Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ သရက်သီး ၂၄၅၃ တန်ခန့်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၀၇၅ တန်ကျော် အပို့ပိုခဲ့ပါတယ်။ စိန်တလုံးအပြင် အောင်ဒင်၊ ဟင်္သာ၊ ရင်ကွဲသီးတွေလည်း ဝင်နေပါတယ်။ အိတ်စွပ်သရက်သီး (စိန်တလုံး၊ ရွှေဟင်္သာ) ၁၅ ကီလို တစ်တာကို ယွမ် ၁၀၀ ထိရပြီး၊ အိတ်မစွပ်လျှင် ရွှေဟင်္သာလို သရက်သီး တစ်တာကိုပင် ယွမ် ၃၀-၄၀ ဈေးသာ ရတယ်လို့သိရပါတယ်။ ယခုရက်ပိုင်းမှာ ၁၅ ကီလိုပါ သရက်သီးတာ ၂၀၀၀၀ လောက်ထိကိုအဝင်ရှိနေတယ်လို့ သတင်း ရရှိပါတယ်။ MIRT(DOBT)
မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃၉၁ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၃၉၁ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၀၃ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ မူဆယ်မှ ၅၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၂ တန် ယခင်အပတ်ကထက် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိတဲ့ ကျွဲနွားသားရေ တန် ၁၁၀၊ နွားဘေးထွက် ၂၇ တန်ကျော်၊ နွားကြော ၅ ဒသမ ၇ တန်နဲ့ အမဲသားခြောက် ၁၂ တန်နီးပါး အပို့ရှိခဲ့ပါတယ်။MIRT (DOBT)
မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၂၉၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ဘီလားနဲ့ ငါးပိ ၁၁၄ ဒသမ ၃၅၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၃ တန် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က အပို့မရှိတဲ့ ငါးရှဉ့်၊ ဘီလား၊ ငါးပိများ ယခုအပတ်မှာ အပို့ရှိခဲ့သော်လည်း ငါးမျိုး စုံနဲ့ ပုစွန်တင်ပို့မှု မှာ လျော့နည်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နန်း နရစ် မွန်းပန်ဝပ်က မယ်ဟောင်ဆောင်ခရိုင်နဲ့ ကပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ လွိုင်ကော်သို့ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ သွားရောက်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ကောင်းမွန်စွာလက်ခံကြို ဆိုခဲ့ကြောင်း၊
နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာတာနဲ့အမျှ မြဝတီမြို့အတွက်သာမက ကရင်ပြည်နယ် တစ်ခုလုံး ကိုယ်စားပြုလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်း၊ One Stop Services အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်မှသာ ကုန်သွယ်မှု တိုးတက်မြင့်မားလာမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ဧပြီလ ၃၀ ရက်က ပြုလုပ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရက ဝါဂွမ်းတင်ပို့ဖို့အတွက် စိတ်ဝင်စားတဲ့ တင်ပို့သူများမှ မှတ်ပုံတင်အသစ်များ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့ဖို့ ကိုတာကိုတော့ သတ်မှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့နိုင်ရေး မှတ်ပုံတင်အသစ်လုပ်ဖို့ ရပ်ဆိုင်းတာကို ပြန်ခွင့်ပြုခဲ့ပြီး၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်(DGPT) မှ လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Mr Anand Sharma မှ ပြောကြားပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၇၅၈ သန်း တန်ဖိုးရှိ စိန်တလုံး၊ ရွှေဟင်္သာနဲ့ အောင်ဒင်သရက် ၁၃၇၈ တန်ခန့် အပို့ရှိတယ်လို့ သိရပါတယ်။ ၁ ရက်ကို သရက်သီး ဂျပ်ဖာ ၁၀၀၀၀ ဝန်း ကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလတစ်လလုံး နယ်စပ်မှ သရက်သီး ၂၂၈၆၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၅၄၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုညဒသမ ၉၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ငါးရှဉ့် ၆၀ ဒသမ ၁၄၉ တန်၊ ကဏန်း ၆၆ ဒသမ ၉၄၄ တန်၊ ရေငန်ငါးမျိုးစုံ ၈၁ ဒသမ ၅၉၂ တန်နဲ့ ချင်းရွှေဟော်မှ ငါးရှဉ့် ၃၂ ဒသမ ၂၄၀ တန်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ငါးရှဉ့် ရော ကဏန်းပါ အပို့ပိုခဲ့တဲ့အပြင် ရေငန်ငါးမျိုးစုံ ယခုအပတ်မှာ အပို့ရှိတာ တွေ့ရပါ တယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၁၃ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၅၈၀၀ ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် မူဆယ်နယ်စပ်မှ တန် ၁၁၃၇၀ ကျော် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ် အလိုက် တင်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၅၇၅၀ တန်နဲ့ လွယ်ဂျယ်မှ တန် ၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး ဖရဲသီး ၅၂၃၉၂ တန် နယ်စပ် မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ သြင်္ကန်လွန်ကာလမှာ ဖရဲသီးအပို့ လျော့လာခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆန် ၄၄၂၈ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၆၄၃ တန်၊ လွယ်ဂျယ်မှ တန် ၄၇၀ နဲ့ ချင်းရွှေဟော်မှ ၃၁၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဆန်တန် ၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ ၁၅၈၅ တန် ယခင်အပတ်က ထက် အပို့လျော့ခဲ့ပါတယ်။ ဧပြီလမှာနယ်စပ်မှ ဆန် ၁၅၇၉၈ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT(DOBT)