Main menu

Background

စစ်ကိုင်းစက်မှုဇုန်မှထုတ်လုပ်သော ထင်းမီးသွေး အစားထိုးလောင်စာတောင့်အကြောင်းတစေ့တစောင်း

Thu, 08/31/2023 - 11:10 -- journal_editor

ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာသုံးစွဲမှု မြင့်မားလာသဖြင့် သစ်တောများ ပြုန်းတီးလာပြီး ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်း များကို ကာကွယ်ရန်၊ သစ်တောများ မပြုန်းတီးရေး နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သစ်တောနှင့် စိုက်ပျိုးရေး   စွန့်ပစ်ပစ္စည်းများကို ထင်းအစားထိုး လောင်စာတောင့်များ၊ထင်းမီးသွေး အစားထိုး‌  လောင်စာတောင့်များအဖြစ် ထုတ်လုပ် သုံးစွဲကြရန်  လိုအပ်လာပါသည်။ သစ်တောများ ပြုန်းတီးလာသည်နှင့်အမျှ    ကမ္ဘာကြီးပူနွေးလာ သည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၏ အကျိုးဆက်များ အဖြစ် ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ ဖြစ် ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ အက် စစ်မိုးရွာသွန်းခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ် စေပါသည်။ ထိုကဲ့သို့  သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်နိုင်စေရေး လူတိုင်းလူတိုင်းက တတ်နိုင် သမျှ ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ ထင်း အစား ထိုး လောင်စာတောင့်များ၊ ထင်းမီးသွေး အစားထိုး လောင်စာတောင့်ကို   အသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကောင်းကို ထိန်းသိမ်းရာ‌‌‌ရောက်သလို ကမ္ဘာကြီးပူနွေးလာခြင်းကို ကာကွယ်ရာ  ရောက် သော စစ်ကိုင်းမြို့မှထုတ်လုပ်‌သော ထင်းအစားထိုး လောင်စာတောင့်၊  ထင်းမီးသွေးအစားထိုး BBQ  (Bar Be Cue)အသားကင် မီးသွေးတောင့်အကြောင်း တင်ပြလိုက်ရပါသည်။ 
စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ အောင်ဇမ္ဗူလောင် စာတောင့် BBQ စက်ရုံကို   ၂၀၁၄ခုနှစ်က ရင်းနှီး မြှုပ်နှံမှု စက်ပစ္စည်းတန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့် ဖြင့်   စတင်တည်ထောင်ခဲ့ကြောင်း သိရှိရသည်။ စက်ရုံတည်ထောင်ရခြင်းအကြောင်းရင်းမှာ ဂျပန် နိုင်ငံရှိ BBQ အသားကင် ဆိုင်ပိုင်ရှင်နှင့် သိကျွမ်း ခင်မင်ရာမှ  မြန်မာနိုင်ငံတွင် သစ်တော၊သစ်ပင်များ ပေါတယ်၊  Briquette Char Coal    မီးသွေးထုတ်ပါ လား၊ ထွက်သလောက်    သူတို့ယူမယ်ဟုပြော၍ လုပ်ငန်းလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။  အကင်မီး သွေး(Briquette Char Coal))သည် မီးအပူဆBTU 7000 Kcal ဖြစ်ပြီး သာမန် ထင်းမီးသွေးBTU 3500 Kcal  ရှိသည်။   Briquette Char Coal  သည် ဟင်းချက်ရာတွင်ဖြစ်စေ၊အသားကင်ရာတွင်ဖြစ်စေ အကျက်မြန်စေသည်၊ အနံ့အရသာ  ကောင်းစေ သည့်အပြင် ထင်းမီးသွေးကဲ့သို့ မီးခိုနံ့နံ့ခြင်း၊ပန်ကာ ဖြင့် မှုတ်ပေးရခြင်း၊ အသားအဆီကို  ခန်းခြောက် စေခြင်း စသည့် ဆိုးကျိုးများကို ဖယ်ရှားစေပါသည်။ လျှပ်စစ်မီးဖြင့်  အသားကင်ခြင်း၊  မိုက္ခရိုဝေ့ဖြင့် အသားကင်ခြင်းကဲ့သို့   အသားကင်ကို  အသား အဆီခန်းခြောက်ခြင်း၊ အေးသည့်အခါ အသားကင် ကို မာခြောက်ခြောက်ဖြစ်ခြင်းမှလည်း ကာကွယ် ပေးပါသည်။
လောင်စာတောင့်ထုတ်လုပ်ရန်   စက်စွမ်း အားမှာမြင်းကောင်ရေ 125 Hpဖြင့် လည်ပတ်ထုတ် လုပ်ပါသည်။ ကုန်ချောထုတ်လုပ်မှု  အချိုးအစား မှာ လွှစာမှုန့် ၉၀ရာခိုင်နှုန်း၊ မြေပဲခွံ (သို့မဟုတ်) စပါးခွံ ၁၀ရာခိုင်နှုန်းဖြစ်သည်။ ၈ နာရီထုတ်လုပ် နိုင်မှု စက်စွမ်းအားမှာ   လောင်စာတောင့် အစိမ်း တောင့်    သုံးတန်ထုတ်လုပ်နိုင်ပြီး     ကုန်ချော (အခြောက်) ၁ဒသမ၂တန် ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။ ကုန်ကြမ်းလွှစာမှုန့်များကို မုံရွာမြို့ ရှိ သစ်စက်များနှင့်   ချိတ်ဆက်ဝယ်ယူရာ   စက်ရုံ အရောက် တစ်တန်လျှင်  ၆သောင်းငါးထောင်ကျပ် ပေးချေရကြောင်း သိရသည်။

