Main menu

Background

စစ်ကိုင်းမြို့ ဒေသထွက်ကုန်ဂျုံခေါက်ဆွဲ

Mon, 07/03/2023 - 14:18 -- journal_editor

မြန်မာလူမျိုးတို့၏ အဓိကအစားအစာသည်  ဆန်နှင့်ဆန်ဖြင့် ပြုလုပ်သော မုန့်မျိုးစုံတို့ဖြစ်သည်။ ခေါက်ဆွဲသည် တရုတ်လူမျိုးတို့၏ အဓိက အစားအစာဖြစ်သည်။   ဂလိုဘယ်လိုက်ဇေရှင်း၊ ကမ္ဘာ့ရွာ၊ အင်တာနက်၊ သတင်းမီဒီယာ ဝေါဟာရများ  တွင်ကျယ်လာခြင်းနှင့် အတူ နိုင်ငံတစ်ခုမှ တစ်ခုသို့၊ လူမျိုးတစ်မျိုးမှတစ်မျိုးသို့ အမူအကျင့် ယဉ်ကျေးမှုများ ရွေ့လျားလာသည်။ မြန်မာလူမျိုးများသည် ကိုရီး ယားရုပ်ရှင်များကို ကြိုက်နှစ်သက်မှုများလာပြီး   ဆံပင်ပုံစံကအစ ကိုရီးယားစတိုင် ဖြစ်လာကြသကဲ့သို့  တရုတ်အစားအစာဖြစ်သည့် ခေါက်ဆွဲကိုစားသုံးသည့်  အလေ့အကျင့်များလည်း ကူးစက်လာ သည်။ သီတင်းကျွတ်၊ တန်ခူးလများတွင် မိဘ၊ ဘိုးဘွား၊ ဆရာသမား များကို ကန်တော့သည့်  ကန်တော့ပွဲများတွင် ခေါက်ဆွဲသည်လည်း အဓိကပါဝင်ပစ္စည်းဖြစ်လာသည်။ 
စစ်ကိုင်းမြို့တွင် ဂျုံမှုန့်ကို အသုံးပြုထုတ်လုပ်သည့်  ဂျုံခေါက် ဆွဲစက် ၂၆ စက်ရှိသည့်အနက် နှစ်စဉ် ဈေးကွက်ဝယ်လိုအားကြောင့် ထုတ်လုပ်မှုမြင့်တက်လျက်ရှိသော စိန်ကြည်ခေါက်ဆွဲစက်နှင့်ရွှေဆင် ခေါက်ဆွဲစက်အကြောင်း တင်ပြလိုက်ရပါသည်။

စိန်ကြည်ခေါက်ဆွဲ
စစ်ကိုင်းမြို့၊  ပါရမီရပ်ကွက်ရှိ    စိန်ကြည်ခေါက်ဆွဲစက်သည် ၁၉၉၀ပြည့်နှစ်မှစတင်၍   မတည်ရင်းနှီးငွေကျပ်သိန်း ၁၀ဝ၀ ဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ ရာ ယခုလုပ်သားအင်အား ကျား ၂၀ ဦး၊ မ ၆၀ ဦး စု‌စုပေါင်း ၈၀ ဦး အား အလုပ်အကိုင်အခွင့်အလမ်းများ  ပေးထားနိုင်သည်။ နေ့စား လုပ်ခ တစ်ရက်၄၈၀ဝကျပ်မှ ၈၅၀ဝကျပ်၊လစာလုပ်ခ ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းကြား  လုပ်ငန်းကျွမ်းကျင်မှု‌ပေါ် မူတည်၍ လုပ်အားခ များပေးချေသည်။ ဂျုံကုန်ကြမ်းကို  မန္တလေးမြို့မှ   ဒုံးပျံတံဆိပ်ကို ဝယ်ယူအသုံးပြုသည်။ တစ်လလျှင်ကုန်ကြမ်း ဂျုံ ၃၀ ပိဿာဝင် အိတ် ၈၀ဝကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက် ၂၃၀ဝ၀ ပိဿာခန့် ထုတ်လုပ်နိုင်သည်။
ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာဂျုံပိဿာ၆၀ကို သင့်တင့် သည့်ရေ၊ဆားနှင့်ဆော်ဒါများဖြင့် မွှေသည့်စည်တွင်ထည့်ကာ အချိန် မိနစ်၂၀ခန့်မွှေသည်။  ထွက်ရှိလာသော ဂျုံများကို ကြိတ်ခုံ(၅)ခုမှ အဆင့်ဆင့်ဖြတ်၍ ဂျုံပြားများရရှိပြီးလျှင်  ခေါက်ဆွဲမျှင်ဖြတ်သည့် စက်ဖြင့် အမျှင်များဖြတ်သည်။ ခေါက်ဆွဲမျှင်များကို တုတ်တန်းများ ပေါ်တွင်တင်၍ ရေနွေးငွေ့ဖြင့်  အချိန် ခြောက်မိနစ် ကြာခန့်ပေါင်း သည့် ခေါက်ဆွဲများနှင့် အစိမ်းနေလှန်းသည့်  ခေါက်ဆွဲအမျိုးအစား များဟူ၍ နှစ်မျိုးထုတ်လုပ်သည်။ 
ရေနွေးငွေ့ဖြင့် ပေါင်းခံသည့်   ခေါက်ဆွဲ၏အားသာချက်မှာ အမျှင်များ ပြတ်တောက်မှုနည်းသည်။  ပေါင်းခံပြီး ခေါက်ဆွဲများကို လက်ဖြင့် ခွေ၍ဗန်းများတွင်ထည့်၍လည်းကောင်း၊ အစိမ်းခေါက်ဆွဲ များကို တုတ်တန်းများဖြင့်လည်းကောင်း   လှန်းစင်များဖြင့် နေပူရှိန် ပြင်းလျှင်  ခြောက်နာရီခန့်  နေလှန်းသည်။   ခေါက်ဆွဲခြောက်ပါက သတ်မှတ်ထားသည့် အရှည်အတိုင်း ဖြတ်တောက်ပြီး ၂၀ ကျပ်သား၊ ၄၀ကျပ်သား၊ ၅၀ကျပ်သား စသည့်အလေးချိန် အသီးသီးဖြင့် ထုပ်ပိုး မှုပုံစံအမျိုးမျိုးဖြင့် ထုပ်ပိုးသည်။ ကုန်ချောများကို စိန်ကြည်ဂျုံခေါက် ဆွဲ၊ စိန်ကြည်ကြက်ဥခေါက်ဆွဲ၊ ရွှေမောင်း နန်းလုံး/နန်ပြား၊ ရွက်လှေ နန်းလုံး/ နန်ပြား၊  ရေနဂါးညီနောင် နန်းလုံး/နန်းပြား၊ ရွှေလက်ဝါး၊ ရှဲ့ရှဲ့ဟူ၍ တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးဖြင့်  ထုတ်လုပ်ရောင်း ချသည်။  
စက်ရုံလက်ကားဈေးနှုန်းများမှာ အလေးချိန် အနည်းအများ ပေါ်မူတည်၍ တစ်ထုပ်လျှင်အနည်းဆုံး ကျပ် ၁၃၀ဝမှ အများဆုံး ကျပ်၂၉၀ဝ ထိသာ သတ်မှတ်ပြီး အရည်အသွေးမှန်၊  အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ထုတ်လုပ်ရောင်းချသဖြင့်   စားသုံးသူပြည်သူများ အတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်သည်။ စိန်ကြည် ခေါက် ဆွဲစက်မှ ထွက်ရှိသည့် ဂျုံခေါက်ဆွဲများကို   စစ်ကိုင်းတိုင်း‌ဒေသကြီး အတွင်းနှင့် မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ငီ်္ဗ)၏  လက်မှတ် ရရှိပြီးဖြစ်၍ စားသုံးသူပြည်သူများအတွက်   စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူစားသုံးနိုင်သည့် ခေါက်ဆွဲဖြစ်သည်။

