Background
မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ကာလအတွင်းမှာ နယ် စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ဆန် ၁၀၀၁၇ ဒသမ ၄၄၅ တန် တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၈၅၄၀ အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၉၃၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၆၄ တန်ကျော်နဲ့ တာချီလိတ်မှ ၃၇၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ ဧည့်မထ ၂၅ မှတ် တန် ၃၄၀၀ ကျော်၊ ၁၅ မှတ် ၁၇၄၃ တန်ခန့်၊ ငစိန် ၂၅ မှတ် ၂၂၂၇ တန်ကျော်၊ ငစိန် ၁၀ မှတ် တန် ၁၀၀၀ ကျော်နဲ့ ငစိန် ၁၅ မှတ် ၉၈၄ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၅ မှတ် ၂၆၄ တန်ကျော်နဲ့ တာချီလိတ်မှ ဧည့်မထ ၂၅ မှတ် ၃၇၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တာချီလိတ်နယ်စပ် မိုင်းယောင်းဒေသထွက် ကောက်ညှင်းစပါး တန် ၁၀၀၀ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်းဖိုးလည်း အပို့ ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၅၀၀ ကျော် အပို့ပိုခဲ့ တယ်လို့ သိရပါတယ်။ MIRT(DOBT)
ကော့သောင်းမြို့မဈေးနှင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ သွင်းကုန် ပစ္စည်းများမှာ အမျိုးအစားနဲ့ တံဆိပ်များစုံလင်များပြားတဲ့အတွက် စားသောက်ကုန်တစ်မျိုးစီအတွက် FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန် အခက်အခဲရှိေ နကြောင်း၊ တရားဝင်တင်သွင်းမှုကို ဆောင်ရွက်လိုကြ ပါကြောင်း၊ FDA ထောက်ခံချက်ရ ရှိရေး ဆောင်ရွက် ချိန်ကြာမြင့်ပါ က ဈေးကွက်ယှဉ်ပြိုင်မှု၊
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၆၃၅ သန်းတန်ဖိုးရှိ သရက်သီး ၅၈၀၇ တန်ကျော်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၇၀၀ ကျော်အပို့ပိုခဲ့ပါတယ်။ မူဆယ်မှ ၄၇၇၇ တန်ကျော်နဲ့ ချင်းရွှေဟော် မှ တန် ၁၀၀၀ ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ မေလမှာကန်ဒေါ်လာ ၆ ဒသမ ၄၄ သန်းတန်ဖိုးရှိ သရက်သီး ၁၇၁၅၂ တန်ကျော် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါ တယ်။ ယခင်လကထက် ၁၃၉၅၇ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကို သရက်သီးကားတွေ ယခုအပတ်အတက်လျော့ခဲ့သော်လည်း ချင်းရွှေ ဟော်ဘက်ကို ကုန်တက်ပိုမိုခဲ့ပါတယ်။MIRT(DOBT)
မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၃၇၁ တန်ကျော်နဲ့ချင်းရွှေဟော်မှကန်ဒေါ်လာ သုည ဒသမ ၄၇၅ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၂၅ တန်ကို မေလ ၂၃ ရက်မှ ၂၅ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၆၉ တန်ခန့်နဲ့ ချင်း ရွှေဟော်မှ ၁၂၆ တန် တင်ပို့ခဲ့တာမို့ အပို့ပုံမှန်ရှိနေတယ်လို့ ပြောရမှာဖြစ်ပါ တယ်။
မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ် တဲ့ မြဝတီမှ ရေထွက်ကုန် ၁၃၅ တန်ကျော်နဲ့ မြိတ် နယ်စပ် ၂၃၂၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် မြဝတီမှ တန် ၉၀ ကျော်၊ မြိတ်နယ်စပ်မှ ၃၅၆ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကတော့ ၅၉၄ တန်ခန့်သာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၃၄၈ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ် မေ ၃၀ ၀၆း၀၀အချိန်မှ ၁၂း၀၀ အချိန်အတွင်း မြဝတီ ကုန်သွယ်ရေးဇုန်၊ သွင်းကုန်ယာဉ်ငယ် စစ်ဆေးရေးစခန်းသို့ဝင်ရောက် အစစ် ဆေးခံသော Hilux ယာဉ်အမှတ် ၄ခ/ထထထထ၊ ယာဉ်မောင်းxxxx ယာဉ်ပေါ်မှ xxxx ဘားအံမြို့နေမှ သယ်ဆောင်လာသော ကြက်အသေ အလေးချိန် ၁၈၀ ကီလိုခန့်အားလည်းကောင်း၊
မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တမူး နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တောင်လုံးကျော် ၃ တန်ခွဲ၊ ဆောင်းမေးခါး ၁ တန်နဲ့ ဟင်ရိုင်းဖြူ သုည ဒသမ ၁၅ တန် ကိုတင်သွင်းနိုင်ခဲ့ ပါတယ်။ယခင်အပတ်ကတောင်လုံးကျော်တစ်မျိုးသာ အသွင်း ရှိခဲ့တာမို့ ယခုအပတ်မှာ တမူးမှ ပရဆေးတင်သွင်းမှုပိုမိုခဲ့ပါ တယ်။
မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၃၇ သန်းတန်ဖိုးရှိ ဆန်၁၄၇၇ တန် ကျော်ကို လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ တာချီလိတ်နယ်စပ်များမှသာ အပို့ရှိခဲ့ပြီး မူဆယ်မှယခုအပတ် ဆန်တင်ပို့မှုမရှိဘဲ ဆန်ကွဲ ၁၆၂ တန်ခန့်သာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၀၄၃၅ တန်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၉၅၈ တန် ဝန်းကျင်အပို့လျော့ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ရိဒ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၀၇ တန်ခန့်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ တန် ၈၀၊ တမူးမှ ၈၃ တန်နဲ့ ရိဒ်မှ ၄၄ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် တမူးနဲ့ရိဒ်နယ်စပ်မှ အပို့ပိုခဲ့သော်လည်း မြဝတီ နယ်စပ်မှအပို့လျော့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် ကထက် ၁၀၉ တန်အပို့ပိုခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၀၁ သန်းတန်ဖိုးရှိ သကြား ၁၃၃၅ ဒသမ ၁၆ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၂၁၆၇ တန်တင်ပို့မှုလျော့နည်းခဲ့ တယ်လို့သိရပါတယ်။ မေ ၁ လ ထဲမှာ နယ်စပ်မှ သကြားတန် ၇၄၀၀ နီးပါးတင်ပို့ ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)