Background
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုညဒသမ ၁၂၆ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁၅ တန်ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၈ တန်ကျော် အပို့ ပိုခဲ့ပါတယ်။ ကွမ်းသီးခြောက်သာမက ကွမ်းသီးခွံများလည်း တင်ပု့ိလျက်ရှိရာ ယခုအပတ်မှာ ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ကွမ်းသီးခွံ ၄၄ တန်ခန့်ကို မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။
ရာသီချိန်ကုန်လာပြီဖြစ်လို့ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၅၁၃ သန်းတန်ဖိုးရှိ သရက်သီး ၂၁၈၀ တန် ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ တောင်ကြီးဒေသထွက် စိန်တလုံး သရက်သီးများနဲ့ ဒီပဲယင်း၊ မုံရွာဒေသထွက် ရွှေဟင်္သာများကို တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၉၅၈ တန်ခန့် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၀ သန်းတန်ဖိုး ရှိ သရက်သီး ၅၉၁၄ တန်ကို ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တဲ့အပြင် ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၁၉ တန်လည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၇၃၄ တန် အပို့လျော့ခဲ့ပါတယ်။ တစ်နေ့ကို ၁၅ ကီလိုဂရမ်ပါ သရက်သီးဂျပ်ဖာ ၂၀၀၀၀ ခန့် တက်နေတယ်လို့ သိရပါတယ်။ MIRT(DOBT)
မူဆယ်နယ်စပ်စခန်းမှ တစ်ဖက်တရုတ်နိုင်ငံသို့ ဘီယာဘူးခွံ၊ အချိုရည်ဘူးအခွံ ၂၀ တန်ကို အမယ်သစ်ပို့ကုန်အဖြစ် ၂၀၁၂ ဇွန်လ ၈ ရက်မှာ စတင်တင်ပို့ ခဲ့ပါ တယ်။ ၎င်းဘီယာဘူးခွံ၏ လိုင်စင်ဈေးမှာ တစ်တန်လျှင် ၂၃၃၂၀၀၀ ကျပ်ဖြစ်ပြီး တစ်ဖက် နိုင်ငံရွှေလီပေါက်ဈေး တစ်တန်လျှင် ၈၆၀၀ ယွမ်ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဘီယာ ဘူးခွံများကို တစ်ဖက်တရုတ်နိုင်ငံတွင် အရည်ကျို၍Recycle ပြုလုပ် ကြောင်း သိရပါတယ်။ Source:နကသ၊တင်စိုးစိုးလှိုင်
ဇွန်လမှစ၍ သြဂုတ်လကုန်ထိကာလမှာ ငါးသားပေါက်ချိန်ကာလ ဖြစ်၍ ငါးဖမ်းခွင့်များရပ်နားထားချိန် ဖြစ်ပါတယ် ။ရေထွက်ကုန် ၉၆၆ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၇၆၀ သန်းဖိုးသာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် တန် ၁၃၇၀ ကျော် အပို့လျော့ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ ငါးမျိုးစုံ ၇ တန်ခန့်၊ ပုစွန် ၃ တန်ခွဲကျော်နဲ့ ကဏန်း ၅ တန် နီးပါး၊ ကော့သောင်းမှ ငါးမျိုးစုံ ၁၆၂ တန်ကျော်နဲ့ မြိတ်မှ ငါးမျိုးစုံ ၁၇၅ တန်ခန့်၊ ရေငန်ပုစွန် ၃ တန်ကျော်၊ ငါးမှုန့် ၆၁၁ တန်ခန့်၊ အေးခဲကဏန်းပျော့ ၁၄ တန်နဲ့ ကဏန်းအသေးအနည်းငယ် အပို့ရှိခဲ့တာဖြစ်ပါ တယ်။ MIRT(DOBT)
မူဆယ်နယ်စပ်စခန်းမှတစ်ဆင့် တစ်ဖက် တရုတ်နိုင်ငံသို့ ပို့ကုန်ပစ္စည်း-ကုလားပန်းပွင့်ခြောက် ၂၂ ဒသမ ၃၀ တန်ကို တစ်တန်လျှင် ၂၅၀၀၀၀ ကျပ်နှုန်းဖြင့် အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့ခဲ့ပါတယ်။ ၎င်းပို့ကုန်ပစ္စည်း ကုလားပန်းပွင့်ခြောက် မှာ ပြင်ဦးလွင်၊ မန္တလေးနှင့် ရမည်းသင်းတို့မှ စိုက်ပျိုးထွက်ရှိတာဖြစ်ပြီး တစ်ဖက် တရုတ် နိုင်ငံမှာ အခါးရည်တွင် ထည့်သောက်ကြောင်းနှင့် တစ်ဖက်နိုင်ငံရွှေလီ ပေါက်ဈေးမှာ တစ်တန်လျှင် ၂၅၀၀ ယွမ် ဖြစ်တယ်လို့ သိရပါတယ်။Source: နကသ၊ တင်စိုးစိုးလှိုင်
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းတန်ဖိုး ရှိ ပရဆေး ကုန်ကြမ်း ၇၀၅ တန်ခန့် အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ ဒသမ ၉၅ သန်းအသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်းတင်ပို့မှု ၆၁ တန်ကျော် အပို့ပိုခဲ့ပြီး တမူးနယ်စပ်မှ ၁ ဒသမ ၆ တန်အသွင်းပိုခဲ့ပါတယ်။
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၀၈ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၉၃ တန်ခန့် တင်ပို့ခဲ့ရာမှာ ရိဒ်မှ တန် ၁၈၀၊ မြဝတီမှ ၇ တန်နှင့် တမူးမှ ၆ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၈၄ တန်ကျော် အပို့ရှိခဲ့တာမို့ သိသိသာသာပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ အေးခဲအမဲသား ၄၁၂ တန်ကျော်၊ ကျွဲနွားသားရေ ၂၄၈ တန်ကျော်၊ နွားဘေးထွက် ၈၂ တန်ကျော်၊ အေးခဲကျွဲနှလုံးလေပြွန် (Frozen Beef heart pipe တန် ၈၀ ကျော်ကို တစ်ဘက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇွန်လ ၆ ရက်မှ ၁၂ ရက် ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၉၄၅ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၈၆၀၀၊ ကန်ဒေါ်လာ သုညဒသမ ၁၀၀ သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ဆန် ၂၄၂ တန် အပို့ရှိခဲ့တယ် လို့ သိရပါတယ်။ တာချီလိတ်နယ်စပ်မှ မိုင်းယောင်းဒေသ ထွက် ကန်ဒေါ်လာ သုညဒသမ ၁၃၂သန်းတန်ဖိုးရှိ ကောက် ညှင်း စပါး တန် ၅၀၀ လည်း ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။MIRT(DOBT)