Main menu

Background

မြောင်းဦးဒေသထွက် သပေါ့ဖျာလုပ်ငန်း

Thu, 01/19/2023 - 14:36 -- journal_editor

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနသည် ပြည်တွင်းကုန်သွယ် မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရန်နှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSMEs)ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန  ဝန်ထမ်းများသည် ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေး ရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များအား  တွေ့ဆုံပြီး  ကုန်ကြမ်းရရှိမှု၊  ကုန်ချောဖြန့်ဖြူး မှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား  ကွင်းဆင်းလေ့လာခဲ့သည်။
ကွင်းဆင်းလေ့လာမှုအရ    မြောင်းဦးကျေးရွာ၌  အိမ်ထောင်စု ၃၅၀ ခန့်ရှိပြီး အိမ်တိုင်း သပေါ့ဖျာလုပ်ငန်းကို  အပိုဝင်ငွေအဖြစ် လုပ်ဆောင်လျက်ရှိကြောင်း၊   သပေါ့ဖျာများ ရက်လုပ်ရန်အတွက် ကုန်ကြမ်းအနေဖြင့်  ဆပ်သွားဖူးချုံ (အရိုင်း)များအား အနီးပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းနှင့် ဆည်မြောင်းဘောင်များတွင် စိုက်ပျိုးလျက်ရှိကြောင်း၊  ကျေးရွာအတွင်းရှိ   ပြည်သူများအနေဖြင့် မိမိတို့၏  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် သပေါ့ဖျာလုပ်ငန်းအား တစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းရက်လုပ်လျက်ရှိကြောင်း၊ သပေါ့ဖျာ  ရက်လုပ်ခြင်းအတွက် ကုန်ကျစရိတ် အနေဖြင့်  သပေါ့ဖျာ(ကုန် ကြမ်း)  ၁၅ချပ် စည်း ၁၀  စည်းလျှင် ကျပ် ၁၀ဝ၀ဝ၀၊ လုပ်သားခနှင့် သယ်ယူပို့ဆောင်ခ ကျပ် ၂၀ဝ၀ဝ၀၊စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ကုန်ကျပြီး ယင်းသပေါ့ဖျာ(ကုန်ကြမ်း)၁၅ချပ် စည်း၁၀စည်းအား မိသားစုဝင် သုံးဦး ရက် လုပ်ပါက တစ်လခန့်ကြာကြောင်း၊ ကုန်ချော ရောင်းချမှု အနေဖြင့် (4'×6')၊ (6'×6') နှင့် (3'×3')သပေါ့ဖျာအကြီး၊ အသေးဆိုဒ်စုံများ အား ၁၅  ချပ်စည်း ၁၀ စည်းလျှင် ကျပ် ၅၀ဝ၀ဝ၀ ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ ခန့်ရရှိ ကြောင်း၊ မြောင်းဦးကျေးရွာမှထွက်ရှိသော သပေါ့ဖျာများအပြင် အနီးပတ်ဝန်းကျင်ရှိ မင်းစု၊ ကလိုင်ကျော်၊ အင်ရောင်း၊ မြောင်းဘောင်၊ စဉ့်ဦး၊ ကျောက် ကုန်း ကျေးရွာများ မှထွက်ရှိသော သပေါ့ဖျာ များအားလည်း ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ၎င်းကျေးရွာများမှထွက်ရှိသော သပေါ့ ဖျာများအား မြန်မာပြည်အနှံ့သို့သွားရောက် ပြီး ရောင်းချလျက်ရှိကြောင်း၊သပေါ့ဖျာလုပ်ငန်း အား    မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ်   ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့် အတွက် အရင်းအနှီးအနေဖြင့်  တစ်ဦးလျှင် ကျပ် ၅၀ဝ၀ဝ၀ ခန့်ရှိလျှင် လုပ်ငန်း လည်ပတ်နိုင်သည့်အတွက်   လုပ်ငန်းရှင်များအတွက်  ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ  လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး  (One Village One Product) အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ 
ဇော်မင်းလတ်