Main menu

Background

တစ်ရွာထုတ်ကုန် တစ်မျိုးဖြစ်သည့် ဆန်ကော၊ ဆန်ခါ

Tue, 11/29/2022 - 10:11 -- journal_editor

မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တဲကြီးကျေးရွာသည် ဝါးဖြင့် ရက်လုပ်သော ဆန်ကော၊ ဆန်ခါ၊  အုပ် ဆောင်းများကို  တစ်ရွာလုံးနီးပါး တစ်ရွာထုတ်ကုန်တစ်မျိုးအနေဖြင့် မိရိုးဖလာအစဉ်အလာအတိုင်း ရက်လုပ်ကြပြီး တဲကြီး ဆန်ကော၊ ဆန်ခါသည် ခိုင်ခံ့ခြင်း၊ လက်ရာ သေသပ်ခြင်းတို့ကြောင့် ယနေ့ထက် တိုင် နာမည်ရနေကြောင်း သိရှိရသည်။ 
ဆန်ကော၊ ဆန်ခါ ရက်လုပ်ရာတွင် တိုက်ဝါးအမျိုးအစားကို အသုံးပြုကြပြီး  အကွပ်အနေဖြင့် ကြိမ်ကိုအသုံးပြုကြကာ ဝါးများကို ဆော၊ ယောနှင့် စေတုတ္တရာနယ်တစ်ဝိုက်မှ မှာယူအသုံးပြုကြသည်။ ကြိမ်များကို မန္တလေးမှ မှာယူကာ အသုံးပြုကြကာ လက်ရှိတွင် လက် ဖြင့်သာ ရက်လုပ်ကြပြီး စက်ဖြင့်ရက်လုပ်နိုင်ပါက ပို၍ တွင်ကျယ် လာနိုင်မည်ဖြစ်သည်။
ဆန်ကော၊ ဆန်ခါအနေဖြင့်  အရွယ်အစားအပေါ်မူတည်ကာ ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ကျပ်အထိ ဈေးရှိပြီး အုပ်ဆောင်းအကြီး (ထမင်း ဝိုင်းအုပ်ဆောင်း)မှာ ကျပ် ၃၀ဝ၀ဝ ၊ အုပ်ဆောင်းအသေး(ရေအိုးဖုံး) မှာ ကျပ် ၂၅၀ဝ၊ အသီးအရွက်စစ်သော ဆန်ခါခုံးဈေးမှာ ကျပ် ၂၅၀ဝ၊ သီလရှင်ဘန်း (အကြီး/ အသေး) တစ်စုံလျှင်  ကျပ် ၁၅၀ဝ၀ အထိ ဈေးရှိကြောင်း၊လခစားအနေဖြင့် ရက်လုပ်မည်ဆိုပါက  ဆန်ကော၊ ဆန်ခါ တစ်ချပ်လျှင် ကျပ် ၅၀ဝ ကျော်ရရှိကာ တစ်ရက်လျှင် သုံးချပ်မှ လေးချပ်အထိပြီးအောင် ရက်လုပ်နိုင်ကြကြောင်း သိရှိရသည်။ 
ဆန်ကော၊ ဆန်ခါ၊  အုပ်ဆောင်းများကို အနီးတစ်ဝိုက်ဒေသ များမှ  ကုန်အမှာများရှိပါက  တင်ပို့ရောင်းချကြပြီး ဘုရားပွဲတော် များသို့လည်း    သွားရောက်ရောင်းချကြသည်ကို  တွေ့ရှိရသည်။ဆန်ကော၊ ဆန်ခါ၊ အုပ်ဆောင်းတို့အား တစ်ရွာထုတ်ကုန်တစ်မျိုးအနေ ဖြင့် မိရိုးဖလာ အစဉ်အလာအတိုင်း တစ်ရွာလုံး ရက်လုပ်ကြကြောင်း သိရသည်။
လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)