Main menu

Background

ရွှေတောင်ဒေသထွက်လူသိများသော စည်းလုံချည်

Tue, 05/23/2023 - 13:31 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာ နှင့်မြို့မရွာတို့တွင် စီးပွားဖြစ်ရက်ကန်းစင်များရှိသကဲ့သို့ တစ်ပိုင်တစ် နိုင် ကိုယ်ပိုင်ရက်ကန်းစင်များရှိကြောင်းသိရသည်။  ရှေးယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့်  ထင်ပေါ်ကျော်ကြားခဲ့သော   ကျေးရွာများ ဖြစ်သည်။ ရွှေတောင်မြို့နယ် ကျီးသဲနှင့်မြို့မကျေးရွာတို့မှ ထွက်ရှိ သော စည်းလုံချည်သည် အထူးနာမည်ရသော   အဝတ်အထည်ဖြစ် သည်။
ရွှေတောင်မြို့နယ် ကျီးသဲရွာမှထွက်ရှိသော မြန်မာ့ရိုးရာ စည်း လုံချည်သည် နာမည်ကြီးသည်။ ကျီးသဲဆိုသည့်စကားမှာ ရှမ်းဘာသာ စကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခင်က   ကျီးသဲကျေးရွာတွင် မြန်မာများသာမက ရှမ်းတိုင်းရင်းသားများပါ နေထိုင်ကြသည်။ ထို ရှမ်းတိုင်းရင်းသားများနှင့်အတူ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းလည်း ပါလာသဖြင့်    ယခင်က   ကျီးသဲရွာတစ်ရွာလုံး၏ အသက်မွေးဝမ်း ကျောင်း   လုပ်ငန်းမှာ    ပိုးထည်ရက်လုပ်ခြင်း  လုပ်ငန်းဖြစ်သည်။နောက်ပိုင်းတွင် ပိုးထည်အစား ချည်ထည်များကို ပြောင်းလဲ  ရက် လုပ်လာကြောင်းသိရသည်။ ထိုသို့ ချည်ထည်များအဖြစ်  ပြောင်းလဲ ထုတ်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ချည်ချောနှင့် ချည်ကြမ်းလုံချည်များကို ရက်လုပ်လာကြပြီး  နောက်ပိုင်းတွင်  ရိုးရိုး ချည်ထည်များအစား သားရေပင်ဖြင့် စည်း၍ ပုံဖော်ရက်လုပ်ရသော စည်းလုံချည်ကို မြန်မာတစ်နိုင်ငံလုံးတွင် ကျီးသဲရွာတစ်ခုတွင်သာ တီထွင်ရက်လုပ်လာကြကြောင်း သိရသည်။ စည်းလုံချည်၏အဓိက  ပညာရပ်မှာ  သားရေပင် ဖြင့်စည်း၍ လိုချင်သောအပွင့်အမျိုးမျိုး ကိုပုံဖော်ပြီး ဆေးရောင်အမျိုးမျိုးဖြင့် လိုက်ဖက်အောင် ဆေးဆိုးပေး ရသည်။ ကျီးသဲစည်းလုံချည်မှာ စက်ရက်ကန်းဖြင့်ရက်လုပ်၍ မရဘဲ လက်ရက်ကန်းဖြင့်သာ  ရက်လုပ်ရသော မြန်မာ့ရိုးရာစစ်စစ် ချည် လုံချည်ဖြစ်သည်။

ထုတ်လုပ်ပုံအဆင့်ဆင့်
စည်းလုံချည်ပြုလုပ်ရာတွင်  အဓိကလိုအပ်သည့် ကုန်ကြမ်း ပစ္စည်းမှာ (၂/၈၀)ချည် အမျိုးအစားဖြစ်ပြီး  ဆိုးဆေးမှာ ဓာတ်ဆေး၊ ဆိုးဆေးတို့ဖြစ်သည်။ ချည်ထည်ရက်လုပ်ရာတွင် ပထမဦးစွာ ချည် ကိုပြုတ်၍ နေလှန်းပြီး ချည်ချရသည်။ ထို့နောက် ပြုတ်ပြီးသော ချည် အဖြူထွေးအား လိုအပ်သောပုံစံဖြစ်စေရန် သားရေပင်ဖြင့် စည်းပြီး ပါက ဆေးရောင်ကိုဆိုး၍ ပြန်လည်ပြုတ်ရသည်။ ထိုချည်များကိုလျှော် ၍ နေထပ်လှန်းပြီး စည်းပွင့်ခွဲခြင်းနှင့် စည်းပွင့်ချည်ခြင်းများကို လုပ် ရသည်။ ပြီးလျှင် လိပ်တုံးဖြင့် ရစ်ပတ်ပြီး ရက်ကန်းစင်တင်၍ ရက် ကန်းခေတ်ခြင်း စတင်ပြုလုပ်ကြောင်း သိရသည်။ စံချိန်မီ   စည်းလုံ ချည်တစ်ကွင်း၏ အတိုင်းအတာမှာ ကွင်းအကျယ် လေးတောင်၊ အနံ ၄၂ လက်မ၊ ချည်ပင်တစ်လက်မ၊ အတိုင် ၇၂ ပင်၊ အဖောက်  ၆၈ ပင် ရှိရမည်ဖြစ်သည်။ ချည်ခင်အနေအထားမှာ   စည်းလုံချည်တစ်ကွင်း ဖြစ်လာရန် အဆင့်(၁၀)အား   ဖြတ်ကျော်ရမည်ဖြစ်ပါသည်။  ထို အဆင့်(၁၀)မှာ (၁)ချည်ချခြင်း၊ (၂)အဖြူရက်ကန်းရှည်ခြင်း၊   (၃) စည်းကားသွင်းခြင်း၊ (၄) စည်းပွင့်ဖော်ခြင်း၊ ပန်းဖော်ခြင်း၊ (၅) ဆေး ဆိုးခြင်း၊ (၆) ဆေးရောင်သွင်းခြင်း၊ (၇)အခြောက်ခံနေလှန်းပြီး စည်း ကားခြင်း၊ (၈) ရက်ကန်းရှည်ခြင်း၊ (၉) လိပ်တုံးသွင်းခြင်းနှင့် (၁၀) ရက်ကန်းစင်တင်၍ ရက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။  ရက်ကန်း စင် တစ်စင်လျှင် လုပ်သားဦးရေ ၁၀ ဦးဖြင့် ရက်လုပ်ရသည်။ စည်း လုံချည် တစ်ထည်ဖြစ်မြောက်စေရန်အတွက် လုပ်သားများ စည်းလုံး ညီညွတ်မှုရှိမှသာ  သေသပ်လှပသော   စည်းလုံချည်တစ်ထည်  ရရှိ မည်ဖြစ်သည်။ ရက်ကန်းစင် တစ်စင်လျှင် တစ်ပတ်ကို  စည်းလုံချည် ကွင်း(ဝမ်းဆက်) ၃၀ခန့် ထွက်ရှိကြောင်း သိရသည်။

