Main menu

Background

ပခုက္ကူထွက်မြန်မာညှပ်ဖိနပ်များအကြောင်း

Tue, 07/18/2023 - 13:40 -- journal_editor

ပခုက္ကူခရိုင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များ ဖြစ်သော အမှတ်(၁၂)၊ (၁၃)နှင့် (၁၄)ရပ်ကွက် များတွင်  မြန်မာ့သားရေညှပ်ဖိနပ် များကို ရှေး ယခင်များစွာကပင်  လုပ်ကိုင်လာကြသည်။  မြန်မာ့သားရေ  ညှပ်ဖိနပ်များမှာ  ခိုင်ခံ့ခြင်း၊ ကျန်းမာရေးနှင့်လည်း ညီညွတ်ခြင်း၊ စီးရသည့် နေရာမှာလည်း    သက်သောင့်သက်သာရှိခြင်း တို့ကြောင့် လူကြိုက်များလှပါသည်။  
ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်း များဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင် မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည် ဖိနပ် လုပ်ငန်းများမှာ လုပ်သားဦရေ  ၁၀ ဦးမှ  ၂၅ ဦး ဖြင့် လုပ်ကိုင်လျက်ရှိသည်။ 
မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေ အရိုင်း ဖြင့်ပြုလုပ်ရသည်။ နွား၏သားရေ အရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊   မန္တလေးတိုင်း ဒေသကြီး၊   မြင်းခြံနှင့်ပခုက္ကူခရိုင်  ကန်တော် ဒေသတို့မှ ဝယ်ယူရကြောင်း၊   ထိုဝယ်ပြီးသော သားရေများကို ရေဖြင့်   စိမ်ရကြောင်း၊ စိမ်ပြီး သော သားရေများကို လိုရာ  ဖိနပ်ပုံစံများချပြီး ဆိုဒ်စုံ လှီးဖြတ်ရကြောင်း၊  လှီးဖြတ်ပြီး သားရေ မျက်နှာပြင် အချောများကို   ရွေးပြီး ကော်ပတ် တိုက်ရကြောင်း၊ ကော်ပတ်တိုက်ပြီး အနက်ဆီ သုတ်၍ ချောသည် ထိစက်ကြိတ်ရသည်။ စက် ကြိတ်ပြီးရလာသော သားရေများကို နေလှန်းရ ကြောင်း၊ ရလာသောသားရေများကို ဆေးကြမ်း မှုတ်ပြီး ဆေးကြမ်းခြောက်လျှင် ကော်ပတ်စား ကာ မိမိလိုအပ်သော  ဆေးရောင်မှုတ်ရပြီး  ကျား စီး၊ မစီးများဆိုဒ်စုံလှီးဖြတ်ရသည်။ ရလာသော ဖိနပ် ပြားများကို ဖိနပ်သဲကြိုးတပ်ရန် ခေါင်နှင့် ခါးဖြတ်ကို စောက်ပြားဖြင့် ရှပ်ထုတ်ရသည်။ 
ထိုမှတစ်ဆင့် ဖိနပ်ပြား၏  ဘေးပတ်များ ကို စက်ကြိုးချုပ်ရန်အတွက်  နှုတ်ခမ်းသားများကို စက်ဖြင့်ကြိတ်ပြီး  စက်ကြောင်းထိုးကာ ဘေး ပတ်လည်ကို စက်ကြောင်းပေါက်၍  သားရေပြား အောက်ခြေမှ   ရော်ဘာပတ်ကြိုးပတ်ရပါသည်။ ရော်ဘာပတ်ကြိုးအလယ်မှဝမ်းစာထည့်ပြီး သား ရေနှင့်တွဲ၍ စက်ဖြင့်ချုပ်ရပါသည်။  စက်ဖြင့်ချုပ် ပြီး ရလာသော   သားရေများကို ခေါင်စိုက်သဲ ကြိုးကွင်းပြု၍ခေါင်ကိုသံရိုက်ရပါသည်။ဖနောင့် နေရာတွင် ဖနောင့်မနာရန်အတွက်   ချက်စာ ထည့်ပြီး ကားတာယာဖြင့်ကော်သုတ်၍ အောက် ခြေမှ ပိတ်ပြီး နှုတ်ခမ်းနားကို ဓားဖြင့်လှီးဖြတ်၍ လက်နှင့် အချောဆွဲခြင်းဖြင့် ဖိနပ်တစ်ရံ  ရရှိပါ သည်။ ရရှိလာသောဖိနပ်များ ကစ်တိုက်အချော သတ်ရပါသည်။  လုပ်သားခမှာ တစ်ရံလျှင်  ၃၀ဝ  ကျပ် ပေးရပြီး လုပ်သားတစ်ဦးလျှင် အရံ  ၂၅  ရံ ပြီးကြောင်း၊ ရရှိလာသော  သားရေဖိနပ်များကို မြန်မာပြည် တစ်နှံ့တစ်လျားသို့ တင်ပို့နေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
မြန်မာ့သားရေညှပ်  ဖိနပ်လုပ်ငန်းဦးရေ များပြားလာသည်နှင့်အမျှ  အလုပ်အကိုင်အခွင့် အလမ်းများလည်း   များစွာအထောက်အကူဖြစ် လာပါသည်။