Main menu

Background

မွန်တို့၏ယဉ်ကျေးမှုအမွေအနှစ်မြေအိုးမြေထည်လုပ်ငန်း

Mon, 08/14/2023 - 12:26 -- journal_editor

မွန်ပြည်နယ်သည်     ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ြွကယ်ဝသော ပြည်နယ်တစ်ခုဖြစ်သည်။ မုတ္တမကွေ့ဒေသသည် ရှေး အချိန်ကပင် မြေအိုးမြေထည်   ထုတ်လုပ်မှုလုပ်ငန်းနှင့်ပတ်သက်၍နာမည်ကျော်ကြားခဲ့သော ဒေသတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ် ပေါင်း ၃၀ဝ၀ ကျော်ကတည်းကပင် မွန်လူမျိုးတို့   အခြေချနေထိုင်ခဲ့ သောနေရာဖြစ်သည်။  ဗုဒ္ဓယဉ်ကျေးမှုကို  နှစ်ပေါင်း ၂၆၀ဝ ကျော် ကပင် စတင်လက်ခံခဲ့ကြသည်။ မြေထည်လုပ်ငန်းဖွံ့ဖြိုးခဲ့ကြောင်း အထောက်အထားများကို   မွန်ဘာသာရေးသားသော ရှေးဟောင်း စာပေများ၊ မွန်(သို့မဟုတ်) မြန်မာဘာသာရေး  ဘုရားသမိုင်းများ၊ မွန်ရာဇဝင်၊ သထုံရာဇဝင်၊ မုတ္တမရာဇဝင်နှင့်မော်လမြိုင်ရာဇဝင်တို့ တွင် ဖော်ပြမှတ်တမ်းတင်ခဲ့ကြသည်။
ထို့ကြောင့် မုတ္တမကွေ့ဒေသသည်   မြေအိုးမြေထည်လုပ်ငန်း ဖြင့် ဖွံ့ဖြိုးသောလူမှုယဉ်ကျေးမှုအဖွဲ့အစည်းတို့ကို  မွန်လူမျိုးတို့က ကောင်းစွာတည်ထောင်တည်ထောင်နိုင်ခဲ့ကြောင်း၊ ရှေးဟောင်း မြေ အိုးမြေထည် အပိုင်းအစများနှင့် ဘုရားစေတီတို့၏ ဗုဒ္ဓပူဇနိယပွဲတော် များ အကြိမ်(၂၅၀ဝ)မက ကျင်းပနိုင်ခြင်းက သာဓကအဖြစ် ထင်ရှား စွာ တွေ့ရှိရသည်။ ဥပမာ-ဘီးလင်း၊  မုတ္တမ၊ သထုံ၊ ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များမှ တွေ့ရှိရသော   အုတ်ခွက်ဘုရားများဖြစ် သည်။ မုတ္တမ စဉ့်အိုးသည် မုတ္တမကွေ့ဒေသမှ   စတင်တီထွင်ထုတ် လုပ်ခဲ့သည်ဟု သုတေသီများက ဖော်ထုတ်ခဲ့ကြသည်။  မွန်ပြည်နယ် သည် ရှေးယခင်ကတည်းက မြေအိုးမြေထည်ပြုလုပ်ခြင်း   အတတ် ပညာတွင် ဂုဏ်သတင်းကျော်ကြားသော မုတ္တမကွေ့ဒေသရှိ နေရာ တစ်ခုပင် ဖြစ်သည်။ 
ဘီးလင်း၊ သထုံ၊ ပေါင်၊မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ် စသည့် မြို့နယ်များသည် ယခုအချိန်ထိ မြေအိုးမြေထည်လုပ်ငန်းဖြင့် ဆက် လက် အသက်မွေးဝမ်းကျောင်း ပြုလုပ်သော မျိုးဆက်များက ဆက် လက် ရှင်သန်လျက်ရှိသည်။ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်များသည် ယနေ့အချိန်တွင် မြေအိုးမြေထည်လုပ်ငန်းလုပ်ကိုင်မှုမရှိသော်လည်း စဉ့်ဖိုဟောင်းများ၊ မြေအိုးမြေထည်အပိုင်းအစများနှင့် စဉ့်ဖိုသုံးပစ္စည်း ဟောင်းများကို ရံဖန်ရံခါ မြေတူးဖော်သည့်လုပ်ငန်းများတွင် တွေ့ရှိ ကြရသည်။ မော်လမြိုင်မြို့၊မုပွန်အိုးရုံများသည်  လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ ကျော်ကပင် မုတ္တမမှရွှေ့ပြောင်းတည်ထောင်ခဲ့သော အိုးရုံများ ဖြစ်ပြီး ယနေ့ထိ မီးဖိုချောင်သုံး ငါးပိအိုးများနှင့် ငရုပ်ဆုံးများကို တွင် ကျယ်စွာ ထုတ်လုပ်ကြသည်။  ဘီးလင်းမြို့ နှင်းပလဲကျေးရွာသည် သောက်ရေအိုးများ ထုတ်လုပ်ခြင်းနှင့် သထုံးမြို့နယ် ကျိုက္ကော်အိုးရုံ၊ မုဒုံမြို့နယ် နိုင်လှုံလက်တက်အိုးရုံနှင့် သံဖြူဇရပ်မြို့နယ် ကရင်သောင် အိုးရုံများသည် လုပ်ငန်းသုံး   ရော်ဘာအစေးခံခွက်များ ထုတ်လုပ်ခြင်း စသည်ဖြင့် ထုတ်လုပ်သည့်နေရာဒေသနှင့် အမျိုးအစားများ ယှဉ်တွဲ ၍ အသီးသီး နာမည်ကျော်ကြားကြသည်။ 
အထူးသဖြင့် ကျိုက္ကော်အိုးရုံ၊ နိုင်လှုံလက်တက်အိုးရုံနှင့် ကရင် သောင် အိုးရုံတို့သည်   မွန်၊  ကရင်၊  တနင်္သာရီဒေသရှိ ရော်ဘာခြံ လုပ်ငန်းရှင်များအတွက်   ရော်ဘာအစေးခံခွက်များ အဓိက ထုတ် လုပ်ပေးသော အိုးရုံများဖြစ်သည်။ သဘာဝရွှံ့စေးမြေများရရှိနိုင်မှု နှင့် ရှေးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သောအိုးဖိုပုံစံများပေါ်မူတည် ၍ ထုတ်လုပ်သည့်မြေအိုးမြေထည်အမျိုးအစားများ စုံလင်ကြသည်။ ယနေ့ခေတ်တွင်လည်း မွန်ပြည်နယ်၌ မြေအိုးမြေထည်လုပ်ငန်းများ အထိုက်အလျောက် တွင်ကျယ်လျက်ရှိသည်။    ပြည်နယ်အတွင်း သာမက ပြင်ပဈေးကွက်ပါ  အခိုင်အမာရရှိထားသည့်လုပ်ငန်းဖြစ် သည်။ သို့သော် မွန်ပြည်နယ်၏  မြေအိုးမြေထည်လုပ်ငန်းများသည် ဘိုး ဘွားမိဘ စဉ်ဆက်လက်ဆင့်ကမ်းလာသော နည်းပညာများဖြင့် သာ ရှေးယခင်ကထုတ်လုပ်ခဲ့သော မြေအိုးမြေထည်ပုံစံအမျိုးအစား ကို အခြေခံလျက် ထုတ်လုပ်ကြဆဲဖြစ်သည်။ တန်ဖိုးမြင့်  မြေအိုးမြေ ထည်များ ထပ်မံထုတ်လုပ်ရန် အလှမ်းကွာဝေးနေကြပြီး အခြားဒေသ မှထုတ်လုပ်သော တန်ဖိုးမြင့်  မြေအိုးမြေထည်များ (စဉ့်ထည်များ)သည် မွန်ပြည်နယ်ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နေကြောင်း လေ့လာတွေ့ရှိရသည်။
အိုးရုံများ ပျံ့နှံ့တည်ရှိပုံ
