Main menu

Background

မုန့်ဖတ်ခြောက်နှင့် အဆင့်မြင့်ဆန်ခေါက်ဆွဲခြောက်လုပ်ငန်း

Wed, 08/30/2023 - 15:58 -- journal_editor

မကွေးတိုင်းဒေသကြီး  စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှု ဌာနခွဲမှ ဝန်ထမ်းများသည် မကွေးမြို့ အောင် မေတ္တာရပ်ကွက်ရှိ  မုန့်ဖတ်ခြောက်နှင့်် အဆင့်မြင့် ခေါက်ဆွဲခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာ ခဲ့သည်။ ၎င်းလုပ်ငန်းသည် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်မှာ မကွေးမြို့ပေါ် ရှိ ဈေးများသို့  ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။ အဓိကကုန်ကြမ်းမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဖြစ်သည့် ဧရာပဒေသာဆန်မှထွက်ရှိသည့် ဆန်ကွဲ၊ ဆန်လတ် အစရှိသည့်  ဆန်ထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်သည်။   ပထမ အဆင့်အနေဖြင့် ဆန်ကွဲ(သို့) ဆန်လတ်များကို ရေဖြင့် သုံးကြိမ်ခန့် ပွတ်တိုက်ဆေးကြောရကြောင်း၊ ပြီးလျှင် ၎င်းဆန်လတ်များကို  ၄၅ မိနစ်ခန့် ရေစိမ် ထားရကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၎င်းရေ စိမ်ပြီးသား ဆန်လတ်များကို  (တစ်ခါကြိတ်လျှင် ၁၂ ပြည်ဆန့်) မုန့်ကြိတ်စက်ဖြင့် မုန့်အနှစ်များ ရအောင်  နှစ်ပြန်ကြိတ်ရကြောင်း၊ ပြီးလျှင် မုန့် အနှစ်များကို လွန်အိုးထဲထည့်ကာ မုန့်အမျှင်များ ရအောင် ပြုလုပ်ရကြောင်း၊ ၎င်းမုန့်အမျှင်များကို သင့်တော်သော အချိုးအဆအတိုင်း ဖြတ်တောက် ပြီးလျှင် ရေပြန်လည်စိမ်ပြီး တန်းများဖြင့်အခြောက် လှန်းရကြောင်း၊ အခြောက်လှန်းသည့်အခါ နေပူ လျှင်  တစ်မနက်တည်းဖြင့်ခြောက်ပြီး မိုးအုံ့လျှင် တစ်နေကုန် လှန်းရကြောင်း သိရှိရသည်။
အခြောက်လှန်းပြီး ခြောက်သွေ့သော မုန့် ဖတ်များကို စက္ကူများဖြင့် လိပ်ကာ  ၂၅ ထုပ်လျှင် တစ်ထုပ်ထုပ်၍ တစ်ပါကင်လျှင် အထုပ်  ၂၀ အစ ရှိသဖြင့် ထုပ်ပိုးရောင်းချကြောင်း၊ ဆန်ခေါက်ဆွဲ အထုပ် ၂၀ ပါ ပါကင်တစ်အိတ်လျှင် ကျပ် ၃၁၀ဝ၀၊ မုန့်ဖတ်ခြောက် အထုပ် ၂၅ ထုပ်ပါ ပါကင်တစ်အိတ် လျှင် ကျပ် ၂၄၀ဝ၀ နှုန်းဖြင့်    မကွေးမြို့ ပေါ်ရှိ ဈေးများတွင်   တင်ပို့ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ ကျန်ရှိသည့် အလေအလွင့်များကိုမူ ဝက်စာအဖြစ် ရောင်းချကြောင်း သိရှိရသည်။  ဆန်လတ်များကို ဝယ်ယူသည့်အခါ  ဆန်လတ်တစ်အိတ် လျှင်  ကျပ် ၇၇၀ဝ၀ ဖြင့် ဆန်စက်များမှ ဝယ်ရပြီး ဆန်လတ် တစ် အိတ်လျှင် မုန့်ဖတ်  ၂၈ ပိဿာ ထွက်ရှိကြောင်း၊ အလေအလွင့်များအနေဖြင့် တစ်အိတ်လျှင် နှစ် ပိဿာခွဲခန့် ထွက်ရှိကြောင်း လုပ်ငန်းရှင်၏ ပြော ကြားချက်အရ သိရှိရသည်။
ပျမ်းမျှ တစ်ရက်လျှင် မုန့်ဖတ်ခြောက်ပိဿာ  ၂၀ဝ မှ  ၁၅၀ ကြားထွက်ရှိပြီး နွေရာသီတွင်မူ တစ် ရက်လျှင် ဆန်လတ်အိတ် ၂၅ အိတ်ခန့်ကုန်ကြောင်း၊ ၎င်းရာသီတွင် အော်ဒါ အမှာများလည်းရှိကြောင်း၊ အလှူအတန်းအတွက် အော်ဒါမှာကြသည်က များ ကြောင်း သိရှိရသည်။ အလုပ်သမားဦးရေ ၁၂ ဦး ခန့်ရှိပြီး အမျိုးသားလုပ်သားတစ်ဦးလျှင် တစ်နေ့ လုပ်အားခ  ကျပ် ၈၀ဝ၀၊  အမျိုးသမီးလုပ်သား တစ်ဦးလျှင် တစ်နေ့လုပ်အားခ  ကျပ် ၇၀ဝ၀ ဖြင့် လည်းကောင်း ရက်ချင်းရှင်းပေးကြောင်း၊ အလုပ် ချိန်မှာ နေ့စဉ် နံနက်  ၇နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်း သိရှိရသည်။
