Main menu

Background

ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ ရေကြည်ရွာရဲ့ ဝါးယပ်တောင်လုပ်ငန်း

Tue, 08/06/2013 - 12:51 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ အစိုးရ အဖွဲ့မှကျေးလက်ဒေသအသေးစားကုန် ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လနဲ့ ဇူလိုင်လအတွင်း ကျပ်သိန်းပေါင်း ၄၃၂၉ ဒသမ ၂ သိန်း ထုတ်ချေးခဲ့ရာ ကျောက်ဆည် ခရိုင်မှာ ၁၁၂၉ ဒသမ ၅ သိန်း၊ မန္တလေးခရိုင် ၈၅၃ သိန်း၊ ပြင်ဦးလွင်ခရိုင် ၂၇၅ သိန်း၊ မိတ္ထီလာခရိုင် ၆၄၉ ဒသမ ၅ သိန်း၊ ရမည်းသင်းခရိုင် ၆၀ သိန်း၊ မြင်းခြံခရိုင် ၁၁၁၈ ဒသမ ၂ သိန်း၊ ညောင်ဦးခရိုင် ၂၄၄သိန်းအသီးသီးထုတ်ချေးခဲ့ပြီးဖြစ်ပါ တယ်။

ထုတ်ချေးတဲ့ ခရိုင်များထဲက မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာဝါးယပ်တောင်လုပ်ငန်း ရှင် ၁၇၈ဦးအားတစ်ဦးကို၅၀၀၀၀ကျပ် နှုန်းနဲ့ ဇွန်လ၂၉ရက်ကတတိယအကြိမ် ငွေချေးခဲ့ပါတယ်။ ဝါးယပ်တောင်(ခေါ်) စက္ကူယပ်တောင်ကအလှူမင်္ဂလာ၊ သာရေး၊ နာရေးတိုင်းမှာ တွင်တွင် ကျယ်ကျယ်အသုံးပြုတဲ့ပစ္စည်းတစ်ခုဖြစ် ပါတယ်။ ရေကြည်ကျေးရွာရဲ့ ဝါးယပ် တောင်လုပ်ငန်းကစက္ကူမကပ်ရသေးတဲ့ ယပ်တောင်အကြမ်းထည်ကို ပြုလုပ်ပြီး၊ ပုံနှိပ်လုပ်ငန်းရှင်တွေဆီတင်သွင်းတဲ့လုပ်ငန်း တစ်ခုဖြစ်ပါတယ်။
ယပ်တောင်အကြမ်းတစ်ခုရဖို့ ဝါး ကို ခုတ်၊ လွှာ၊ အချောသတ်၊ ကိုင်း ဖောက်၊ ကြိုးသီအဆင့်ဆင့်ပြုလုပ်ရပြီး၊ ရေကြည်ကျေးရွာရဲ့မိသားစုဒုတိယဝင်ငွေ အဖြစ်တစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခု ဖြစ် ပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံး အတွက် တစ်ဦးတည်းလုပ်ကိုင်ခြင်းမဟုတ်ဘဲအလုပ် ခွဲခြားလုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ ရေကြည်ကျေးရွာ တစ်ရွာလုံး ယပ်တောင်အကြမ်းထည်တစ်နေ့အချောင်း ၅၀၀၀၀ ခန့်ထွက်ရှိပြီး၊ ယပ်တောင်ကြီး အချောင်း ၁၀၀၀ ကို ၂၈၀၀၀ ကျပ်၊ အလတ်အချောင်း ၁၀၀၀ ကို ၂၀၀၀၀ ကျပ်နဲ့ရှယ်ယပ်တောင်အချောင်း ၁၀၀၀ ကို၃၅၀၀၀ကျပ်ရရှိကြောင်းသိရပါတယ်။ ဝါးယပ်တောင်လုပ်ငန်း အစုအဖွဲ့ခေါင်း ဆောင်ရဲ့ပြောကြားချက်အရငွေချေးခြင်း ရဲ့ အကျိုးကျေးဇူးက ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မတူဘဲရွာမှာ သက်ကယ် မိုးပျောက်ပြီး၊ သွပ်မိုးတွေဖြစ်သွား ကြောင်း၊ အိမ်တိုင်းနီးပါး လျှပ်စစ်မီတာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ၁၅၀၀ကျပ်တန်ဖုန်းတွေခါးချိတ်နိုင်တော့ တစ်ဆင့်ခံပွဲစားမလိုဝယ်လက်နဲ့တိုက်ရိုက် ချိတ်ဆက်ရောင်းချနိုင်တဲ့အတွက်အရောင်း အဝယ်သွက်ပြီး၊လုပ်ငန်းလွယ်ကူချော မွေ့လာတယ်လို့ ဆိုပါတယ်။ ပထမ အကြိမ် ချေးစဉ်က အတိုး ၂ ဒသမ ၅၀ ပြား နှုန်းအနက် ၁ ကျပ်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေရလို့ ရွာလယ် ကဓမ္မာရုံပြုပြင်ထားတာလည်းမြင်တွေ့ ခဲ့ရပါတယ်။ဒုတိယအကြိမ်ချေးငွေ အတွက် ၁ ကျပ်နှုန်းပေးခဲ့ရင်ရွာရှိ မူလ တန်းလွန်ကျောင်းအတွက်မျှော်မှန်းထား ကြောင်းလည်း အစုအဖွဲ့ခေါင်းဆောင် ရဲ့ရည်ရွယ်ချက်ကိုသိခဲ့ရပါတယ်။ ဒါ့ အပြင် နောက်တစ်ကြိမ်ချေးငွေ အသစ် ထပ်မံချေးပါကလျှပ်စစ်မော်တာဝယ်ယူ နိုင်ဖို့ မူလငွေကျပ် ၅ သောင်းချေးရာမှ လုပ်ငန်းရှင်တစ်ဦးကို ငွေကျပ် ၁ သိန်း နှုန်းထိ တိုးမြှင့်ချေးလိုကြောင်းနဲ့ လက်ရှိ ဝါးအရိုးကို ကိုင်းဖောက်ရာမှာ သာမန် ခြေနင်းနဲ့ ကိုင်းဖောက်နေရတဲ့အတွက် လုပ်ငန်းတွင်ကျယ်မှုနည်းပြီး၊ လျှပ်စစ် မော်တာ အသုံးပြုဖောက်ရင်၊ ခြေနင်းနဲ့ တစ်ချောင်းပြီးတဲ့နေရာမှာသုံးချောင်းပြီး တယ်လို့သိရပါတယ်။လက်တွေ့မှာအစု အဖွဲ့ခေါင်းဆောင်တစ်ဦးသာ လျှပ်စစ် မော်တာအသုံးပြုနိုင်သေးတဲ့အတွက်ကျန် လုပ်ငန်းရှင်များပါ ဝယ်ယူအသုံးပြုမယ် ဆိုပါက ထုတ်လုပ်နိုင်မှုပမာဏ ပိုမိုတိုး တက်လာပြီး၊ဈေးကွက်လည်း တွင်ကျယ် လာနိုင်ကြောင်း သိခဲ့ရပါတယ်။
ခင်မြင့်မြင့်သန်း - မန္တလေး