Background
Imperial အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့ ဂျင်တို့ဟာ အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် နိုင်ငံ တကာဈေးကွက်သို့ ခြေလှမ်းစတင်လှမ်းနေပြီဖြစ်ပါတယ်။
ပြည်တွင်းထုတ် မြန်မာဝီစကီများ ပြည်ပနိုင်ငံများသို့ ဈေးကွက် ဝင်ခဲ့တာ ၂၀၀၅ ခုနှစ် အစောပိုင်းကာလများကတည်းကဖြစ်ပြီး ွGrand Royal, Myanmar, Nandaw, Royal စသည့်အမှတ်တံဆိပ
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ မေ ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်း တန်ဖိုးရှိ ကြံ ၉၀၆၁ တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း
မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ကြံ တန် ၁၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဧပြီလတွင် ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၇၁၂ သန်း တန်ဖိုးရှိ ကြံ ၃၄၂၂၄ တန်တင်ပို့ခဲ့ပြီး
လွယ်ဂျယ်စခန်းကတော့ တင်ပို့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ကြံတစ်တန်ရဲ့ လိုင်စင်ဈေးမှာ ဒေါ်လာ ၅၀ ရှိ ကြောင်း သိရပါတယ်။
မြင့်မြင့်မာ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ မေ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်လံစကြက်သွန်နီများ ဝင် ရောက်မှုများနေပြီး ပွဲရုံလက်ကားဈေးအနေဖြင့် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့် ကျဆင်းသွားကြောင်း သိရပါတယ်။ မြို့မစည်ပင်ဈေးကြီးရှိ ပွဲရုံ များ၌ လက်ကားဈေးအနည်းငယ်ကျဆင်းမှုကြောင့် အိတ်ဆွဲသမားများ အဝယ် လိုက်နေပြီး လက်ကားတစ်ပိဿာ(ကြီး) ကျပ် ၅၀၀ ၊ (လတ်) ကျပ် ၄၅၀၊ (သေး) ကျပ် ၄၀၀တို့နှင့် ပုံမှန်ထက်အနည်းငယ်အရောင်းအဝယ်ကောင်း လာကြောင်း သိရပါတယ်။ အဝင်များလို့ ပွဲရုံဈေးကျပေမယ့် လက်လီဈေးတွင် အသေးများဈေး မကျဘဲ ပုံမှန်တစ်ပိဿာကို (ကြီး) ကျပ် ၆၅၀၊ (လတ်) ကျပ် ၆၀၀၊ (သေး) ကျပ် ၅၀၀ တို့နှင့် ရောင်းဝယ်လျက်ရှိနေပါတယ်။
မူဆယ် (၁၀၅) ကုန်သွယ်ရေးဇုန်မှ မေ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၃၅ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ပရဆေး ကုန်ကြမ်း ရှစ်မျိုးကို တန် ၅၁၀ သာတင်ပို့ခဲ့လို့ ယခုသီတင်းပတ် ပရဆေးကုန်ကြမ်းတင်ပို့မှု ၃၀၃ တန်ကျော် ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါ တယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကေ တာ့ မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ဝဥခြောက်၊ တောချင်း၊ ကွမ်းသီးခွံ၊ ဖန်ခါးသီးခြောက်၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ) ၊ နနွင်းခေါင်း၊ မုတ်ခါး၊ ဒရင် ကောက်မြစ်၊ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့တို့ ဖြစ်ပါ တယ်။
မြင့်မြင့်မာ
လာရှိုးဈေးကွက်တွင် ဒီတစ်ပတ်ပြောင်းအဝင်လျော့လာသလိုတရုတ်ဘက်ကလည်း ဝယ်လိုအားလျော့လာကြောင်း ဈေးကွက်အနေဖြင့် ပြောရရင်ပြောင်းသီးနှံအနေဖြင့် ဝယ်လိုအားထက်ရောင်းလိုအားကများနေကြောင်း အရောင်း အဝယ် အနေဖြင့်တစ်ပိဿာကို ၄၁၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်မှု ပမာဏနည်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်းကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်း တန်ဖိုးရှိ ဆီးဆန် ၂၄ တန်ကျော်နဲ့ ဆီးသီးခြောက် ၁၈ တန်ကျော်ကိုတရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၂၃ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုသီတင်း ပတ်မှာတော့ ဆီးဆန် တစ်တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်း ကတော့ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ဆီးဆန်၊ ဆီးသီးခြောက် တင်ပို့မှုမရှိသော်လည်း ဆီးယိုထုပ် ၂၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ဝိုင်းမော်ဒေသတို့က ထွက်ရှိတဲ့ တစ်သျှူးငှက်ပျောကိုလွယ်ဂျယ်ကုန်သွယ်ရေးစခန်းနဲ့ ကန် ပိုက်တီးကုန်သွယ်ရေးစခန်းမှ တရုတ်ပြည်သို့တင်ပို့လျက်ရှိရာ ဧပြီ ၂၃ ရက်မှ ၂၉ ရက် အတွင်း ကန်ဒေါ် လာ ၂ ဒသမ ၆၅၃ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျောတန်ချိန် ၇၉၅၆ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။
မြင့်မြင့်မာ
မူဆယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများ တွင်တရားဝင်တင်သွင်းရန် ကျန်ရှိနေသည့်လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရစိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ပြီးခဲ့သည့်မေလဆန်းပိုင်းက မူဆယ် (၁၀၅)မိုင်ကုန် သွယ်ရေးစခန်းမှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ်ရေးစခန်းမှ ၄၆၃၂ စီးတို့ကို လိုင်စင်များစိစစ်၍ တရားဝင်တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။ယခုအခါတွင် အဆိုပါစခန်းနှစ်ခုတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် ယာဉ် ယန္တရားကြီးများအားသက်တမ်း များတိုးမြှင့်၍ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ထို့ကြောင်းသက်ဆိုင်ရာစခန်းများတွင်သတင်းပေးပို့ ရန်ကျန်ရှိနေသည့်မော်တော်ယာဉ်တင
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်းတန်ဖိုးရှိ ဝဥခြောက် ၆၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၆ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ ဝဥခြောက် ၅၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအခါ ဝဥကို စနစ်တကျစိုက်ခင်း တွေနဲ့ စိုက်ပျိုးကြပြီး မြောင်းဘောင်တင်၍ စီးပွားဖြစ်စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။
မြင့်မြင့်မာ