Main menu

Background

အိုက်ဇောလုံချည် ဈေးကွက်စန်းထလို့ ရက်ကန်းလက်ခတ်သံတို့ကျေးလက်မှာညံလာ

Wed, 07/24/2013 - 12:39 -- ydnar

မုံရွာမြို့နယ်ရဲ့ မြို့ပြနဲ့ ကျေးလက် ဒေသအများစုမှာ ရှေးအခါကတည်းက ထွန်းကားခဲ့တဲ့ ရက်ကန်းလုပ်ငန်း ဟာ အကြောင်းအမျိုးမျိုးကြောင့် ကာလ အတန်ကြာ ငုပ်လျှိုးနေခဲ့ရာမှ ယခုအခါ မြန်မာ-အိန္ဒိယနယ်စပ်က အိုက်ဇော မြို့ပြန်ရက်ကန်းသမတွေရဲ့ ပညာဖြန့် ဝေမှုကြောင့် မြို့ပြနဲ့ ကျေးလက်ဒေသ တွေမကျန် ရက်ကန်းလက်ခတ်သံတွေ ပြန်လည်ဆူညံနေပြီလို့ သိရပါတယ်။

ဒေသအခေါ်“ အိုက်ဇောလုံချည်” ကို အိုက်ဇောနယ်ကလာတဲ့ ချည်မျိုးစုံနဲ့ ဒီဇိုင်းမျိုးစုံ ရက်လုပ်ကြကာ မုံရွာမြို့ ပေါ်ကအထည်ကုန်သည်ကြီးများမှ တစ်ဆင့် မန္တလေး-ရန်ကုန်နဲ့ နေပြည် တော်ဈေး ကွက်တွေဆီ ဖြန့်ချိရောင်းချ လျက်ရှိတယ်လို့ ဆိုပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ ဇူလိုင် ၁၄ ရက်နေ့က ကွင်းဆင်း ရောက်ရှိခဲ့တဲ့ မုံရွာမြို့ရဲ့မြောက်ဘက် ၆ မိုင်အကွာ မုံရွာ၊ သာစည်လမ်းဘေးက ကျောက်စစ်ပုံ(မြောက်)ရွာကိုဝင် ရောက်ရင်း အိုက်ဇောလုံချည် ထုတ် လုပ်မှုကို လေ့လာခဲ့ပါတယ်။ အိုက်ဇော လုံချည်ရက်လုပ်မဲ့ ရက်ကန်းစင် တစ်စင် ကို ကျပ် ၈၀၀၀၀ ခန့်ပေးရပြီး၊ အထည် ၄၀ ခန့်ရဖို့ ချည်၊ ကုန်ကြမ်းမျိုးစုံ ကျပ်တစ်သိန်းဖိုးခန့် ရင်းနှီးမြှုပ်နှံရ တယ်လို့ဆိုပါတယ်။ထုတ်လုပ်မှုအနေနဲ့ အထည်ရဲ့ ဒီဇိုင်းပေါ်မူတည်ပြီး၊ ရက်ကန်းသမတစ်ဦးကို ၃ ရက်နဲ့ နှစ်ထည်မှ သုံးထည်အတွင်း ထုတ်လုပ် နိုင်ပြီး၊ ရက်လုပ်ခ အနေနဲ့ ဒီဇိုင်းနဲ့ အထည်တန်ဖိုးအလိုက် တစ်ရက် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိရရှိ တယ် လို့ ဆိုပါတယ်။ ဈေးကွက် အားဖြင့် တစ်ထည်အနိမ့်ဆုံး ၆၅၀၀ ကျပ်တန်မှ အမြင့်ဆုံး ၁၈၀၀၀ ကျပ်တန်အထိရှိပြီး၊ မုံရွာကုန်သည်တွေက ရွာအရောက် လာရောက်ဝယ်ယူသလိုလိုချင်တဲ့ ဒီဇိုင်း ကိုလည်းအော်ဒါမှာကြတယ်လို့သိကြပါ တယ်။
အိုက်ဇောလုံချည်တွေရဲ့ အားသာ ချက်ကအရောင်လွင်ခြင်း၊ဒီဇိုင်းလှပခေတ်မီ ခြင်း၊ တာရှည်ခံခြင်းနဲ့ ဈေးနှုန်းချိုသာ ခြင်းတို့ဖြစ်ကြပြီး၊ သုံးစွဲသူတွေ ကြိုက် နှစ်သက်ကြလို့အခုလိုဈေးကွက်ကျယ်ပြန့် လာခြင်းဖြစ်သလိုအသေးစား ကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး၊ ဒေသရှိ ကျေးလက်သူတွေအလုပ်အကိုင် အခွင့် အလမ်းနဲ့ ဝင်ငွေ တိုးပွားလာတဲ့အတွက် ယခုထက်လုပ်ငန်းပိုမိုကြီးထွားကျယ်ပြန့် လာအောင်သက်ဆိုင်ရာ အဖွဲ့အစည်း များမှရင်းနှီးမြှုပ်နှံမှုများကူညီပံ့ပိုး ပေးသင့်တယ်လို့ ရက်ကန်း လုပ်သား များကမျှော်လင့်လျက်ရှိပါကြောင်း..။
ထွန်းလှိုင် - မုံရွာ