Main menu

Background

Monday, 21 Jan 2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲသစ်ပေါ်ချိန်နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်ရဲ့ ပဲသစ်ပေါ်ချိန် ဟာ တိုက်ဆိုင်နေပါတယ်။  အိန္ဒိယနိုင်ငံမှာ ပဲသစ်ပေါ် ချိန် ဖြစ်လို့ အရောင်းအဝယ်အေးနေတာဖြစ်ပါတယ်။ ယခင် တင်ပို့နေကျ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲလုံးဝါနဲ့ ပဲပုပ်တို့ ယခုဇန်နဝါရီလတွင် လိုင်စင်ဆောင်ရွက်မှု လျော့ နည်းလာကြောင်း တွေ့ရှိရပါတယ်။ တစ်ဖက်နိုင်ငံ ပဲရာသီကုန်ဆုံးချိန်မတ်လ အကုန်မှသာ ဈေးကွက်လိုအပ်ချက် များလာနိုင်ပြီး တင်ပို့မှုလည်းသွက်လက်လာနိုင် ခြေရှိတယ်လို့ ပဲကုန်သည်များထံမှ သိရှိရပါတယ်။      စမ်းစမ်းအေး (တမူး)

Monday, 21 Jan 2013

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် စက်သုံးဆီပြီးလျှင် ဒုတိယအများဆုံး ဝင်နေသည့် ကုန်ပစ္စည်းဖြစ်သော ဘီယာသည် မိမိတို့ဘက်သို့တရားမဝင် တင် သွင်း နေခြင်းဖြစ်ကြောင်း၊ အဆင့်ဆင့်စိစစ်တားဆီးရာတွင် Mobile Teamမှ အများဆုံးဖမ်းဆီးရမိနေကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များကိုအဓိက ပြော ကြားလိုသည်မှာ တရားဝင်လမ်းကြောင်းပေါ်မှဆောင်ရွက်မှုများသည် အန္တရာယ် ကင်းကင်းနှင့်ဆောင်ရွက်နိုင်ပြီး တရားမဝင်သွားသည့် ပစ္စည်းများသည် Mobile Team မှတားဆီးထိန်းသိမ်းသည့်အနေအထားမှ ဥပဒေအရအရေးယူခြင်းခံရ သည့် အခြေအနေထိရောက်ရှိသွားမည်ဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ကုန်သည်လုပ်ငန်းရှင်များကို အသိပေး ပြော ကြားခဲ့သည်ဟု သတင်းရရှိသည်။

Monday, 21 Jan 2013

မြန်မာ-အိန္ဒိယနယ်စပ်စခန်းတစ်ခုဖြစ်တဲ့ ရိဒ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း တန်ဖိုးရှိ ဒေသထွက်ပန်းသီး ၃၂ တန်ကျော်ကို  ဇန်နဝါ ရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ  ပထမဦးဆုံး စတင်တင်ပို့နိုင်ခဲ့ပါတယ်။ ပန်းသီးနဲ့အတူ ထောပတ်သီး ၈ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး ကိုလည်း တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။MIRT (DOBT)

Monday, 21 Jan 2013

ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိကာလ အတွင်း မှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ လိမ္မော်သီး ၁၀၅ တန် ကျော်ကို ယခုနှစ်လိမ္မော်ရာသီမှာ ပထမဦးဆုံး အကြိမ်စတင် တင်ပို့ခဲ့ပါတယ်။

Monday, 21 Jan 2013

ဒေသခံကုန်သည်များလုပ်သာကိုင်သာရှိစေရန် Individual Trading Card (ITC)  ကတ်များကို တမူး၊ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ထုတ်ပေးနေပြီဖြစ် ပါ တယ်။ တမူးနဲ့မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းများတွင် ITC  နဲ့ ကုန်သည်ငယ်များ ဆောင်ရွက်မှုရှိနေကြပြီဖြစ် သော် လည်း မြဝတီနယ်စပ် တွင်မူ လျှောက်ထားသည့်အရေအတွက် နည်းနေသေးတဲ့အပြင် ကုန်သွယ်မှု လည်း ဆောင် ရွက်မှုမရှိ သေးဘူးလို့ သိရပါတယ်။

Monday, 21 Jan 2013

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ Mobile Team အဖွဲ့ဟာ တမူးနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ တမူးမြို့မှ ၄ မိုင်ခန့် အကွာ တမူး-ကလေးကားလမ်းမပေါ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေး အတွက် မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပါ တယ်။ တမူး-ကလေးပြေးဆွဲနေသော လိုက်ထရပ်စ် ၂ စီးပေါ်မှ အကောက်ခွန်မဲ့ သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ ပိတ်စများ ပေါ်တွင် ပန်း ဆွဲသော လက်ရေးဆိုးဆေးဘူး (၂၀ ml x ၁၂၀ ဘူးပါ) ၉၉ ပါကင်၊ အဝတ်ကပ် ကော် (၃၀ ml x ၈၀ ဘူးပါ) ၂၄ ပါကင်၊ ရေမွှေးပုလင်းသေး ၃၆ ပုလင်း၊ မျက် နှာလိမ်းခရင်မ် ၆၀ ထုပ်၊ Eveready တံဆိပ်ဓာတ်ခဲအကြီး ၁၀၀ လုံးနှင့် စားသုံးကုန် ပစ္စည်းများဖြစ်သော နို့မှုန့် ၄၀၀ ဂရမ် အထုပ် ၅၀ နှင့် သကြားလုံး အထုပ် ၂၀၀၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ၆၂ သိန်းကျော် ရှာဖွေတွေ့ရှိတဲ့အတွက် ခေတ္တသိမ်းဆည်း ထားတယ်လို့ သတင်းရရှိပါတယ်။

