Background
Mobile Team အဖွဲ့-၂ ခေတ္တ အခြေပြုအား သတင်းပေးချက်အရ အဗျားဝေါကွင်းရှောင်လမ်းပေါ်တွင် တရားမဝင် ကုန်တင်ယာဉ်များကို တွေ့ ရှိ၍ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ရာမှာ ဟိုင်းလတ်ယာဉ် တစ်စီးနဲ့ Light Truck တစ်စီးတို့အား လက်ရဖမ်းဆီးရ သဖြင့် Mobile Team အဖွဲ့-၂ ခေတ္တ အခြေပြုရာသို့ ယာဉ်နှစ်စီးအား ခေါ် ယူပြီး ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများ ကိုစစ်ဆေးခဲ့ပါတယ်။ ဟိုင်းလတ်ယာဉ် အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx ပေါ်မှ ကားလေးဒိုင်နမို၊ ဒီဇယ်ပန့်၊ ကားရှေ့ဘောနပ်ဖုံးများ၊ ရေတိုင်ကီ၊ ကားစတီယာတိုင် (one set)၊ ဒတ်ရှ် ဘုတ်၊ မော်တာပါကားနောက်ကြည့်မှန်၊ ကားရှေ့မီးအုံ၊ Silent မီးအုံ၊ Milage အုံ၊ နောက်ကြည့်မှန်၊ ကားရေတိုင်ကီ အဖုံး၊ ပလပ်ကြိုး၊ စတီရာရင်ဂျွိုင်းဘော၊ ကားဟွန်း၊ အိပ်ဇောစွပ်၊ ရေသုတ်တံ၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အပင်အားဆေးနဲ့ ပိုးသတ်ဆေးများ အပါအဝင် ကာလ တန်ဖိုး ကျပ် ၇၃ ဒသမ ၅၂၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း ၂၃ မျိုးကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ရတယ် လို့ သတင်းရရှိပါတယ်။ အဆိုပါရှောင် ကွင်းလမ်းမှာပင် Light Truck ယာဉ် အား တားဆီးရှာဖွေရာမှာ ကျပ် ၂၂ ဒသမ ၆၈၀ သိန်းတန်ဖိုးရှိ Beer Chang ၃၁၅ ဖာကိုလည်း သိမ်းဆည်း ခဲ့ရပါတယ်။တရားမဝင်ပစ္စည်းများ တင် ဆောင်လာတဲ့ယာဉ်များဟာ တရားဝင် မှတ်ပုံတင်ထားသော ယာဉ်များဟုတ် မဟုတ်စိစစ်ဆောင်ရွက်ရာမှာဟိုင်းလတ် ယာဉ် ၂ခ/xxxx မှာ တရားမဝင် မှတ်ပုံ တင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရ သဖြင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၀ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။Source:လရ-၂ MTN
မတ်လ ၂၀ ရက် ၁၂း၀၀ အချိန်မှာ Mobile Team အဖွဲ့-၂ စစ်ဆေးရေးအဖွဲ့ အခြေပြုရာနေရာမှ ဖြတ်သန်း သွားတဲ့ကုန်တင်ယာဉ် ၄/xxxx အားစစ်ဆေးရာမှာ ကျပ် ၄၄ ဒသမ ၉၀၆ သိန်းတန်ဖိုးရှိ လူသုံးဆေးဝါး (သောက်ဆေး၊ လိမ်းဆေး) ၃၂ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
မိုင်းယောင်းမြို့နယ်အတွင်းထွက်ရှိတဲ့ ဒေသသုံးထက်ပိုလျှံသောကောက်ညှင်း စပါးများကို ပြည်ပသို့ တင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ်မှစ၍ စပါးအတိုင်းပြည်ပသို့ တင်ပို့ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး မှာ ဒုတိယစခန်းတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားရာမှာထည့်သွင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူလူထုအလုပ်အကိုင် အခွင့်အလမ်း များရရှိရန် ရည်ရွယ်ပြီး ဒေသအတွင်းအရည်အသွေးမီကြိတ်ခွဲနိုင်သောဆန်စက်များ တည်ဆောက် ကာ ဆောင်ရွက်သွားရန် ညွှန်ကြားချက်များအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မိုင်းယောင်းဒေသမှ ထွက်ရှိလာမဲ့ ကောက်ညှင်းစပါးများအား တင်ပို့ ခွင့် ပေးတော့မှာမဟုတ်ကြောင်းသိရှိရပါတယ်။ Source: ကသရ (တခလ) ၊ခင်မိုးသူ
