Main menu

Background

Wednesday, 31 Jul 2013

ပခုက္ကူဒေသထွက် ကြက်သွန်နီ များကို တမူးနယ်စပ်မှစတင် စမ်းသပ် တင်ပို့လျက်ရှိပါတယ်။ ယခုအပတ် အတွင်း ကြက်သွန်နီ ၃၂ တန်၊ တန်ဖိုး သုည ဒသမ ၀၁၂ ဒေါ်လာသန်းတင်ပို့ နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ ကြက်သွန်နီ စိုက်ဧကအချို့ ရေကြီးပျက်စီးမှုများ ကြောင့်မိမိတို့ ကြက်သွန်ကိုဝယ်လိုအား ကောင်းမွန်လာနိုင်ကြောင်း ကုန်သည် များက မျှော်မှန်းနေကြပါတယ်။ကသရ (တမူး)

Wednesday, 31 Jul 2013

မြဝတီ ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ၂၃ရက်တာကာလအတွင်းကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ ကြက် သွန်နီ တန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့နိုင်ခြင်းမရှိခဲ့၍ ယခု အပတ်တွင်တန် ၃၀ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ တစ်ဖက်နိုင်ငံရဲ့ ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ကြက်သွန်နီအလုံးသေးများကို ပိုမို ကြိုက်နှစ်သက်ကြောင်း၊ စားသောက် ဆိုင်များနှင့် ဟိုတယ်အစားအစာများ တွင် အသုံးပြုကြောင်းသိရှိရပါတယ်။ခင်မြနွယ် (MIRT)

Wednesday, 31 Jul 2013

ဖျာပုံမြို့နယ် ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးရှဉ့်နဲ့ ငါးလင်ဗန်းတို့ကို ဇွန်၊ ဇူလိုင်လထဲမှာ အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးထွက်ရှိတဲ့ဒေသများကတော့ ကျုံကဒွန်း၊ ဒေါ်ညိမ်း၊ ဆိပ်မ၊ သောကြာ၊ နေရောင်ကာစတဲ့ ကျေးရွာများ အပြင် ဖျာပုံနယ်နိမိတ်နဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်ဘက်တွေကလည်း ယခုနှစ်မှာ ဖျာပုံ အဝယ်ဒိုင်ကို လာရောက်သွင်းကြပါတယ်။

Wednesday, 31 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆ ဒသမ ၄၇၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၇၆၁၄ တန်နီးပါးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းဖိုးရှိ (လုံးခြမ်း) တန် ၁၇၀ ကို ဇူလိုင်လတတိယပတ်မှာ တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်း ရောင်းဝယ်ရေးစခန်းမှလည်း ကန်ဒေါ် လာ သုည ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၂၅ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။

Wednesday, 31 Jul 2013

ယခုအပတ် ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်ထိတာ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ချင်း ရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၁၅၃ သန်း တန် ဖိုးရှိ ရေထွက်ကုန်တန် ၉၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ခန့် လျော့နည်းခဲ့ပါတယ်။

Wednesday, 31 Jul 2013

မူဆယ်-မန္တလေး ကုန်စည်စီးဆင်း မှု အတက်အဆင်းမမျှခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ တွက်ခြေမကိုက်ဘဲ လည်ပတ်ရုံသာရှိ နေကြောင်းသိရပါတယ်။ ကုန်စည် ပို့ဆောင်ခ နှုန်းထားများမှာ ဈေးကျ ဆင်းနေပြီး အတက်ကုန် တစ်ပိဿာကို ၅၄ကျပ်၊၅၅ကျပ်သာရှိသလိုအဆင်းကုန် တစ်ပိဿာကို ၃၈ ကျပ်၊ ၄၀ ကျပ်သာ ရှိပါတယ်။“ကုန်အတက်အဆင်းမမျှဘဲ ပို့ဆောင်နှုန်းကလည်း ကျနေတယ်။