Monday, 21 Jan 2013

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ထုတ် နုတ်အင်အားဖြင့်ဖွဲ့စည်းထားသော Mobile Team အဖွဲ့ဟာ စားသုံးသူအကာ အကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင်ကုန် သွယ်မှု လျော့နည်း ပပျောက်ရေးတို့အတွက် တမူး-ကလေးကားလမ်းမပေါ်ရှိ နမ့်မွန်တားရွာ မှာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေးရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ၁၀း၀၀ နာရီခန့်မှာ အများပြည်သူ စားသုံးရန်မသင့်တဲ့ အိန္ဒိယနိုင်ငံလုပ်ကွမ်းပေါင်းအထုပ်ကြီး ၄၀ ထုပ်နဲ့ အကောက်ခွန်မဲ့ သယ် ဆောင်လာတဲ့ အိန္ဒိယပုဆိုး ၁၂၅ ထည်၊ ဆိုင်ကယ်ဖောက် ၈၀ ချောင်းနဲ့ ဘက်စုံ သုံး Bonfix   ကော်တောင့် ၂၅၀ တောင့် စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၂၄ သိန်းကျော်သိမ်းဆည်းရမိခဲ့ပါတယ်။ ကွမ်းပေါင်းအထုပ်များအား အမှုဖွင့်လှစ် သိမ်းဆည်းထားခဲ့ပြီး ပုဆိုး၊ ဆိုင်ကယ်ဖောက်နဲ့ ကော်တောင့် များအား လိုင်စင် လာရောက်လျှောက်ထားပါက လိုင်စင်ပြုလုပ်အခွန်ပေးေ ဆာင်စေကာ ပြန်လည် ထုတ်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။ လှဌေး (တမူး)

Monday, 21 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းဟာ ဒီဇင်ဘာလတွင် ပို့ကုန် ကန်ဒေါ်လာ ၁၇၃ ဒသမ ၂၇၃ သန်း သွင်းကုန် ကန်ဒေါ်လာ ၁၀၅ ဒသမ ၄၈၄ သန်း ကုန်သွယ်မှုပမာဏ ၂၇၈ ဒသမ ၇၅၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလထက် ပို့ကုန် ကန်ဒေါ်လာ ၅၄ ဒသမ ၇၇၃ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၆ ဒသမ ၈၄၀ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သောကြောင့် ကုန် သွယ်မှု ပမာဏ ကန်ဒေါ်လာ ၆၁ ဒသမ ၆၁၃ သန်းပိုမိုခဲ့ပါ တယ်။

Monday, 21 Jan 2013

ကုန်သွယ်မှုပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုများ သည် တရားဝင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အတား အဆီးသဖွယ်ဖြစ်နေသဖြင့် ကုန်သွယ်မှုလမ်းကြောင်းမှန်ပေါ် သို့ရောက်ရှိရန် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရန် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၉ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမ၌ စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုလျော့နည်း ပပျောက်ရေး Mobile Team  ဆောင်ရွက်မည့်လုပ်ငန်း ညှိ နှိုင်းအစည်း အဝေးကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

Wednesday, 16 Jan 2013

နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ်မှတစ်ဆင့် တစ်ဖက်အိန္ဒိယသို့ ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကို ယခု ၂၀၁၃ နှစ်ဆန်းပိုင်းမှာတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာတော့ ၂၁၆ တန်သာတင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ ၁၂၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခုအပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်မှ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့နိုင်တာကြောင့် ကုန်သွယ်မှုပိုမိုရခြင်းဖြစ်ပါ တယ်။ ယခုနှစ်ဆန်းပိုင်းမှာ တမူးနယ်စပ်မှ ၂၁၈ တန်နဲ့ ရိဒ်နယ်စပ်မှ ၁၁၉ တန် တင်ပို့နိုင်တာတွေ့ရပါတယ်။ ကွမ်းသီးခြောက်များဟာမြိတ်၊ ကော့သောင်းဘက်မှ လာတဲ့ ကွမ်းသီးများဖြစ်ပြီး ကွမ်းသီး အသစ်ပေါ်ချိန်ဖြစ်တာမို့ အိန္ဒိယဘက်မှ ကုန်သည်များဟာ ဈေးကွက်စောင့်ကြည့်နေတယ်လို့ သိရပါ တယ်။ ကွမ်းသီး အဟောင်း ၁ ပိဿာကို မိမိဘက်မှာ ၂၅၀၀ ကျပ် မှ ၂၆၀၀ ကျပ်ထိဈေးရှိပြီး ကွမ်း သီးအသစ် ၁ ပိဿာကို ၂၃၀၀ ကျပ်မှ ၂၄၀၀ ကျပ်ဈေးပေါက်လျက်ရှိတာ တွေ့ရ ပါတယ်။ တစ်ဖက်အိန္ဒိယဘက်မှာတော့ ၁ ကီလို ဂရမ်ကို ၁၁၀ ရူပီးဈေးပေါက် တယ်လို့ တမူးနယ်စပ်ရှိကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။  MIRT (DOBT)

Pages