မွန်ပြည်နယ်ရှိအိုးရုံများသည် မြစ်ချောင်း၊  အင်းအိုင်အနီးရှိ လယ်မြေများရှိရာနေရာတစ်လျှောက် သဘာဝရွှံ့စေးမြေများ ရရှိမှု ပေါ်မူတည်၍ ပျံ့နှံ့တည်ရှိကြပြီး ၎င်းဒေသအနီးအနားတွင် နေထိုင် ကြသူများသည် မြေအိုးမြေထည်လုပ်ငန်းဖြင့်သာ အဓိက အသက်မွေး ဝမ်းကျောင်းပြုကြသည်။ မွန်ပြည်နယ်   မော်လမြိုင်ခရိုင်နှင့် သထုံ ခရိုင်နှစ်ခုလုံးတွင် အိုးရုံများ ပျံ့နှံ့တည်ရှိပုံတူညီကြသည်။    မွန်ပြည် နယ် ၁၀ မြို့နယ်အနက်မှ ကျိုက်ထို၊ဘီးလင်း၊ သထုံ၊ပေါင်၊မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့သည် ယနေ့ တိုင် မြေအိုးမြေထည်များထုတ်လုပ်သော နေရာဒေသများဖြစ်သည်။ကျိုက်ထိုမြို့နယ်သည် ခေတ်အဆက်ဆက်လုပ်ကိုင်ပြီး ၁၉၉၀ ပြည့်နှစ် မှစ၍ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေ။
မုပွန်အိုးရုံသည် မွန်ပြည်နယ်တွင်သာမက    အခြားပြည်နယ် များထိ ဂုဏ်သတင်းကျော်ကြားသော အိုးရုံးတစ်ခုဖြစ်သည်။  မုပွန် အိုးဟူ၍လည်း အနယ်နယ်အရပ်ရပ်၌ ကျော်စောမှုရှိသည်။ အရည် အသွေးကောင်းမွန်သည်။ မုပွန်အိုးရုံသည်   မော်လမြိုင်မြို့၏တောင် ဘက်အရပ်တွင် တည်ရှိသောအိုးရုံဖြစ်သည်။ စုစုပေါင်းအိုးရုံ ခုနစ်ရုံ ခန့် တည်ရှိကြသည်။  မုပွန်အိုးရုံတွင် အဓိကထုတ်လုပ်သော မြေအိုး မြေထည်များမှာ ငါးပိအိုး၊ ငါးပိသိပ်အိုး(စဉ့်အိုးသေး)၊ ငရုတ်ဆုံ၊ ပန်း အိုးများနှင့် ရာသီပွဲတော်တွင် ဆီမီးခွက်၊ ဆွမ်းသပိတ်နှင့်   ကလေး ကစားစရာအရုပ်များ၊ အိုးပုတ်များကိုလည်း တွင်ကျယ်စွာ ထုတ်လုပ် လျက်ရှိသည်။ ၂၀၁၀-၂၀၁၅ အတွင်းတွင် အမွှေးတိုင်ထွန်းခွက်နှင့် ဘွန်ဇိုင်းအိုး(သြညျငေ)၊ မြေထမင်းပေါင်းအိုးများလည်း ထုတ်လုပ်ကြ သည်။သို့သော် ယခုအခါ ဘွန်ဇိုင်းအိုး(သြညျငေ)နှင့် မြေထမင်းပေါင်း အိုးများ မထုတ်လုပ်ကြတော့ပေ။
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း   တည်ရှိသော နှင်းပုလဲ အိုးရုံသည် သောက်ရေအိုးများကိုသာအဓိက ထုတ်လုပ်ကြပြီး  အချို့ အိုးရုံများမှာမူ သောက်ရေအိုးအပြင် ငါးပိအိုးများ၊ ပေါင်ချောင်အိုး များ၊  ပန်းအိုးများ၊ အတာအိုးများ၊  စုဘူးများနှင့် ကလေးကစားစရာ    အိုးပုတ်များကိုလည်းထုတ်လုပ်ကြသည်။ သထုံမြို့နယ်အတွင်း တည် ရှိသော ကျိုက္ကော်အိုးရုံသည် မြေအိုးမြေထည်များ  ထုတ်လုပ်မှုတွင် ကျော်ကြားလျက်ရှိသည်။  အထူးသဖြင့်   ရော်ဘာအစေးခံခွက်များ ထုတ်လုပ်ခြင်းတွင် ထင်ရှားသည်။ ကျိုက္ကော်ကျေးရွာသည် အိုးလုပ် ငန်းကို ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့ကြသည်။ ယနေ့ခေတ်ကျိုက္ကော် အိုးရုံများသည် ရန်ကုန်-မော်လမြိုင် ကားလမ်းမ ဘေးတစ်ဖက်တစ် ချက်တွင် တည်ရှိသောကြောင့် ခရီးသွားများအား  ပိုမိုဆွဲဆောင်နိုင် သည့် အားသာချက်များရှိသည်။ ကျိုက္ကော်တွင်   လွန်ခဲ့သော ငါးနှစ် ကပင် မြေအိုးမြေထည်လုပ်ငန်းအရေအတွက် ရှစ်ခုရှိခဲ့သော်လည်း ယခုတွင် ခြောက်ခုမျှသာ  ကျန်ရှိသည်။  ယခင်ကမူ  ရော်ဘာစေးခံခွက်၊ စဉ့်အိုးများနှင့် ငရုတ်ဆုံများကို ထုတ်လုပ်ကြသော်လည်း နောင်လာ နောက်သားများအား စဉ့်အိုးပြုလုပ်သည့်  အတတ်ပညာများ  လက် ဆင့်ကမ်းနိုင်ခြင်း အားနည်းမှုကြောင့် ယခုအခါ တွင်  ရော်ဘာအစေး ခံခွက်နှင့် ငရုတ်ဆုံများသာ ထုတ်လုပ်ကြသည်။
ပေါင်မြို့နယ်၊ လက်ပံကျေးရွာရှိ    မြေအိုးမြေထည်လုပ်ငန်း         လုပ်ကိုင်သည့်ထူးခြားသည့်အချက်မှာ ကျေးရွာအတွင်းလုပ်ကိုင်နေသောမြေအိုးမြေထည်လုပ်ငန်းရှင်နှင့် လုပ်သားများသည်  ဒေသခံ ရွာသားများမဟုတ်ဘဲ အထက်မြန်မာပြည်  အညာဒေသမှ   လာ ရောက်လုပ်ကိုင်သူများဖြစ်ကြသည်။ ထိုသို့လုပ်ကိုင်နေကြသည်မှာ လွန်ခဲ့သော ၂၀ဝ၄ ခုနှစ်ခန့်ကပင်ဖြစ်သည်။   အညာဒေသတွင် သောက်ရေအိုးများ ဈေးကောင်းမရရှိခြင်း၊ လုပ်ကိုင်သူများခြင်းနှင့် ထုတ်ကုန်အရောင်းမသွက်ခြင်းကြောင့် နွေရာသီတွင်  လက်ပံကျေး ရွာ၌    လာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။   မွန်ပြည်နယ်တွင် သောက်ရေအိုးဈေးကွက်ရှိခြင်းနှင့် ရွှံ့စေးကုန်ကြမ်းမြေများ အလွယ် တကူရရှိမှုတို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းမှာ   အောင်မြင်လျက်ရှိ သည်။ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ မြေအိုးမြေထည်လုပ်ငန်း လုပ်ကိုင်သည့်အိုးရုံများသည်။ လွန်ခဲ့သော နှစ် ၃၀ ခန့်က အိုးရုံ ၁၂ ရုံရှိခဲ့သော်လည်း ယခုလက်ရှိတွင်    မြေအိုးမြေထည်လုပ်ငန်းများ လုပ်ကိုင်သော အိုးရုံသုံးရုံမျှသာရှိတော့သည်။ လုပ်ငန်းရှင်များသည် ပန်းစိုက်အိုးများ၊ သစ်ခွပန်းအိုးများနှင့်   ရော်ဘာအစေးခံခွက်သာ ထုတ်လုပ်ကြသည်။