ရွှေဆင်အဆင့်မြင့် ဂျုံခေါက်ဆွဲ
စစ်ကိုင်းစက်မှုဇုန်ရှိ ရွှေဆင်အဆင့်မြင့် (ွဦူနြ နူန-ဏံဗြွှ) ဂျုံခေါက်ဆွဲစက်သည် ၁၉၈၈ ခုနှစ်မှစတင်၍ ရင်းနှီး ငွေ ကျပ် သိန်း ၁၀ဝ၀ ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။ ၎င်းခေါက်ဆွဲစက်သည် ခေတ်မီစက်များကို အများဆုံးအသုံးပြုသည်။ ယခုလုပ်သားအင်အား စု‌စု ပေါင်း ၅၀ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင် သည်။ နေ့စားလုပ်ခ တစ်ရက် ကျပ် ၄၈၀ဝ  မှ ၆၀ဝ၀ကျပ်၊ လစာ လုပ်ခ  ကျပ်တစ်သိန်း ငါးသောင်းမှ ကျပ်သုံးသိန်းကြား လုပ်ငန်းကျွမ်း ကျင်မှု‌ပေါ်မူတည်၍   လုပ်အားခများ ပေးချေသည်။  ကုန်ကြမ်းဂျုံကို ရန်ကုန်မြို့မှ ဥု တံဆိပ်၊ မေဇင်တံဆိပ် နှင့် ဒုံးပျံတံဆိပ်ကို ဝယ်ယူ အသုံးပြုသည်။ တစ်လလျှင် ကုန်ကြမ်း ဂျုံ ၃၀ ပိဿာဝင် အိတ် ၁၄၀ဝ ခန့်ကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက်ပိဿာ လေးသောင်း ကျော် ထုတ်လုပ်နိုင်သည်။ 
ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ  ကုန်ကြမ်းဂျုံကို သင့်တင့် သည့် ရေ၊  ဆားနှင့်ဆော်ဒါများဖြင့် သမအောင်ပြုလုပ်ကာ ခေတ်မီ စက်ဖြင့် ဂျုံပြားခြင်း၊ နန်းမျှင်ဖြတ်ခြင်း၊ သတ်မှတ်ထားသည့်  အရှည် အတိုင်းဖြတ်ပြီး ဘွိုင်လာစက်များဖြင့်ပေါင်းခံခြင်း၊ အချိန်ခြောက်နာရီ ကြာခန့် လေသလပ်ခံခြင်း၊ ထုပ်ပိုးခြင်းစသည်ဖြင့် အဆင့်ဆင့်ဆောင် ရွက်သည်။ စက်စွမ်းအားသည် တစ်နာရီလျှင် ခေါက်ဆွဲခြောက် တစ် တန်  ထုတ်လုပ်နိုင်သည်။   ရွှေဆင်ဂျုံခေါက်ဆွဲစက်သည်  အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ငီ်္ဗ) လက်မှတ်ရရှိပြီး အခြား ခေါက်ဆွဲစက်များထက် အားသာချက်မှာ   ရာသီဥတုအခြေ အနေကြောင့် ကုန်ချောများ ထုတ်လုပ်မှုကို မထိခိုက်ဘဲ ဝယ်လိုအား ပေါ်မူတည်၍ ကုန်ချောများ အချိန်မရွေးထုတ်လုပ်နိုင်သည်။ကုန် ချောများကို ရွှေဆင်အဆင့်မြင့် ဂျုံခေါက်ဆွဲ၊ ရွှေဆင်၊ စွဲလန်း၊ ‌ရွှေဧရာ ကုန်အမှတ်တံဆိပ် ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် အလေးချိန် အနည်း အများ ကွာခြားခြင်းပေါ်မူတည်၍ စက်ရုံ လက်ကားဈေးမှာ တစ်ထုပ် လျှင် အနည်းဆုံးဈေး   ကျပ် ၇၀ဝမှ ကျပ် ၂၃၀ဝကြား ဈေးနှုန်း အမျိုးမျိုးဖြင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်းနှင့်   မြန်မာပြည်အနှံ့ ရောင်းချသည်။
စစ်ကိုင်းမြို့၏ ဒေသထုတ်ကုန် စိန်ကြည်ခေါက်ဆွဲနှင့် ရွှေဆင် ခေါက်ဆွဲသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ နိုင်ငံတော်အကြီး အကဲ လာရောက်သည့် ခရီးစဉ်များ၌လည်းကောင်း၊မုံရွာမြို့၌ ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားနှင့်   လွတ်လပ်ရေးနေ့ အခမ်းအနားများ၌လည်းကောင်း၊ ရန်ကုန်မြို့၌  ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားများ၌လည်းကောင်း ဒေသထွက်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် စစ်ကိုင်းမြို့ကိုယ်စားပြု ဒေသ ထုတ်ကုန်များကို ပါဝင်ပြသခြင်းဖြင့် ခေါက်ဆွဲများ၏ အရည်အသွေး ကို ပြပွဲလာစားသုံးသူများက ကြိုက်နှစ်သက်ပြီး   အမှာစာများဖြင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း   ဝယ်ယူသုံးစွဲလာကြ၍ ဈေးကွက်ဝေစု ပိုမိုရရှိလာကြောင်း ဈေးရောင်းပွဲ‌တော် ပြပွဲတာဝန်ခံ များထံမှ သိရှိရသည်။

သန်းသန်းတင် (မုံရွာ)