ထုတ်လုပ်မှုအဆင့်ဆင့်
လောင်စာတောင့် ထုတ်လုပ်သည့်    နည်း ပညာကို ဂျပန်နိုင်ငံမှ လေ့လာသင်ယူခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် စက်ပစ္စည်းများကို    ဝယ်ယူ အသုံးပြုခြင်းဖြစ်ကြောင်း သိရပါသည်။  လောင်စာ တောင့် ထုတ်လုပ်မှုအဆင့်(၈)ဆင့်ရှိကြောင်း သိရှိ ရပါသည်-

အဆင့်(၁) - ကုန်ကြမ်းများကို လုံးဆန်ခါဖြင့် သန့်စင်ရပါသည်။
အဆင့်(၂) - ရရှိလာသော ကုန်ကြမ်းများ လွှစာမှုန့် ကိုးဆနှင့် မြေပဲခွံ တစ်ဆ အချိုးရောစပ်၍ လွန်(ှခမနတ)ဖြင့်ဆွဲယူပြီး  အခြောက်ခံမီးဖိုသို့ ပို့ပေးရသည်။
အဆင့်(၃)–မီးဖိုသို့ ရောက်ရှိလာသော ကုန် ကြမ်းများRotary Dryerခေါ်လုံးဖြင့်အခြောက်ခံ ရပါသည်။သို့မှသာ  ကုန်ကြမ်း၌ပါဝင်သော စိုထိုင်း ဆ ခေါ်ရေခိုးရေငွေ့များကို  ဖယ်ရှားနိုင်ပါသည်။
အဆင့်(၄) - ခြောက်သွေ့သော   ကုန်ကြမ်း များကိုCyclone  ဖြင့် ဆွဲယူ၍  ဃပခူသညန များတွင် ဖြတ်စေပြီး အစာဝေစနစ် လှောင်ကန် Hopperသို့ ပို့သည်။
အဆင့်(၅) – အစာဝေစနစ် လှောင်ကန်မှ ကုန်ကြမ်းများကို Screw Conveyor မှ လောင်စာ တောင့်များထုတ်လုပ်သည့်   စက်သုံးလုံး ဇလားထဲ သို့ မျှဝေထည့်ပေးပါသည်။
အဆင့်(၆) - အတောင့်ထုတ်စက်မှ ရောက် ရှိလာသော    ကုန်ကြမ်းများကို  လွန်စနစ်ဖြင့် ဖိ (Press))ပြီး    ထွက်လာသော  ကုန်ကြမ်းများကိုHeating Coilတပ်ဆင်ထားသော ပြောင်းအတွင်း သို့ ဖြတ်စေခြင်းဖြင့် မာကျောကျစ်လစ်သော ကုန် ကြမ်း  ထင်း အစားထိုး လောင်စာတောင့်ကို ထွက် ရှိစေသည်။
အဆင့်(၇) - ထွက်ရှိလာသော ထင်းအစား ထိုး လောင်စာတောင့်များကိုConveyor များဖြင့် သယ်ယူ၍ စနစ်တကျ ထပ်ထားရပါသည်။
အဆင့်(၈) - စနစ်တကျ   ထပ်ထားသော လောင်စာတောင့်အစိမ်းများကို  အုတ်မီးဖိုများ အတွင်းသို့    စနစ်တကျစီသွင်း၍  လေးရက်ခန့် မီးဖုတ်ပြီးအုတ်မီးဖိုထဲ၌ပင် ၁၀ရက်ခန့်ကြာအအေး ခံပြီးပါက သုံးစွဲနိုင်သည့် လောင်စာမီးသွေးတောင့် ရရှိပါသည်။