သံဖြူဇရပ်မြို့နယ်၊  ကရင်သောင်ကျေးရွာ မြေအိုးမြေထည် လုပ်ငန်းလုပ်ကိုင်သည့် အိုးရုံတစ်ရုံသာ တည်ရှိသည်။ ကရင်သောင် အိုးရုံသည်   လွန်ခဲ့သော ၂၀ဝ၂ နှစ်ခန့်မှသာ  မြေအိုးမြေထည်လုပ်ငန်း လုပ်ကိုင်ရန် နှင်းပုလဲကျေးရွာမှ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကရင်သောင်အိုးရုံသည်မြို့နှင့် အလှမ်းဝေးသောကြောင့် ကုန်ကြမ်း များနှင့် ကုန်ချောများ   သယ်ယူပို့ဆောင်ရသည်မှာ  ခက်ခဲလှသည်။အဓိကထုတ်လုပ်သော မြေအိုးမြေထည်အမျိုးအစားများမှာ သောက် ရေအိုး၊ ငါးပိအိုး၊  ရော်ဘာအစေးခံခွက်၊ ငရုတ်ဆုံ၊  ပန်းအိုး၊ အင်တုံ၊ စုဘူးများနှင့် အရိုးအိုးများ စသည်တို့ဖြစ်သည်။
မြေအိုးမြေထည် ရာသီအလိုက် ထုတ်လုပ်မှု
မြေအိုးမြေထည်လုပ်ငန်းများသည် ရာသီဥတုအပေါ်မူတည်၍ လုပ်ငန်းလည်ပတ်လျက်ရှိသည်။ မွန်ပြည်နယ်ရှိ   မြေအိုးမြေထည် လုပ်ငန်းများ လုပ်ကိုင်သော   မြို့နယ်ခြောက်မြို့နယ်များအနက်မှ ပေါင်မြို့နယ် တစ်မြို့နယ်သာလျှင်   နွေရာသီ၌သာ လုပ်ငန်းလည် ပတ်ပြီး ကျန်ရှိသောမြို့နယ်များသည် တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြ သည်။မွန်ပြည်နယ်၏မြေအိုးမြေထည်ဈေးကွက်လိုအပ်ချက်ကြောင့် လုပ်ငန်းရှင်များသည် တစ်နှစ်ပတ်လုံး မြေအိုးမြေထည်များ ထုတ် လုပ်ကြသည်။ မြေအိုးမြေထည်လုပ်ငန်း  အများစုသည် အသေးစား လုပ်ငန်းဖြစ်ပြီးမိသားစုလုပ်အားကိုအဓိကထား၍လုပ်ကိုင်လျက်ရှိသည်။
ဈေးကွက်အခြေအနေ
မွန်ပြည်နယ်အိုးရုံများက ထုတ်လုပ်သော   မြေအိုးမြေထည် အမျိုးအစားများသည် အောက်မြန်မာနိုင်ငံ နေရာဒေသအမျိုးမျိုးသို့ ဖြန့်ဖြူးရောင်းချကြသည်။ အချို့သော မြေအိုးမြေထည်အမျိုးအစား များသည် အမျိုးအစား တူညီသောကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ရှိကြသော်လည်း ကြီးမားသောပြိုင်ဆိုင်မှုများ မရှိကြပေ။ အချို့အိုးရုံ များမှာမူ ဈေးကွက်လိုအပ်ချက်အတိုင်း   ထုတ်လုပ်နိုင်သော်လည်း အချို့အိုးရုံများမှာမူ   ဈေးကွက်လိုအပ်ချက်အတိုင်း  ထုတ်လုပ်နိုင် သော်လည်း   အချို့အိုးရုံများမှာမူ ဈေးကွက်လိုအပ်ချက်အတိုင်း မထုတ်လုပ်နိုင်ပေ။  ထူးခြားချက်မှာ ရှေးဟောင်းမြေထည်ပစ္စည်းများ စုဆောင်းဝယ်ယူမှုကလည်း ဈေးကွက်တစ်ခုအသွင် တည်ရှိနေသည်။ ဒရယ်ကျေးရွာ(မြို့ဟောင်း)သည် ၎င်းမြို့ဟောင်းမှ ထုတ်လုပ်သော ရှေးဟောင်း မြေအိုးမြေထည်များသာမက ပြည်နယ်အတွင်းရှိ အမျိုး မျိုးသော မြေအိုးမြေထည်ပစ္စည်းမျိုးစုံနှင့် မြေအောက်ပေအနက် (၄)ပေခန့်မှရသော မြေထည်အပိုင်းအစများကိုလည်း