တစ်ရက်လျှင် ကုန်ကျစရိတ်စုစုပေါင်း  ကျပ် ၁၁၃၃၀ဝ၀ ခန့်ရှိပြီး တစ်ရက်ရောင်းရငွေမှာ  ကျပ် ၁၂၀ဝ၀ဝ၀ ခန့်ရှိသဖြင့် တစ်ရက်လျှင် အမြတ်ငွေ ကျပ် ၆၇၀ဝ၀ ခန့်ရရှိသည်။        
လုပ်ငန်းစတင်သည်မှာ ခြောက်နှစ်၊  ခုနစ် နှစ်ခန့်ရှိပြီး ကိုဗစ်ချေးငွေယူ၍ လုပ်ငန်းလုပ်ကိုင် ရာတွင် အဆင်ပြေမှုရှိသော်လည်း  အခက်အခဲ အနေဖြင့် နေရာအခက်အခဲရှိကြောင်း၊   နေရာ ကျယ်ကျယ်ဝန်းဝန်းလိုကြောင်း၊   ယခုဆိုလျှင် မြေငှားခ တစ်လတစ်သိန်းနှုန်းဖြင့်  ၆၅  ပေပတ် လည်ဝိုင်းသုံးဝိုင်း ငှားရမ်း၍ လုပ်ကိုင်နေရကြောင်း လည်း သိရသည်။ အကြမ်းဖျင်းအားဖြင့် တွက် ကြည့်လျှင်   တစ်လအတွင်း   ဆန်လတ်အိတ် ဝယ်ယူခ၊ အလုပ်သမားခ၊ မီးစက်မောင်းသည့်အခါ ဒီဇယ်ဝယ်ယူခ၊ ပါကင် ထုပ်ပိုးခ၊ ဈေးကွက်သို့ တင်ပို့သည့် ကားခများ၊ အထွေထွေကုန်ကျစရိတ် များကို နှုတ်ပါက တစ်လအမြတ်ငွေ  ကျပ်သိန်း ၂၀ ခန့်ရရှိသဖြင့် လုပ်ငန်း လုပ်ကိုင်သူအနေဖြင့်        အကျိုးအမြတ်ရရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် အလုပ်အကိုင်  အခွင့်အလမ်း  ဖန်တီးပေးလျက်ရှိသော   လုပ်ငန်းတစ်ခုဖြစ် ကြောင်း လေ့လာသိရှိရသည်။ 
ဒေသတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ် လုပ်လာရေး၊ နိုင်ငံ့စီးပွားရေး၏ အဓိက မောင်းနှင် အားဖြစ်သော အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ခြင်း သည် ပြည်သူလူထု၏ လူမှုစီးပွားရေးနှင့် ဘဝများ ကို မြင့်မားလာစေမည်ဖြစ်သည်။ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊  လုပ်ငန်းရှင်များ အစရှိသဖြင့် ဘက်ပေါင်းစုံမှ  ဝိုင်းဝန်းပူးပေါင်းပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်ခြင်းဖြင့်လည်း နိုင်ငံ့စီးပွား  တိုးတက်လာရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ထုပ်ပိုးမှု၊ အရည်အသွေး၊ အနံ့အရသာ စသည်ဖြင့် ပိုမို ကောင်းမွန်အောင်   မြှင့်တင်ဆောင်ရွက်ရေး တီထွင်ဆန်းသစ်ရေးအတွက် ထုတ်လုပ်မှု အရည် အသွေးကို ပိုမိုမြှင့်တင်ရန်လည်း အသေးစား   စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊   အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှလည်း ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည့် နည်းပညာ အကူအညီများ ပံ့ပိုးပေး လျက်ရှိသည်။   ထို့ပြင်  ဈေးကွက်ရရှိရေးအတွက် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းလာရေး ပံ့ပိုးကူညီချိတ် ဆက် ပေးခြင်းများ   ဆောင်ရွက်လျက်ရှိသည်။ ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းပြီး  ကျန်းမာရေးနှင့်  ညီညွတ်သော   စံချိန်စံညွှန်း  အရည်အသွေးတို့ ပြည့်မီကောင်းမွန် သည့် စားသောက်ကုန် ထုတ်လုပ်လာရေး အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်  လိုအပ် မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

စန္ဒာစိုးလွင် (မကွေး)