ဈေးနှုန်း၊ ဈေးကွက်
မီးသွေးတောင့်များကို အမှာစာအရ 12 Kg၊ 15 KG၊ 18 KG အလေးချိန်အသီးသီးကို စက္ကူဂျပ် ဖာတွင်    စီထည့်ထုပ်ပိုး၍  ဈေးကွက်သို့ တင်ပို့ ရောင်းချပါသည်။ ရောင်းဈေးနှုန်းမှာ   ကျပ်တစ် သောင်းနှစ်ထောင်မှ  ကျပ်တစ်သောင်းရှစ်ထောင် အသီးသီး ပေါက်ဈေးရှိသည်။   ဂျပန်နိုင်ငံသို့ တန် ချိန် ၆၀ခန့် တင်ပို့နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားသည့် ကာလ၂၀၂၀ပြည့်နှစ် နောက်ပိုင်း   တင်ပို့နိုင်မှုမရှိ သေးကြောင်း သိရသည်။ BBQ လောင်စာတောင့် သည် ထုတ်လုပ်မှုနည်းပညာမြင့်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းမီကာ  ဈေးနှုန်းအနည်းငယ်မြင့်သဖြင့် ပြည်တွင်းဈေးကွက် ဝယ်လိုအား   နည်းနေသေး ကြောင်း သိရသည်။     
BBQ လောင်စာတောင့်သည် ထင်း၊ မီးသွေး များထက်     အချိန်ကြာမြင့်စွာ   အသုံးပြုနိုင်ခြင်း၊ လောင်စာမီးပြင်းအားသည် သာမန် ထင်း၊ မီးသွေး တို့ထက် သာလွန်ခြင်း၊ မီးခိုမှိုင်းမစွဲခြင်း၊ ညှော်နံ့မရှိ ခြင်းတို့ကြောင့် အဆင့်မြင့် အသားကင်စားသောက် ဆိုင်များ၊ ဘီယာဆိုင်များက   သုံးစွဲလာကြသဖြင့် မန္တလေးမြို့နှင့်    လောက်ကိုင်မြို့များသို့  တင်ပို့ ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။
BBQ လောင်စာတောင့်များကို ကျယ်ပြန့်စွာ အသုံးပြုလာစေခြင်းဖြင့်    သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ထိန်းသိမ်းရာရောက်ပြီး  ပြည်ပ ပို့ကုန်အဖြစ် နိုင်ငံခြားငွေရရှိစေကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်  အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)