မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့တောင်ဒေသ မုတ္တမ ပင်လယ်ကွေ့ပေါ်တွင် တည်ရှိသည်။ မွန်ပြည်နယ်၏အကျယ်အဝန်း မှာ ၄၇၄၇ဒသမ၇၆ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ် ၁၀မြို့နယ်၊ မြို့၁၃မြို့၊ မြို့နယ်ခွဲနှစ်ခု၊ ရပ်ကွက်ပေါင်း ၈၀၊ ကျေးရွာအုပ်စု ၃၈၃ အုပ်စု၊ ကျေးရွာပေါင်း ၁၂၀ဝ ရှိသည်။ မွန်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းလူမျိုးတို့ နေထိုင်ကြပြီး စာရင်းရှိလူဦးရေ ၂၂၄၃၇၉၃ ဦး ရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။
မွန်ရိုးရာဝတ်စုံ ဖြစ်ပေါ်လာပုံ
မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊ စစ် သေနာပတိ၊ ကဝိဆရာ၊ မူးကြီးမတ်ရာ၊ သူဌေးသြွူကယ်၊ နယ်စား မြို့စား၊ ပြည်သူများ၊ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာ ဝတ်စားဆင်ယင်မှုသည်လည်း လူတန်းစားကိုလိုက်၍ ဝတ်စား ဆင် ယင်ခဲ့သည်။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီ ပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့် နယ်ချဲ့တို့၏ လက်အောက်သို့ ရောက်ရ သောခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်းလွှမ်းမိုး ဖျက်ဆီးခြင်းခံခဲ့ရပသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်း တွင် မွန်ဒေသမှ ရက်ကန်းလုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့် ပိုမိုတွင်ကျယ်စွာရောင်းချနိုင်သော မြန်မာအဝတ်အထည်ကိုသာ ရက်လုပ်ကြပြီး မွန်လူမျိုးတို့၏ဝတ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ ကြသည်။ ရာမညတိုင်း၊ တိုင်းရင်းသားတို့သည် လွယ်ကူစွာရနိုင်သော အဝတ်အထည်များကိုသာ ဝယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အဝတ် အထည်များကို ပိုမို၍ဝတ်ဆင်မှုနည်းပါးလာသည်။ မွန်အမျိုးသား ဝတ်စုံကိုဝတ်ဆင်ရန် လိုအပ်သည့်အခါတွင် မည်သည့်ဝတ်စုံကို ဝတ် ဆင်ရမည်ကိုပင် မဝေခွဲနိုင်သောအခြေအနေသို့ ရောက်ခဲ့ကြသည်။ တက္ကသိုလ်၊ ကောလိပ်များရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။ ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများ ရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသား များသည် တခြားတိုင်းရင်းသားနည်းတူ မိမိတို့၏ဝတ်စုံကို မဝတ်ဆင် နိုင်ဖြစ်ခဲ့သည်။
၁၉၇၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပြည်ထောင်စုအလံ သယ် ယူပွဲတွင် မိမိတို့၏ဝတ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သောကြောင့် မွန် အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန် ကျောင်းသား၊ ကျောင်းသူများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုး တောင်း ဆိုလာကြသည်။ ထို့ကြောင့် မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ် မြောက်ရေးကော်မတီကို ၂၁-၈-၁၉၇၁ တွင် ရွှေတိဂုံဘုရားလမ်း မွန်ပဋိကတ်တိုက်တွင် တက္ကသိုလ်ကော်လိပ်ကျောင်းသား၊ကျောင်းသူများ ကျောင်းသားဟောင်းများဦးစီး၍ ဖွဲ့စည်းလိုက်သည်။
မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီ၏ ကြိုးပမ်းဆောင်ရွက်ချက်
မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီသည် ပထမ အကြိမ် အစည်းအဝေးကို၂၁-၈-၁၉၇၁ ရက်တွင် ကျင်းပ၍ မွန်လူမျိုးတို့၏ ရှေးဟောင်းအဝတ်အစားနှင့် ယနေ့အဝတ်အစား များကို အထောက်အထားပစ္စည်းအဖြစ် အသုံးပြုရန် မွန်ဒေသစုံသို့ သွားရောက်စုဆောင်းခြင်း၊ မွန်ဒေသကိုရောက်ရာတွင် တွေ့ရှိရသော ပစ္စည်းများ အကြောင်းအရာကိုသိရှိသောပုဂ္ဂိုလ်များထံတွင် မေးမြန်း လေ့လာခြင်း၊ မွန်တို့၏ဝတ်စားဆင်ယင်မှုအကြောင်းကို တတ်သိ ပုဂ္ဂိုလ်များနှင့်ဆွေးနွေးခြင်း၊ ဒုတိယအစည်းအဝေးကို ၅-၉- ၁၉၇၁ ရက်တွင် ပြုလုပ်၍ ရရှိထားသော အချက်အလက်များကို ဆွေးနွေး ခြင်း၊ ရရှိထားသော အဖြေများကို ပေါင်းစပ်ပြီး မွန်ဝတ်စုံ အကြမ်း သဘော ရွေးချယ်သတ်မှတ်ခြင်းများ အဆင့်ဆင့်ကြိုးပမ်းကြသည်။ ၁၂-၉-၁၉၇၁ ရက်တွင် မွန်လူကြီးများ၊ လူငယ် လူလတ်၊ ရဟန်း တော်များ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်း သား၊ သူများကို ဖိတ်ခေါ်၍ မွန်ဝတ်စုံကို သတ်မှတ်အအတည်ပြုရန် ကော်မတီအဖွဲ့ သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ် ကော့ဗိန်းရွာမှ ပစ္စည်းအထောက် အထား အချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြသည်။
ရှေးခေတ် မွန်အဝတ်အစားများ၊ နတ်ဝတ်နတ်စား၊ ပဝါ၊မွန်နှစ် နံစပ် လုံချည်ထဘီများရရှိခဲ့ကြသည်။ ထို့မှတစ်ဆင့် ကော်မတီဝင်များ သည် မွန်လုံချည်၊ ထဘီများကို သုတေသနပြုရာတွင် အနီရောင်သည် အပေါ် လွင်ဆုံးအရောင်ဖြစ်သည်။ လုံချည်တွင် အနီရောင်ခံပေါ် တွင် အဖြူရောင်အစင်းဖြင့် အကွက်များဖော်ထားခြင်းနှင့် ထဘီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့် အကွက်ဖော်ထား သည်ကို တွေ့ရသည်။ ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မဝတ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သောအင်္ကျီတစ်မျိုး ဝတ်ဆင်သည်ကို တွေ့ရသည်။ တိုက်ပုံကဲ့သို့ လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ် တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပါ။ လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုပါရှိသည်။ တခြားတိုက်ပုံများကဲ့သို့ ကြယ်သီးမတပ်၊ ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေ ကြိုးချည်၍ စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။ ရှေးခေတ် မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံး အဖြူရောင်ကို ဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ် ခေါင်းမှ စွပ်ရဝတ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဌာန်နှင့်(ဠ)သဏ္ဌာန်၊ လက်မှာ လက်ရှည်ဖြစ်ပြီး ကြယ်သီးနှင့်ချည်စရာကြိုးများ မလိုဘဲ ပြုလုပ်ထားသည်။
၁၂-၉-၁၉၇၁ ရက်မှာ ကော်မတီအစည်းအဝေးကို ထပ်မံ ခေါ်၍ မွန်ပဋိကတ်တိုက်တွင် ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ ပုံဏ္ဌာန်ကို မကန့်ကွက်လိုသော်လည်း အရောင်ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက် ရောင်သည် မွန်တို့၏အယူအဆအရ မင်္ဂလာမရှိသော အရောင်ဖြစ် သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေး ထောင့်အကွက်ကြီး ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။ အစည်းအဝေးမှ သတ်မှတ်သော မွန်အမျိုး သားဝတ်စုံမှာ အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပုံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မဝက်ခန့်ဗျက်ချုပ်မည်။ လက်ကို မခေါက်ဘဲ ဆန့်ထားမည်၊ အောက် အိပ်နှစ်လုံးပါမည် ကြိုးလေးကွင်းတပ်မည်။ လျာမပါချေ၊ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည် အောက်ဆုံ အနားအဖြူလေးပုံတစ်ပုံလက်မ ထားမည်။အနား၏အပေါ်တွင် အနီ ကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။ အလယ်တွင် နှစ်နံစပ်သဘော ဆောင်ရန် အောက်အနားအဖြူအစင်း လက်မဝတ်ခန့်ပတ်ထားမည် ဖြစ်ကြောင်း၊မွန်အမျိုးသမီးဝတ်စုံမှာအင်္ကျီကိုအဖြူရောင်၊(ဠ)သဏ္ဌာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည် အောက်အနား အနည်းငယ်ပိုရှည်ရန်၊ ထဘီမှာအနီရောင်ခံ၊ ကြက်ခြေခတ်အနက် ကွက်၊ ရောင်စုံအစင်းပတ် ၆လက်မအနီရောင်နှင့် အဖြူရောင် ယှက် ထားသောဗြောင် ၁၅ လက်မ အောက်ဆုံးအနား၊ အနီခံအနက်ကွက် ၂၁ လက်မ၊ ရောင်စုံအစင်း ၆ လက်မ၊ အနီဖြူရောင်ဗြောင် ၁၅ လက်မ၊ စုစုပေါင်း ၄၂လက်မ ထပ်ဆင့်ဖြင့် ချုပ်မည်ကိုဖြစ်ကြောင်း အား တက်ရောက်သူအားလုံးက ဝတ်စုံအား အတည်ပြု သတ်မှတ် နိုင်ခဲ့သည်။
မွန်ရိုးရာဝတ်စုံ စတင်ဝတ်ဆင်ခဲ့သော အထိမ်းအမှတ်
မွန်ဝတ်စုံကို ၁၀-၁၀-၁၉၇၁ ရက်တွင် ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ စတင်ဝတ်ဆင် ခဲ့ကြသည်။ ၁၂-၁၀-၁၉၇၁ ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာ သော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ် မှတ်ထားသော ဝတ်စုံဖြင့် မွန်ကျောင်းသား/သူများ သွားရောက်တွေ့ ဆုံခဲ့ကြသည်။ ၂၃-၁၀-၁၉၇၁ ရက်တွင် ရန်ကုန်တက္ကသိုလ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများ မိတ်ဆက်ပွဲ အခမ်းအနားကို မွန်ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ဝတ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်းအစ်ကို များ မိတ်ဆက်နိုင်ခဲ့ကြသည်။ ၁၉၇၂ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင် လည်း ယင်း မွန်ဝတ်စုံဖြင့် ဝတ်ဆင်ထားသော မွန်ကျောင်းသား ကျောင်းသူများ၏ပုံကို ထည့်သွင်းခဲ့ကြသည်။ အထက်ဖော်ပြပါ ကြိုးပမ်းအားထုတ်မှုတို့သည် ရေရှည်ခိုင်မာသော ဝတ်စုံမရှိသည့် မွန်လူမျိုးများအတွက် ဝတ်စုံတစ်စုံ မားမားမတ်မတ် ပေါ်ထွက်လာခဲ့ ပါသည်။
မွန်ရိုးရာဝတ်စုံဖြင့် ပျော်ရွှင်နွှဲဆင်ပွဲတော်များ
မွန်လူမျိုးတို့သည် ရှေးယခင်ကပင် မွန်ဝတ်စုံအပြည့် ဝတ်ဆင် ၍ရိုးရာဘုရားပွဲများ၊ အထိမ်းအမှတ်ပွဲများ၊ နေ့ကြီးနေ့ထူးမြတ်များ၊ မွန်အမျိုးသားနေ့၊ မွန်ပြည်နယ်နေ့ စသည့် အထိမ်းအမှတ်ပွဲတို့၌ ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဆင်နွှဲကြသည်။ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဝတ်ဆင်မှု၏ အမျိုးသားဝတ် တိုက်ပုံနှင့်လုံချည်၊ မိန်းကလေး ဝတ်အဖြစ် ထဘီကို အနီခံတွင်အမည်းရောင်နှင့် အင်္ကျီကိုအဖြူရောင် တို့ကို ဝတ်ဆင်ခဲ့ကြပြီး ယောကျာ်းလေးများအတွက် တိုက်ပုံ၊ မွန်ပုဆိုး အနီ၊ ခေါင်းပေါင်း(သို့) ပတ်ပေါင်းတို့ဖြင့် ရိုးရာမပျက် ဝတ်ဆင်သည်။ ခေတ်ပြောင်းလဲမှု တိုးတက်လာခြင်းနှင့်အညီ မွန်ရိုးရာမပျက် ထိန်း သိမ်း၍ကာလာစုံ၊ဒီဇိုင်းစုံဖန်တီးထားမှု၊ချုပ်လုပ်ဝတ်ဆင်၍မွန်ရိုးရာ ဝတ်စုံကို ပိုမိုနှစ်သက်ဝတ်ဆင်လာကြသည်။
