Main menu

Background

Monday, 18 Feb 2013

မြန်မာ-အိန္ဒိယနယ်စပ်ရဲ့ အဓိကပို့ကုန်တစ်ခုဖြစ်တဲ့ ကွမ်းသီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၂ ရက်ထိ ကာလအတွင်းမှာ တန်ချိန် ၉၂ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတင်ပို့မှုလျော့ကျ လျက်ရှိပါ တယ်။ ယခင် အပတ်က တမူးနယ်စပ်ရောရိဒ်နယ်စပ်ပါ ကွမ်းသီးတင်ပို့နိုင်ပြီး ယခု အပတ်မှာ တမူးနယ်စပ်တစ်ခုတည်းမှ တင်ပို့ နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှု ကျဆင်းခဲ့ရခြင်းဖြစ်ပါတယ်။ ကွမ်းသီးအဝင်နည်းတဲ့ အတွက် ဈေးပိုပေးပြီး ဝယ်ယူနေ ကြတာဖြစ်ပါတယ်။ တမူးနယ်စပ်မှာကွမ်းသီးဈေးဟာ မိမိဘက်မှာ ၁ ပိဿာကို ယခင် ၁၆၀၀ ကျပ်မှ ယခု ၁၇၀၀ ကျပ်သို့တက်လာပြီး တစ်ဖက်နိုင်ငံမိုရေးဈေး ကတော့ ၁ ပိဿာကို ၁၂၀ ရူပီးမှ ၁၂၅ ရူပီးသို့ ဈေးကောင်းလာပါတယ်။MIRT (DOBT)

Monday, 18 Feb 2013

Moei  မြစ်ကိုဖြတ်ကျော်ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အား မကြာမီ ကာလမှာ ဘတ်သန်း ၄၀ အကုန်အကျခံကာပြုပြင်မွမ်းမံမှုပြီးစီးတော့ မယ်လို့ ထိုင်းအစိုးရအင်ဂျင်နီယာချုပ် က မြဝတီမှာပြောကြားခဲ့တယ် လို့သိရပါတယ်။

Monday, 18 Feb 2013

ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိက သွင်းကုန် အမယ်တစ်မျိုးဖြစ်တဲ့ ဘိလပ်မြေ တင်သွင်းမှုဟာ မြစ်ကြီးနား-ကန်ပိုက်တီး ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ကျိုးကျပျက်စီးနေတဲ့ ခုနှစ်ရောင်စုံ တံတား ပြန်လည် ပြုပြင် ပြီးစီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှစပြီး ပြန် လည် မြင့်တက်လာလျက် ရှိပါတယ်။ ကန်ပိုက်တီးစခန်းရဲ့ ဘိလပ်မြေတင်သွင်းမှုဟာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန် ချိန် ၁၁၈၈၆၂ တန်၊ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၈၉ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃၀၀၄၁ တန်၊ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၆၉ သန်းအထိ တင်သွင်း နိုင်ခဲ့ပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ၁၅-၂-၂၀၁၃ နေ့ထိ တန်ချိန် ၄၀၁၁ တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၂၃ ဒေါ်လာသန်းထိသာ အမှန်တင်သွင်းနိုင်သေး သော်လည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေ သွင်းကုန်လိုင်စင်လျှောက်ထားမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ထိ ရှိခဲ့ပြီးမြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်စတဲ့ဒေသများမှာ နယ်မြေ တည်ငြိမ် အေးချမ်းမှုရရှိလာပြီး နယ်မြေဒေသခံများရဲ့ တည်ဆောက်ရေးလုပ်ငန်းများမှာ အသုံးပြုရန်လိုအပ်ချက် များ မြင့်မားလာလျက်ရှိတဲ့အတွက် ယခုလိုတင်သွင်းမှု ပိုမို လာခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။  ကပတ (ကမရ)

Monday, 18 Feb 2013

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ လဒုတိယအပတ်အတွင်းမှာ စားအုန်းဆီ ဆီကြမ်းကြိတ်တဲ့ စက်အပိုပစ္စည်းများ ဆီအုန်းပျိုးခင်းများကို မြေသြဇာ ကျွေး ရာမှာ အသုံးပြုတဲ့ပက်ဖြန်းစက် (Fertilizer Spreader) တို့ ကို ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီက တင်သွင်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Monday, 18 Feb 2013

ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ Mobile Team  အဖွဲ့-၂ မှ ကျပ် ၁၁၆၈ သမ ၆၇၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများကို စစ်ဆေးတွေ့ရှိ ခဲ့ရတဲ့အတွက် အကောက်ခွန်အမှုတွဲများဖွင့်လှစ်ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။

စစ်ဆေးတွေ့ရှိရတဲ့ပစ္စည်းတွေကတော့ စားဖိုချောင်သုံး စတီးပစ္စည်းများ၊ စတီးအိုးခွက်များ၊ ရေခဲဘူး၊ ပဲပုပ်စေ့အချဉ် ပုလင်း၊ အိမ်သုံးဆေးဝါးများ၊ ပီလောပီနံမှုန့်၊ ပိုးသတ်ဆေး၊ အသီးပွင့်အားဆေး၊ ဆေးဖျန်းပိုက်၊ ကွမ်းစားဆေး၊ Chang Beer, Singha Beer, Spy Wine, Diablo Beer, ဝီစကီ၊ Volka အရက်၊ကော်ဖီ၊စားဆီ၊ ဘီစကစ်၊ ဝေဖာ၊ မုန့်ဖာ၊ မုန့် သေတ္တာပုံး၊ ပဲနို့ရည်၊ ပူရှိန်းတောင့်၊ အချိုရည်မျိုးစုံ၊ ခေါက်ဆွဲ ခြောက်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ ငံပြာရည်၊ ခရုဆီ၊ Nivea တံဆိပ်အလှကုန်များ၊ ကျား/မ ကလေးဝတ် ဂျင်း အထည်များ၊အနွေးထည်များ၊ ကလေးခေါင်းအုံး၊ ပလတ်စတစ် ဖျာ၊ ခေါင်းလိမ်းဆီ၊ အဝတ်အထည် (တီရှပ် ကလေး/မဝတ်)၊ ကားကူရှင်စွပ်၊ ကားဘီးစွပ်၊ ဆပ်ပြာ၊ ခလေးနို့ဘူး၊ ကားပစ္စည်း မျိုးစုံတို့ဖြစ်ကြပါတယ်။ စစ်ဆေးတွေ့ရှိရမှုကိုကြည့်လျှင် စာရွက်စာတမ်းပြည့်စုံမှု မရှိသလို ID ထက်ပိုမိုတာ၊ Manifest   မှာ မပါတဲ့ပစ္စည်း၊ မည်သည့် စာရွက်စာတမ်းအထောက်အထားမပါတာလည်း ရှိနေပါတယ်။ တရားမဝင်ပစ္စည်းများကို ရှောင်ကွင်းလမ်းမှ သယ်ယူနေသလို  ကားအမိုးပေါ်မှာ  ဖြန့်တင်တာမျိုး၊ ယာဉ် မောင်းခေါင်းခန်းမှာ  သယ်လာတာမျိုး၊   အံဝှက်များ၊ နောက်ဆုံးတန်းထိုင်ခုံအောက်များ၊ Gas အိုးအကန့်များ၊ ရေတိုင်ကီခန်းတို့မှာ ဝှက်သယ်လာ တာမျိုး၊ တောင်ထန်း အောက်၊ထုံးအိတ်များအောက်မှာ ဝှက်သယ်လာတာမျိုး နည်း မျိုးစုံနဲ့တရားမဝင် သယ်ဆောင် နေကြတာကို တွေ့ရှိနေရပါ တယ်။ အရက်နဲ့ဘီယာ၊ ဝိုင်ကလွဲလျှင် ကျန်သိမ်းဆည်းရတဲ့ ပစ္စည်းတွေဟာ တရားဝင်ကုန်သွယ်ခွင့်ပေးထားတဲ့ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ထုတ်ကုန်သွင်းကုန်မှတ်ပုံတင် လုပ်မထားလျှင်တောင် ITC (Individual Trading Card)   နဲ့ သွင်းလို့ရတဲ့ပစ္စည်းများလည်း ပါရှိနေတာတွေ့နေ ရပြန်ပါ တယ်။ အစိုးရသစ်အနေနဲ့ ဖြေလျော့မှုအဆင့်ဆင့်ဆောင်ရွက် ပေးနေသော်လည်း အခွန်ရှောင်ပြီး တရားမဝင် ကုန်သွယ်မှု တွေ များပြားနေတဲ့အတွက် တရားဝင်လုပ်ဆောင်သူများနဲ့ ပြည်တွင်း SMEs  များကို အကာအကွယ် ပေးရန် တရားမဝင် ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်နေရခြင်းကို မလွဲမသွေ လုပ်ရန်လိုအပ် တယ်ဆိုတာ ယခုလိုသိမ်းဆည်းရမိမှုတွေက သက်သေပြလျက်ရှိနေကြောင်းပါ။ Source:  လရ-၂၊MTN
 