ကုန်ကျစရိတ်နှင့် အကျိုးအမြတ်
ရက်ကန်းစင်တစ်စင်လျှင် လုပ်သား ၁၀ ဦးခန့်ဖြင့် ပြုလုပ်ရပြီး ရက်ကန်းစင်တစ်စင်အတွက် ကုန်ကျစရိတ်မှာ -
(၁) တိုင်ချည် သုံးထုတ်လျှင် ၈၅၀ဝ၀ကျပ် -၂၅၅၀ဝ၀ ကျပ်
(၂) အဖောက်ချည်သုံးထုတ်လျှင် ၅၅၀ဝ၀ ကျပ်-၁၆၅၀ဝ၀ ကျပ်
(၃) စည်းပွင့်ဖော်ခနှစ်ဦး တစ်ဦးလျှင် ၅၀ဝ၀ကျပ်-၁၀ဝ၀ဝကျပ်
(၄) စည်းပွင့်အထွေးချည်ခ  နှစ်ဦးတစ်ဦးလျှင်  ၅၀ဝ၀ကျပ်-
      ၁၀ဝ၀ဝ ကျပ်
(၅) စည်းကားခွဲခ နှစ်ဦး တစ်ဦးလျှင် ၂၅၀ဝကျပ် -၅၀ဝ၀ ကျပ်
(၆) ရစ်လုံးချည်ချခ နှစ်ဦး တစ်ဦးလျှင်၅၀ဝ၀ကျပ်-၁၀ဝ၀ဝ ကျပ်
(၇) ရက်ကန်းခတ်ခ   တစ်ဦး ၃၀ဝ၀ဝ ကျပ် -  စုစုပေါင်း  ကျပ် ၄၈၅၀ဝ၀ ကုန်ကျကြောင်း သိရသည်။
ရက်ကန်းစင်တစ်စင်လျှင် တစ်ပတ်လျှင် ဝမ်းဆက်လုံချည်ကွင်း  ၃၀ထွက်ရှိကြောင်း သိရသည်။ ရောင်းဈေးမှာ ချည်လုံချည်တစ်ကွင်း လျှင် ကျပ် ၁၀ဝ၀ဝ၊ ချည်ဝမ်းဆက်တစ်စုံလျှင် ကျပ် ၁၈၀ဝ၀-၂၀ဝ၀ဝ ဖြင့် ရောင်းချသဖြင့်  အကျိုးအမြတ်မှာ  ကျပ် ၅၅၀ဝ၀-၅၇၀ဝ၀ ခန့် အမြတ်အစွန်းရှိကြောင်း သိရသည်။    ရက်ကန်းစင်တစ်စင်တွင် တစ်ပတ်လျှင် လုံချည်ကွင်း/ ဝမ်းဆက်  ၃၀ ခန့် ထွက်ရှိလျှင် တစ်လ လုံးအလုပ်ရှိ၍ ရက်လုပ်မည်ဆိုလျှင် ကွင်းပေါင်း  ၁၂၀ ခန့် ထွက်ရှိ မည်ဖြစ်ပြီး အကျိုးအမြတ်မှာ ပျမ်းမျှတစ်လလျှင်   ကျပ် ၂၂၀ဝ၀ဝ-၂၃၀ဝ၀ဝ ခန့် ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရသည်။

စည်းလုံချည်ဈေးကွက်
လူတို့အတွက် အဝတ်အစားမှာ ဒုတိယအရေးကြီးသောအရာ ဖြစ်သည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့်တစ်နှစ်   ပူပြင်းလာသဖြင့် လူအများလည်းချည်ဖြင့်ရက်လုပ်သော အဝတ်အစားများကို ရှာဖွေ ဝတ်ဆင်လာကြသည်။ ယခုနောက်ပိုင်းတွေင် ရွှေတောင်မြို့၌ စက် ရက်ကန်းဖြင့် ရက်လုပ်သော (၂/၁၀ဝ)ချည်ကို ကျစ်ပိုးများဖြင့် ရက် လုပ်ထားသော လုံချည်များလည်း ရောင်းချကြပြီး  ရောင်းဈေးမှာ ချည် ကျစ်ပိုး လုံချည်တစ်ကွင်းလျှင်  ကျပ် ၁၁၀ဝ၀ ၊ ချည်ကျစ်ပိုးဝမ်းဆက် တစ်စုံလျှင် ကျပ် ၂၃၀ဝ၀ ဖြင့်ရောင်းချကြောင်းသိရသည်။ ရွှေတောင် စည်းလုံချည်မှာ ပွဲတိုးပြီး ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိကာ မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် ဈေးကွက် အနေဖြင့် ရွှေတောင်မြို့ပေါ်နှင့်  အနီးအနားရှိမြို့များ၊    ပြည်မြို့၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချသည့်အပြင် ကမ္ဘာလှည့်ခရီးသွားများကလည်း ရက်ကန်းစင်များသို့ ကိုယ်တိုင်လာ ရောက်လေ့လာပြီး နှစ်ခြိုက်စွာ ဝယ်ယူကြသည်။ ရွှေတောင် စည်းလုံ ချည်မှာ နာမည်ရသော ဒေသထုတ်ကုန်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ တွင်သာမကဘဲ နိုင်ငံခြားသို့လည်း ထိုးဖောက် ဝင်ရောက်နိုင်သည့် အထည်တစ်မျိုးဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
Source Facebook

 

ဝေဝေမင်း (ပြည်)