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတား ဆီးရေး တာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့-၂ ဟာ မတ်လ ၁၉ ရက်နေ့ သန်းခေါင်ယံအချိန် ၀၀း၂၀ နာရီမှာ ကျိုက်ထိုဘက်မှမောင်းနှင်လာတဲ့ ၆ ဘီးယာဉ် ၉က/**** အားစစ်ဆေးရာ မှာ တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ကြက်အသဲအမြစ် ၇၈၄ ကီလိုဂရမ်နဲ့ ပုစွန် ၃၈၅ ကီလိုဂရမ်အား စစ်ဆေးတွေ့ရှိသိမ်းဆည်းမှု ပြုလုပ် ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်နေ့ အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုမရှိပါ။ ရာသီဥတု ပူပြင်းလာပြီဖြစ် ၍ ရေထွက်တင်ပို့မှုလျော့နည်း လာတဲ့အပြင် ဖေဖော်ဝါရီလအတွင်း တရုတ်နှစ်ကူးပွဲတော်ရက်များမှာ ရေထွက်ပစ္စည်းများတရုတ်မျက်နှာစာသို့ ပိုမို တင်ပို့နေခြင်းကြောင့် လျော့နည်းခဲ့ရတယ်လို့သိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှ မိမိ ရေထွက်ပစ္စည်းများကိုကြိုက်နှစ် သက်ခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိ ကြောင်း၊ မိမိဘက်မှတင်ပို့တဲ့ငါးများကိုလည်း တစ်ဖက်နိုင်ငံတွင် အမှုန့်ကြိတ်၍ ငါးမှုန့်ပြု လုပ်ခြင်းဖြင့်တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်း၊ ပြည်တွင်း၌လည်းစားသုံးပြီးအချို့ကို ငါးအသားလွှာလုံး ပြုလုပ်ခြင်းနဲ့ ပြုပြင်အအေးခံ၍ Re-export ပြန်လည်ပြုလုပ် ကြောင်း သိရှိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိတာချီလိတ်နယ်စပ်မှတစ်ဆင့် ဒေသထွက်လိမ္မော်သီး များအား ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ဒေသထွက်လိမ္မော်သီးများမှာ နိုဝင် ဘာလမှ ဖေဖော်ဝါရီလထိထွက်ရှိပါတယ်။ ဇန်နဝါရီလမှာ တန်ဖိုးကျပ် ၁၀၉ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၅၈၁ တန်ကျော်၊ တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန်ဖိုး ကျပ် ၉၂ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၄၉၁ တန်ကျော်၊ တင်ပို့ခဲ့ပါတယ်။ အဆိုပါ လိမ္မော်သီးများကိုဖြောင့်ဖြူးပျော်ရွှင် ကုမ္ပဏီနဲ့ Eastern Agriculture ကုမ္ပဏီ တို့မှ တင်ပို့ခဲ့ကြပါတယ်။ လိမ္မော်သီးအဓိကထွက်ရှိတဲ့ ဒေသများမှာ တာချီ လိတ်မြို့နယ်ရှိ ဖန်မင်ကျေးရွာ၊ ဝမ်ကျောက်လုံကျေးရွာ၊ မိုင်းဆတ်မြို့နယ်ရှိ ဝမ်ဟုန်ကျေးရွာနဲ့ ကျိုင်းတုံမြို့နယ် များမှဖြစ်ပါတယ်။ ထွက်ရှိတဲ့ လိမ္မော်သီးများကို ထိုင်းနိုင်ငံမယ်ဆိုင် ဈေးကွက်သို့ ၁ ကီလိုဂရမ်လျှင် ၁၈၉ ကျပ်ဈေး (၁ တန်ကို ၁၈၉၀၀၀ ကျပ်) နဲ့တင်ပို့လျက်ရှိတယ်လို့သိရှိရပါတယ်။Source: နကသ (တခလ)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်စခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်း မှာ ကန်ဒေါ်လာ ၂ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၇၀၄ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ဖရဲသီးများဈေးကောင်းရရှိလာပြီး ဖရဲတစ်တန် လျှင် ယွမ် ၃၅၀၀-၄၀၀၀ အထိ ရရှိတယ်လို့ ဖရဲတင်ပို့သူ ကုန်သည်များထံမှ သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ ပြွန်တန်ဆာမြို့နဲ့ ကျောက်ဆည်နယ်၊ မုံရွာနယ်တစ်ဝိုက်မှ ဖရဲ တွေဝင်နေတာဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ဖေဖော်ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက် ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၇၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၆၀ တန်ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရေခဲငါး၊ ငါးလေးခြောက်နဲ့ ကင်းမွန်ခြောက်တို့ ပိုမို တင်ပို့ နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ တင်ပို့တဲ့အမယ်တွေက တော့ ကဏန်းတန် ၁၂၀ ခန့်၊ ငါးရှဉ့် ၁၁၅ တန်ခန့်၊ ရေခဲငါး ၁၅၉ တန်ခန့်၊ ငါးဆားနယ် ၉၃ တန်ခန့်၊ ငါးလေးခြောက်တန် ၂၇၀ ခန့်၊ ငါးခြောက် ၃၇ တန်နီးပါး၊ ကင်းမွန်ခြောက် ၂၀၄ တန်နီးပါး၊ ပုစွန်ခြောက် ၁၁ တန်ကျော်၊ ငါးမှုန့် တန် ၅၀ ကျော်နဲ့ ပြည်ကြီးငါး ၁ တန်ကျော်ဖြစ်ပါတယ်။ ချင်းရွှေဟော် စခန်းမှ ယခုအပတ်မှာ ရေထွက်ကုန် တင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်မှငါးရှဉ့်ဈေးမှာ တစ်တန်လျှင် ၄၇၄၁၀၀၀ ကျပ်၊ ၃၄၂၆၅ ယွမ်၊ ၅၅၀၀ ဒေါ်လာနဲ့ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘဲ ကဏန်းဈေးမှာတစ်တန်လျှင် ၃၇၄၁၀၈၀ ကျပ်၊ ၂၆၉၉၅ ယွမ်၊ ၄၃၄၀ ဒေါ်လာဈေးပေါက်ပြီး ယခင် အပတ်ထက် ကဏန်းအဝင်များတာကြောင့် ဈေးအနည်းငယ် ကျလျက်ရှိပါတယ်။ ကဏန်းတင်ပို့မှုမှာလည်း ၃၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
စစ်တွေဒေသမှ အဓိကထွက်ရှိတဲ့ ရေငန်ပုစွန်အပြင် ငါးမြစ်ချင်းများကို ရန်ကုန်မှတစ်ဆင့် တင်ပို့ခြင်း မပြုတော့ဘဲ စစ်တွေမှ တင်ပို့နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငါးမြစ်ချင်း နဲ့ပက်သတ်ပြီး သားဖောက် လုပ်ငန်းများလုပ်ဖို့ စီစဉ်ထားပါကြောင်း အကြံပြုချက်အနေ ဖြင့် တရားမဝင် လမ်းကြောင်းတွေကို အဖွဲ့အစည်းများဖြင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်သွယ်မှုပိုင်း တက်လာနိုင်တယ်လို့ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးမြင့်သိန်းမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစပြီး တစ်နိုင်တစ်ဆွဲ သယ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်း ရှင်များအား ITC ကတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဒေသနေပြည်သူ များအား အသိပေး ထားသော်လည်း တာချီလိတ်ဒေသတွင် လားဟူနှစ်သစ်ကူး ပွဲတော်ကာလနဲ့ တရုတ် နှစ်သစ်ကူး ကာလများ တိုက်ဆိုင်နေသဖြင့် နှစ်သစ်ကူးပွဲတော်ကာလများပြီးတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာစတင်လျှောက် ထားမှုများရှိခဲ့ပါတယ်။ ၁၄ ရက် နေ့မှ ၂၁ ရက်နေ့ထိ ITC ကတ်ထုတ်ပေးမှု ၁၂ စောင်ရှိခဲ့ပြီးကျိုင်းတုံဒေသ၊ တာချီ လိတ် မြို့နဲ့ တာလေကျေးရွာမှ လျှောက်ထားမှုများရှိခဲ့ပါတယ်။ လိုင်စင်လျှောက် ထားမှု အနေဖြင့် သွင်းကုန်လိုင်စင် လေးစောင်လျှောက်ထားခဲ့ပြီး တန်ဖိုးအားဖြင့် ၁၄၄၄၈၃၆၅ ကျပ်ဖြစ်ပါတယ်။ အဓိကလျှောက်ထား တဲ့ပစ္စည်းများမှာ ခေါင်းလျှော် ရည်၊ ဆပ်ပြာမှုန့်၊ မင်းဂွတ်သီး၊ မန်ကျည်းသီး၊ သရက်သီး တို့ဖြစ်ကြပြီး လူသုံးကုန် ပစ္စည်းများလည်း လျှောက်ထားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ITC ကတ်ဖြင့် လိုင်စင် လျှောက်ထားသူ များအနေဖြင့်တာချီလိတ်ဒေသတွင် FDA ရုံးမရှိသဖြင့် စားသောက် ကုန်များတင်သွင်းရာ တွင် အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံများရဲ့ပြောကြား ချက်အရ သိရပါတယ်။ နယ်စပ်ဒေသဖြစ်သဖြင့် တစ်ဖက်နိုင်ငံမှ စားသောက်ကုန် များကိုသာ အဓိကအားထား စားသောက်တဲ့ဒေသဖြစ်သဖြင့် စားသောက်ကုန်များ အား လိုင်စင်လျှောက်ထားရာတွင် လွယ်ကူသည့် အစီအစဉ်များ ပြုလုပ်ပေး သင့် ကြောင်း ဒေသခံများ ရဲ့ပြောကြားချက်အရ သိရပါတယ်။Source:နကသ (တခလ)၊ကျော်စိုးဝင်း