Monday, 18 Feb 2013

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်း ချုပ်ရေးအဖွဲ့ Mobile Team  အဖွဲ့-၁ ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ၁၉း၀၀ ချိန်မှာ နောင်ချိုမြို့ Asia World ဂိတ်အနီး ကုန်တင်ယာဉ်များကိုစစ်ဆေး စဉ် အကောက်ခွန်မဲ့ ကြက်ဆီဘူးများကို Light Truck  ယာဉ်တစ်စီးပေါ်မှ တွေ့ ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Monday, 18 Feb 2013

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်လမ်းခွဲအလွန် သံလမ်းကူးအနီး ရှောင်ကွင်းလမ်းကို Light Truck ယာဉ် ၂ စီးဝင်ရောက်သွားကြောင်း ညောင်ခါး ရှည်ရဲစခန်းမှူးရဲ့သတင်းအရ စခန်းထုတ်နုတ်အင်အား၊ လရ-၂ ထုတ်နုတ်အင်အား နဲ့ ပူးပေါင်းဖမ်းဆီးမှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၁း၄၀ အချိန်မှာ ပြုလုပ်ခဲ့ရ တယ်လို့ သတင်းရရှိပါတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာ ပူးပေါင်းပိတ်ဆို့နိုင်ခဲ့ပြီး Light Truck  ယာဉ် ၅ဂ/xxxx နဲ့ ၈ဇ/xxxx ၂ စီးအား လရ-၂ အခြေပြုနေရာသို့ ခေါ်ဆောင်ခဲ့ပြီး ယာဉ်ပေါ်ပါကုန်များအား အသေးစိတ်ဖွင့်ဖောက်စစ်ဆေးရာမှာ ကျပ်သိန်း ၆၃ ဒသမ ၀၅၀ တန်ဖိုးရှိ ကားပစ္စည်း ၃၂ မျိုးနဲ့ ကျပ်သိန်း ၅၀ ဒသမ ၈၆၂ တန်ဖိုးရှိ PVC   ဖျာ၊ ကော်ဖီခွက်၊ ခေါင်းလိမ်းဆီ၊ ဆပ်ပြာ၊ ကလေးနို့ဘူး၊ ကလေးဝတ်တီရှပ်၊ မဝတ် အဝတ်အထည်များနဲ့ ကားကူရှင်စွပ်များကို တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Monday, 18 Feb 2013

ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဖောက်လုပ်နေသော ဘူးသီး တောင်-မောင်တော  ဥမင်လိုဏ်ခေါင်းလမ်းကို  လမ်းလွှဲလမ်း ဖောက်လုပ်ရေး လုပ်ငန်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်ပိုင်းမတ်လ မှာပြီးစီးမယ်လို့ခန့်မှန်းနေ ကြပါတယ်။ လက်ရှိလမ်းပိုင်းမှာ ၁၉၁၈ ခုနှစ်က ဖောက်လုပ် ထားခဲ့ခြင်းဖြစ် ရာ နှစ်ပေါင်းရာကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်းလမ်းလွှဲဟာ အရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေနဲ့ အမြင့် ၁၈ ပေရှိပြီး လမ်းဖောက်လုပ်မှုကို ပွင့်လင်းရာသီမှသာ လုပ်ဆောင်နိုင်ပါတယ်။ မိုးရာသီ မှာတောင်ပြို/မြေပြိုခြင်း များကြောင့် လမ်းများပျက်စီးမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ သဘာ၀ ဘေး အန္တရာယ်များကို ကာကွယ်ရန်အတွက် ဥမင်လိုဏ်ခေါင်းကို လွှဲပြီး ပတ်လမ်း ဖောက်လုပ်နေတယ်လို့သိရပါတယ်။ ပျက်စီးနေသောလမ်းပိုင်းများကို ယာဉ်ယန္တရား ကြီးများအသုံးပြု ပြင်ဆင်နေပြီး မတ်လကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်။

Monday, 18 Feb 2013

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူးရဲ့ကြီးကြပ်မှုဖြင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဦးမောင်မောင် အေး (ဦးစီးမှူး) ဦးစီးတဲ့ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းမီဒီယာ၊ နယ်စပ် ကုန်သွယ်ရေးကုန်သည် အသင်းတို့မှ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တမူး-ကလေး ကားလမ်းမပေါ်ရှိ နန့်မွန်တားရွာအနီးတွင် စားသုံးသူအကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးတို့အတွက် မော်တော်ယာဉ်များ အား စစ်ဆေးရှာဖွေမှုများပြုလုပ် လျက်ရှိပါတယ်။ ယင်းကဲ့သို့ရှာဖွေစစ်ဆေးရာမှာ အများပြည်သူများ စားသုံးရန် မသင့်သော ကွမ်းငုံဆေးများနဲ့ အကောက် ခွန်မဲ့ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံလုပ် သွားတိုက်ဆေး၊ ဓါတ်မီး၊ အမွှေးတိုင်နဲ့ Hair Removal Cream (အမွှေး ချွတ်ဆေး)တို့ကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးစုစုပေါင်း ၁၄၃၂၆၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါတယ်။ သိမ်းဆည်း ရမိတဲ့ အကောက်ခွန်မဲ့ကုန်ပစ္စည်းများဟာ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်တစ်ဆွဲပိုင် ရောင်းဝယ်ကြသော ဒေသခံပြည်သူများအတွက်  ITC  ကတ်များ ထုတ်ပေးပြီး သွင်းကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးနေသော ကုန်ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ တရားဝင် အခွန်ပေးဆောင်ကာ ကူးသန်းရောင်းဝယ် ကြရန်လိုအပ်ကြောင်း အသိပေးလိုက်ရ ပါတယ်။လှဌေး (တမူး)

Monday, 18 Feb 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းဟာ တရား မဝင်မှောင်ခိုကုန်သွယ်မှုပြုလုပ်လိုသူများအတွက် ကျင်လည် ကျက်စားရာ လမ်းကြောင်းတစ်ခုဖြစ်သလို အောက်လမ်း နည်းများကိုအသုံးချပြီး တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေ ကြတဲ့အတွက်စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team အနေနဲ့ လမ်းကြောင်းပေါ်ရောက်အောင် စည်းရုံးပညာပေးခြင်းအပြင် သိမ်းဆည်း အရေးယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ မှောင်ခို ကုန်သည်များဟာ ပိုးဖလံကဲ့သို့ မိမိကိုယ်ကို အလောင်ကျွမ်းခံပြီး သိလျက်နဲ့မီးရှိရာတိုးဝင်နေသလို Mobile Team အဖွဲ့ရဲ့ ပင်ပန်းအဆင်းရဲ ခံဆောင်ရွက်နေခြင်းကို အလစ်အငိုက်ကို အခွင့် ကောင်းယူအသုံးချပြီး လစ်ရင်လစ် သလို ကျော် လွှားပြီး မြက်မြက်ကလေးဖော်စားနိုင်အောင် ဝင်တိုးနေကြတာကို အရေးယူခဲ့ရတဲ့ဖြစ်စဉ်များအရ သုံးသပ်ရပါ တယ်။

Pages