Background
နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့သစ်ခွများကို နယ်စပ် ကုန်သွယ်ရေးနည်းလမ်းအရ သွင်းကုန်လိုင်စင်နဲ့တင်သွင်းမယ်ဆိုလျှင် သစ်တော ရေးရာဝန်ကြီးဌာနရဲ့ CITES ပါမစ်ရယူဆောင်ရွက်ရန်လို မလိုနဲ့ လိုအပ်ပါက သစ်ခွအမျိုးအစားအလိုက်လိုအပ်ချက်သဘောထား များ ပြန်ကြားပေးရန် နယ်စပ်ကုန်သွယ်ေ ရး ဦးစီးဌာနမှတောင်းဆိုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနဲ့သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ CITES ပါမစ်ရယူ ဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့ သစ်ခွအမျိုးအစားအလိုက် လိုအပ်ချက် များ ကိုသိရှိနိုင်ရန် အတွက် အသိပေးလိုက်ရပါတယ်။
မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ် မှ Mobile Team -အဖွဲ့ (၂)ဟာ ထပ်သွားကုန်ဘူတာအနီးနဲ့ ရှောင်ကွင်း လမ်းပေါ်မှာ Beer Chan များကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်း ပေါ်ရှိ Mobile Team အဖွဲ့၂ ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၃း၂၀ ခန့်မှာ မော်လမြိုင်မြို့မှ ပုလင်းခွံနဲ့ ဂျပ်ဖာအဟောင်းများတင်ဆောင် လာ တဲ့ယာဉ်ကို Spot Check ဆောင်ရွက် ရာမှာ ကျပ် ၁၆၂၀၀၀၀ိ/- တန်ဖိုးရှိ Diablo အမှတ်တံဆိပ်ပါ Extra Strong Beer ၁၅၀ ဖာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ တစ်ဖာမှာ ၅၀၀ မီလီလီတာပါ သံဘူး ၂၄ ဘူးပါရှိတာဖြစ်ပါတယ်။ ပညာပေး ကာလ ၂ လမှာလည်း ကန့်သတ်ကုန် ဘီယာ၊ ဝိုင်များ၊ ဝေဖာ၊ ပီကေ၊ ချော ကလက်မုန့်၊ ဘီစကစ်များသယ်ယူမှု ရှိသလို ခွင့်ပြုထားသောပစ္စည်းများကို လိုင်စင်မဲ့တင်သွင်းခြင်း၊ လိုင်စင်ပါအရေ အတွက်ထက်ပိုမိုတင်သွင်းခြင်း၊ အမယ် လွဲများတင်သွင်းခြင်းများကို လုပ်ဆောင် နေခဲ့ကြရာမှာ ကန့်သတ်ကုန်မှအပကျန် ပစ္စည်းများကို လိုအပ်သောေ ထာက်ခံ ချက် (စားသောက်ကုန်/ ဆေးဝါးဖြစ် လျှင်FDA)များရယူစေပြီးနောက် လိုင် စင်လျှောက်ထားစေတာ၊ ယာယီ သိမ်း ဆည်းထားသော ပစ္စည်းများကို ပြန် လည် လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ကြက်သား အစို၊ ပုစွန်၊ ကြက်ဥစတာတွေကိုတော့ FDA ထောက်ခံချက်ရယူစောင့်ဆိုင်းရန် မဖြစ်နိုင်ခြင်း၊ ကြိုတင် တင်သွင်းခွင့် လျှောက်မထားခြင်း၊FDA ထောက်ခံ ချက်ယူမထားခြင်းတို့ကြောင့် မီးရှို့ ဖျက် ဆီးမှုများပြုလုပ်တယ်လို့ သိရပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေးတွင် ITC ကတ်များ ထုတ်ပေးပြီးနောက်ပိုင်း ၂၀-၁-၂၀၁၃ ထိ တစ်နိုင်တစ်ဆွဲ ပစ္စည်းများ ဖြစ်သော အလှကုန်မျိုးစုံ၊ လူသုံး၊ အိမ်သုံးပစ္စည်းများကို တရားဝင်ကုန်သွယ်မှုပြုလုပ်နေကြပြီဖြစ်ပါတယ်။ လမ်းကြောင်းမှန်ပေါ် သို့ အပြည့်အဝမရောက်သေးသော်လည်း OSS အဖွဲ့ဌာနဆိုင်ရာများမှ Mobile Team အဖွဲ့မှ အခွန်ဆောင်သယ်ယူ အောင် စည်းရုံးခြင်း၊ လုပ်ငန်းနားမလည်သူများအားလိုင်စင်လျှောက်ထားခြင်း၊ ဂျူတီဆော င်ခြင်း၊ ယာဉ်စစ်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်တတ်စေရန် စေတနာထားကူညီပေးမှုကြောင့် ယခင်အေ ကာက်ခွန်မဲ့သွားလာနေသော ပိတ်စအပွင့် ဖော်သည့် လက်ရေးဆိုးဆေးဘူး (3D Outliner) အဝတ်စတွင်ဘော်ကြယ်များကပ်သည့် (3D Glue) စသည့် အိမ်တွင်းမှု လုပ်ငန်းသုံးပစ္စည်းများ၊ ဆံပင်ပေါင်းဆေး၊ ခေါင်းလိမ်းဆီစသည့် အလှကုန်များ၊ ဒစ္စကိုရွှေလက်ဝတ်ရတနာမျိုးစုံတို့ အပါအဝင် အရည်အသွေး စုံ အိန္ဒိယနိုင်ငံထုတ် အဝတ်အထည်များကို ITC နဲ့တင်သွင်းလာနေကြပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ စမ်းစမ်းအေး (တမူး)
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာကာလ အတွင်းမှာကန်ဒေါ်လာသုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော တန်ချိန် ၁၀၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း တန်ချိန် ၁၀၀၀ ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်ဒေသနဲ့ ရှာပါဒါန်ဒေသတို့မှာ စိုက်ပျိုးထားတာဖြစ်ပါတယ်။ ထွက်ရှိတဲ့တစ်သျှူးငှက်ပျောများကို ယခင်က ရှာပါဒါန်ဒေသမှ တစ်ဆင့် လိုင်ဇာနယ်စပ်ပေါက်မှ တင်ပို့ခဲ့သော်လည်း ယခုနယ်မြေလုံခြုံမှုမရှိ၍ ဝိုင်းမော်ဒေသ မှတစ်ဆင့် ကန်ပိုက်တီးနယ်စပ်ပေါက်မှ တင်ပို့နေတာဖြစ်ပါတယ်။ တစ်သျှူးငှက်ပျောတစ်တန်ကို တစ်သိန်းခွဲဈေးရှိ တယ်လို့ သိရပါ တယ်။ MIRT (DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်နေ့ထိကာလ အတွင်း မှာ ကန်ဒေါ်လာ သုည ဒသမ ၂၃၂ သန်းတန်ဖိုးရှိ ရေထွက် ကုန် ငါးမျိုးစုံ ၇၅ တန်နီးပါး၊ ပုစွန် ၈ တန်ကျော်၊ ကဏန်း ၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်တွင် ပုစွန် တင်ပို့မှုပိုမိုသော်လည်း ငါးမျိုးစုံနှင့် ကဏန်းတင်ပို့မှုလျော့နည်း တာကြောင့်ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၃၅တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၆၁၁ သန်းတန်ဖိုးရှိ ဖရဲသီး ၁၀၆၃၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၆၅၄ တန်သိသိသာသာပိုမိုတင်ပို့ခဲ့ပါတယ်။ မြင်းခြံ၊ မုံရွာ၊ ကျောက်ဆည်နဲ့မိတ္ထီလာဘက်က ဖရဲတွေဝင်နေတာဖြစ်ပါ တယ်။ ရာသီကုန်ဖရဲတွေ ဈေးကောင်းရပြီး အစေ့မဲ့တစ်တန် လျှင် ယွမ် ၄၀၀၀၊ ရိုးရိုးအဖြူ ယွမ် ၃၀၀၀ -၃၅၀၀ ဈေး ပေါက်တယ်လို့သိရပါတယ်။
စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည် စီးဆင်းမှု တားဆီးနိုင် ရန် လှုပ်ရှားအဖွဲ့ Mobile Team များနဲ့ စစ်ဆေးပညာပေးကာလကို နိုဝင်ဘာ လမှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေး ကာလ နှစ်လ ပြည့်ပြီးနောက် ပိုင်းမှာ တော့ အရေးယူမှုကို ဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်ရှိ Mobile Team အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး ညောင်ခါး ရှည် နဲ့ အဗျားကျေးရွာအကြား ကား လမ်းဆုံမှာ ရပ်တန့်စစ်ဆေးမှုများ ပြု လုပ်ခဲ့ရာမှာ ကုန်ကြေညာလွှာ မှာ ဖော်ပြထားတဲ့ပစ္စည်းပမာဏနဲ့ ယာဉ်ပေါ်မှာပါတဲ့ကုန်ပစ္စည်းပမာဏအရ သင့်လျော်မှုမရှိဟုသံသယရှိတဲ့အတွက် ပစ္စည်းများအားလုံးကို အသေးစိတ် စစ် ဆေးမှုပြုလုပ်ရာ မှန်လုံယာဉ် နှစ်စီး ပေါ်မှ တရားမဝင် သယ်ဆောင်လာတဲ့ စားသောက်ကုန်ပစ္စည်း ကျပ် ၃ ဒသမ ၇ သန်းကျော်ဖိုးအား ရှာဖွေတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲများဖွင့် လှစ်ထိန်းသိမ်းထားတယ်လို့ သတင်း ရရှိပါတယ်။ မှန်လုံယာဉ်တစ်စီးပေါ်မှ ကျပ် ၂ ဒသမ ၄၆၂ သန်းတန်ဖိုးရှိ ကော်ဖီ၊ မိုင်လို၊ ဘီစကစ်ကရင်မ်ညှပ်၊ ပီကေ စတဲ့စားသောက်ကုန် ၉ မျိုးနဲ့ အခြား မှန်လုံယာဉ်တစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ ဒင်္ဂါးပြား ချော ကလက်၊ ပူရှိန်းသကြားလုံး၊ ခံတွင်းငုံ ဆေးပြား၊ ပီကေ၊ စတော်ဘယ်ရီကရင်မ် ညှပ်ကွတ်ကီး၊ ချောကလက်ဘီစကစ်၊ ချိုချဉ်၊ ချိုချဉ်တောင့်စတဲ့စားသောက် ကုန် ၁၄ မျိုးအား တရားမဝင်သယ် ဆောင် လာတာကို စစ်ဆေးတွေ့ရှိခဲ့ရ တာလို့ သိရှိရပါတယ်။ Source:လရ-၂ MTN
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာချစ်ကြည် ရေးတံတားအနီး ဘုရင့်နောင် လမ်းမ မှာ Today Top Star ကုမ္ပဏီရဲ့ ငွေလဲ ကောင်တာကို ဇန်နဝါရီလ ၉ ရက်မနက် ၉ နာရီမှာဖွင့်လှစ်ခဲ့တယ်လို့ သိရှိရတဲ့ အတွက် တာဝန်ခံ ဦးသက်တင်နဲ့ သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နိုင်ငံ ခြားငွေများ (FE) ဝယ်ယူ ရောင်းချ လဲ လှယ်ပေးခွင့် လိုင်စင်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ Today Top Star ကုမ္ပဏီအနေနဲ့ မြဝတီမြို့မှာ လုပ်ဆောင်ခွင့်ရရှိခဲ့ကြောင်းနဲ့ နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ အခါအား လျော်စွာ ထုတ်ပြန် သတ်မှတ်တဲ့ စည်း မျဉ်း ဥပဒေများနဲ့အညီ ဝယ်ယူခွင့်၊ ရောင်းချခွင့်နဲ့လဲလှယ်ပေးခွင့်ကို ဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
စားသုံးသူအကာအကွယ် ပေးရေး နဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့ နည်း ကျဆင်းစေရေးအတွက် တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူဆယ်-မန္တလေးလမ်းကြောင်းပေါ်မှာ တရား မဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ (၁) အားလည်းကောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်မှာ တရား မဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး အဖွဲ့(၂)အားလည်းကောင်း ထားရှိကာ တရားမဝင် ကုန်သွယ်မှုများအား စစ် ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရ ပါတယ်။