ဝယ်ယူစုဆောင်း လျက်ရှိသည်။ ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းတွင် ဒရယ်ကျေး ရွာရှိ ပုဂ္ဂိုလ်တစ်ဦးမှ ဦးဆောင်ဝယ်ယူပြီး တရားဝင် ထိန်းသိမ်းထား ခွင့်လက်မှတ်လည်း    ရရှိထားသူဖြစ်သည်ဟုဆိုသည်။  ပြည်နယ်၏မြေအိုးမြေထည်ဈေးကွက်သည်  မွန်ပြည်နယ်အတွင်းရှိ မြို့များနှင့် ကျေးရွာဒေသများတွင်သာ   အဓိကပို့ဆောင် ရောင်းချလျက်ရှိသည် သာမက  ပဲခူးတိုင်းဒေကြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးသို့ ပို့ဆောင်ရောင်းဝယ်ဖောက်ကားမှုရှိသည်။ ၎င်းပြည်နယ်၊ တိုင်းများသည် မွန်ပြည်နယ် မြေအိုးမြေထည်လုပ်ငန်းအတွက် ခိုင်မာ သော ဈေးကွက်နေရာများဖြစ်သည်။
သုံးသပ်အကြံပြုချက်
မွန်ပြည်နယ်၏ မြေအိုးမြေထည်လုပ်ငန်းများသည် တစ်နှစ် ပတ်လုံး လုပ်ငန်းလည်ပတ်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံရသော် လည်း ရရှိသောအကျိုးအမြတ်သည် အလုံးအရင်းဖြင့် မရရှိသော ကြောင့် လုပ်ငန်းကောင်းမွန်စွာလည်ပတ်နိုင်ရန်မှာ ခက်ခဲလှသည်။ထို့ပြင် အရင်းအနှီးနည်းသော အိုးရုံလုပ်ငန်းရှင်များသည် ကြိုတင် ငွေများရယူပြီး သတ်မှတ်သောဈေးနှုန်းနည်းနည်းဖြင့်သာ ရရှိသဖြင့် ထိုက်သင့်သည့်အကျိုးအမြတ် ခံစားခွင့်ထက် လျော့နည်းသောဈေးနှုန်းကိုသာရရှိသည်။  နည်းပညာကိုအခြေခံသော လုပ်ငန်းဖြစ်သဖြင့် စားဝတ်နေရေးခက်ခဲလျှင် တီထွင်ဖန်တီးလိုစိတ် လျှော့နည်းပြီး လုပ် ငန်းတွင်ကျယ်ရန် အတားအဆီးသဖွယ်ဖြစ်သည်။ ဈေးကွက်လိုအပ်မှု အလိုက် ဝယ်ယူသိုလှောင်ရောင်းချသူများက  ပို၍ အမြတ်အစွန်းရ ကြသည်။ ကျွမ်းကျင်ပညာရှင်ရှားပါးမှုကြောင့် စမ်းသပ်မှုများ မပြု လုပ်နိုင်ခြင်း၊  ငွေကြေးအင်အား  မလုံလောက်ခြင်း၊  ဆက်လက်လုပ် ကိုင်မည့်မျိုးဆက်သစ်လူငယ်များကို လက်ဆင့်မကမ်းနိုင်ခြင်းစသည့် အကြောင်းအရင်းများသည် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု အား နှောင့်နှေးစေသည့် အကြောင်းအရင်းများဖြစ်သည်။ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည်  အရေးပါသကဲ့သို့ မွန်ပြည်နယ်ရှိ မြေအိုးမြေထည်လုပ်ငန်းများ တိမ်ကောမသွားစေရန်လည်း ထိန်း သိမ်းမြှင့်တင်ရန် လိုအပ်ပေသည်။
ကိုးကား - NEI- (မွန်ပြည်နယ်    ယဉ်ကျေးမှုအမွေအနှစ်၊ မြေအိုး မြေထည်လုပ်ငန်းစာအုပ်)

အောင်မြင့်မြတ် (မွန်)