ရိုးရာ ဝတ်စုံချုပ်လုပ်မှုပိတ်စနှင့် ရက်ကန်းစင်များ
အမျိုးသားတိုက်ပုံအတွက် ချည်သား၊ ပိုးသား၊ ယုန်သားတို့ဖြင့် ချုပ်လုပ်ထားပြီး ပုဆိုးကို နှစ် ၈၀ချည်၊ နှစ် ၁၀ဝ ချည်၊ ပိုးယုန်တို့ဖြင့် ချုပ်ပေးထားပြီး ခေါင်းပေါင်းကို ပိုးသားအမာဖြင့် ပြုလုပ်ထားပါသည်။ မွန်ရိုးရာထဘီချုပ်လုပ်ရာတွင် ပိတ်စအမျိုးအစားမှာ ယုန်သား နှစ် ၈၀ချည်၊ နှစ် ၁၀ဝချည်များဖြင့် ချုပ်လုပ်ပြီး အင်္ကျီအဖြူကို ယုန်ဟု ခေါ်သော ပိတ်စဖြင့် ပြုလုပ်ပါသည်။ ယခင်က ဝတ်စုံများကို ချုပ်လုပ် ရာတွင် ရှေးရိုးရာမပျက် လက်ရက်ကန်းများပြုလုပ်ပါသည်။ မွန် ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာရှိ ရွှေချည်ရက်ကန်းကုန်ထုတ် သမဝါယမအသင်းလီမိတက်က မွန်ရိုးရာဝတ်စုံ၊ စောင်နှင့်ပဝါများ၊ ရက်လုပ်ရောင်းချမှုရှိပါသည်။ ၎င်းရွှေချည်ရက်ကန်း ကုန်ထုတ်သမ ဝါယမအသင်းလီမီတက်မှ မုဒုံမြို့နယ် နိုင်လှုံကျေးရွာရှိ ရက်ကန်း ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများက စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ် ပါသည်။ အဆိုပါအသင်းမှ အသင်းဝင်များက မွန်ရိုးရာ ဝတ်စုံများ၊ စောင်နှင့်ပဝါများ ရက်လုပ်ရာတွင်လိုအပ်သည့် ကုန်ကြမ်းကို အမရ ပူရမြို့နှင့် ဒေသတွင်းမှ ဝယ်ယူကာ လက်ရက်ကန်းစင် ၂၅စင်ဖြင့် ရက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်သည်။
အဆိုပါ ရက်ကန်းစင်များမှ တစ်လလျှင် အမျိုးသား၊ အမျိုး သမီးဝတ် မွန်ရိုးရာဝတ်စုံ အထည် ၁၀ဝ၊ စောင်အထည် ၂၀နှင့်ပဝါ ၁၀ထည် ရက်လုပ်နိုင်ပြီး ထုတ်လုပ်ရရှိသည့် အထည်များကို လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း လက်ရက်ကန်းစင် ၄၁စင် ထူထောင်လာပြီး မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများ၊ ဘားအောက်၊ ကော့ခမိန်၊ ရိုးဂိုးကျေးရွာများမှ အများဆုံး ရက်လုပ်ပါသည်။ ယခင်က လက်ကန်း ဖြင့် တစ်ရက်လျှင် တစ်ထည်နှုန်းသာ ထုတ်လုပ်နိုင်သောကြောင့် ဈေးကွက်ပိုမိုချဲ့ထွင်ရေးလုပ်ငန်းရှင်များက တစ်နေ့လျှင် အထည်၂၀ နီးပါး ထုတ်လုပ်နိုင်သော စက်ရက်ကန်းများကိုပါ ကြိုးပမ်းဆောင် ရွက်လာပါသည်။
မွန်ဒေသစီးပွား ရိုးရာဝတ်စုံ
မွန်ပြည်နယ်၏ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသ တွင်း ထုတ်ကုန် မွန်ဝတ်စုံလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဈေးနှုန်းသင့်တင့်သောကြောင့် လူတိုင်းဝတ်ဆင်နိုင်ပါသည်။ အမျိုး သမီးဝတ်ဆင်ရန် တစ်စုံလျှင် ၁၅၀ဝ၀ ကျပ်မှ ၁၅၀ဝ၀ဝ ကျပ်ထိရှိ၍ ၎င်းမှာပိတ်စအမျိုးအစားပေါ် မူတည်၍ ကွာဟမှုဖြစ်ပါသည်။ အမျိုးသား ဝတ်ဆင်ရန် တစ်စုံလျှင် ၂၅၀ဝ၀ ကျပ်မှ ၂၀ဝ၀ဝ၀ကျပ်ထိ ရှိ၍ ၎င်းမှာပိတ်စ အမျိုးအစားပေါ် မူတည်၍ ကွာဟမှုဖြစ်သည်။
ဒေသတွင်းထုတ်ကုန်ဖြစ်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ် အကိုင်ရရှိခြင်း၊ ဈေးကွက်တွင်ကျယ်လာခြင်း၊ မွန်ပြည်နယ်သို့ လာ လည်ကြသည့် ပြည်တွင်း၊ ပြည်ပမှဧည်သည့်များသည် တိုင်းရင်းသား ဝတ်စုံကို အသိအမှတ်ပြု၍ ဝယ်ယူဝတ်ဆင်၍သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူ၍သော်လည်းကောင်း လူတိုင်း ရင်မှာ မွန်ရိုးရာဝတ်စုံက ဂုဏ်ယူဖွယ်မဆုံးရှိနေပြီဖြစ်သည်။
ခင်ကြည် (မွန်)