည်းရှိပါတယ်။ ယခုအမှတ် (၂) ချစ်ကြည် ရေးတံတား ထပ်မံဖွင့်လှစ်လိုက်တဲ့ ကရင်ပြည်နယ် မြဝတီမြို့အနေဖြင့် နှစ်နိုင်ငံကို သောင်းရင်းမြစ်က ဖြတ်သန်းစီးဆင်းနေပြီး နှစ်နိုင်ငံဆက်သွယ်သ
မြန်မာနိုင်ငံတွင် လူဦးရေသန်း၅၀ကျော်ရှိသဖြင့် ပြည်တွင်း ဈေးကွက်ကို မသေးလှသော ဈေးကွက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပြည်တွင်းကုန်သွယ်မှုအတွက် မည်သည့်ဌာန၊ မည်သည့်အသင်း အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည်ကို မသဲကွဲလှဟု ထင်မြင်မိပါ သည်။ ဆိုလိုသည်မှာ ဈေးများကို စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူပြီးဆောင်ရွက်နေသည်ဆိုသော်လည်း ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများသည် သူ့သဘောသူဆောင်ကာ ဝယ်လိုအား ရောင်းလိုအားပေါ်မူတည်ကာ စီးဆင်းနေသည်ဟုသာ တွေ့ရပါ သည်။ တစ်ခါတစ်ရံတွင် ကုန်စည်စီးဆင်းမှုများ၊ ရောင်းအားဝယ် အားများကို အတိအကျသိရှိရန် မေးမြန်း၍ပင် မရသကဲ့သို့တွေ့ရ တတ်ပါသည်။ ကုန်ဈေးနှုန်းများကိုသာ ဈေးနှုန်းများအနေဖြင
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကို အောက်တိုဘာ ၃၀ ရက်မှစတင်၍ အပြည့် အဝဖြတ်သန်းခွင့်ပြုပြီးနောက် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Niyom Wairatpanich ကနှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်မှုတိုးမြှင့်ရေးသည် အရေးကြီးကြောင်း မဲဆောက်မှတစ်ဆင့် ကုန်သွယ်ရေးစီးဆင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနယ်စပ် ကုန်သွယ်ရေးသည် ယမန်နှစ်က ဘတ် ၁၉၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မဲဆောက်မှ နယ်စပ် ကုန်သွယ်ရေးသည် ဘတ် ၈၀ ဘီ
ထိုင်းနိုင်ငံတွင် အုန်းသီးဈေး ပြန်လည် ကောင်းလာသောကြောင့် မြန်မာ့အုန်းသီးများ တင်ပို့မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါ ထိုင်းနိုင်ငံ၌ လက်ရှိတွင် အုန်းသီးခြောက် တစ်လုံးလျှင် ထိုင်း ဘတ်ငွေ ၂၀ ခန့် ပေါက်ဈေးရှိနေပြီး ၂၀၁၈ ခုနှစ်က ထိုင်းဘတ်ငွေ ၁၀ ဘတ် မှ ၁၅ ဘတ်အထိသာ ပေါက်ဈေးရှိခဲ့ ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးဝင်း က အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။ “ပြီးခဲ့တဲ့နှစ်မှာ ကုန်သည်တွေက မူဆယ်ဘက်ကိုပဲ တင်ပို့ကြပါတယ်။ ဒီနှစ် ဈေးပြန်ကောင်းလာလို့ ပြန်ပြီး တင်ပို့ဖြစ်တာပါ။ အုန်းသီးဈေးနှုန်းနဲ့ တင်ပို့ရမယ့် တန်ချိန်ကိုတော့ ညှိနှိ