Wednesday, 24 Jul 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်ကန်ဒေါ်လာ သန်း ၁၇၀ ကျော်၊ သွင်းကုန် ကန်ဒေါ်လာ ၁၄၇ သန်းကျော်ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၃၁၇ သန်း ကျော်ရရှိခဲ့ပါတယ်။

Wednesday, 24 Jul 2013

ဇူလိုင်လ ၁၀ ရက်မှ  ၁၆ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၉၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၇၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၁၁၃ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

Monday, 15 Jul 2013

ဇူလိုင်လ ၃ ရက်မှ ၉ ရက်တာ ကာလအတွင်းမူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၆၄ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ယခင်အပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၈၉၁ တန်ကျော်တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ မူဆယ် ၁၀၅ မိုင်မှ ယခုအပတ်မှာ ကွမ်းစားဂမုန်းနဲ့ ရွေးရွက် နှစ်မျိုးတည်းသာ ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကြက်ဆူစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ ဆီးဆံ၊ နေလဲစေ့၊ ဝဥခြောက်၊ စကားပန်းပွင့် ခြောက်၊ ဒရင်ကောက်မြစ်၊ မာလာဥ၊ တော ဂျင်း၊ တောင်လုံးကျော်၊ ကြောင် လျာစေ့နဲ့တောဂျူးမြစ်တို့မှာယခင် အပတ်ကထက် တင်ပို့မှုလျော့ နည်း ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိ သော ဂျင်းခြောက်၊ ဆီးခွဲသား၊ ရှားစေး၊ ရွေးစေ့၊ချဉ်ပေါင်ဖာလာ၊ ဖန်ခါးသီး ခြောက်၊ သီဟိုဠ်စေ့ (အခွံမပါ) နဲ့ မန်ကျည်းမှည့်တို့ကိုယခုအပတ် မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခုအပတ်မှာ ဒရင်ကောက်မြစ် တစ်မျိုး တည်းသာတင်ပို့မှုရှိခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်း ရောင်း ဝယ်ရေးစခန်း မှ ကန်ဒေါ်လာ ၁၀၄၀၀ တန်ဖိုးရှိ တောင်လုံးကျော်၊ ဟင်းရိုင်းဖြူ နဲ့ဇာတိပ္ဖိုလ်သီး၃တန် ကျော်တင်သွင်း မှုရှိခဲ့ တယ်လို့သိရှိရပါတယ်။ခင်ကလျာဦး MIRT ( DCCA )

Monday, 8 Jul 2013

သရက်သီးပြည်ပတင်ပို့ခြင်းကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးစခန်းမှ ဇွန်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၄၂၅ သန်းတန်ဖိုးရှိ စိန်တစ်လုံး၊ ရွှေဟင်္သာနဲ့ သရက်သီးအကြမ်း ၁၂၅၁ တန်ကိုတင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က တန်ချိန် ၁၆၀၀ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၄၉ တန်လျော့နည်းခဲ့ပါတယ်။ သရက်သီး ရာသီကုန်ဆုံးတော့မှာဖြစ်လို့ တစ်ပတ် ထက်တစ်ပတ်တင်ပို့မှု လျော့နည်းလာပါတယ်။ ဇွန်လအတွင်းသရက်သီး တန်ချိန် ၁၃၉၈၇ တန်ကျော် တင်ပို့နိုင် ခဲ့ပြီး မေလမှာတန်ချိန် ၁၆၀၀၀ ကျော်တင်ပို့ခဲ့တာမို့ ရာသီချိန်ကုန်ပြီလို့ ဆိုနိုင်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ သရက်သီး တစ်ကီလိုဈေးကို ၁ ဒသမ ၂ ယွမ်- ၄ ဒသမ ၃ ယွမ်ဈေးပေါက်နေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှာတော့ မုံရွာ၊ ကလေးမြို့များမှ ထွက် ရှိသော ရင်ကွဲ၊ မချစ်စုစတဲ့ သရက်သီးတွေကိုဒေသသုံး စားသုံး ရန် ယခုအပတ်မှာ  ၃၇ တန်ခွဲ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မော်မော်အောင်  MIRT ( DCCA )

Pages