Main menu

Background

ပြည်ပဝင်ငွေရရှိနေသောဝါးအခြေခံလက်မှုပစ္စည်းများနှင့် ဈေးနှုန်းဈေးကွက်

Mon, 10/23/2023 - 15:55 -- journal_editor

၀ါးပင်
    ဝါးပင်သည် ဥရောပတိုက်မှအပ အရှေ့အာရှ တိုက်နှင့် တောင်အာဖရိကတိုက်များတွင် ပေါများ စွာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးပင်သည် သဘာဝပေါက်ပင်အဖြစ် အလယ်ရိုးမ၊ ပဲခူးတိုင်း၊ အနောက်ရိုးမ၊ ရခိုင်ပြည်နယ်၊ ရှမ်းကုန်း ပြင်မြင့်၊ အထက် ချင်းတွင်းခရိုင်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးတွင် ပေါများစွာ ပေါက် ရောက်သည်။ 
ဝါးအမျိုးအစားများ
    မြန်မာနိုင်ငံသည် ဝါးပေါက်ရောက်ရာ တိုင်း ပြည်များအနက် တတိယအများဆုံးပေါက်ရောက် သည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါး မျိုးစုံပေါက်ရောက်သည့်အတွက် ဝါးမျိုးနွယ်ပေါင်း ၂၅ မျိုးနှင့် ဝါးမျိုးစိတ်ပေါင်း ၁၀၂ မျိုးခန့်ရှိသည်။  
ဝါးကိုအသုံးပြုပုံ 
    ဝါးပေါက်ရောက်ရာဒေသရှိ လူအများသည် ဝါးကိုအမျိုးမျိုး အသုံးပြုကြသည်။ ဝါးကို အိမ် တိုင်များ၊ ခြမ်းပြီးအခင်းများ၊  အိမ်၏ အမိုးနှင့် အကာများလည်း ဝါးကိုရက်၍ အသုံးပြုလေ့ရှိကြ သည်။ အချို့ဝါးကြီးများ၏  အဆစ်ပိုင်းများကို ချက်ပြုတ်ရန်အိုးအဖြစ် အသုံးပြုလေ့ရှိကြသည်။ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာ ပလာများနှင့် အခြားလူအသုံးအဆောင်များ၊  ယပ် တောင်များ၊ လမ်းလျှောက်တုတ်၊ ငါးမျှားတံ၊ လေး နှင့် မြားများ၊  တံတားများ၊ ရေတံလျှောက်များ၊ ငှက်လှောင်အိမ်၊ ဖျာ၊ ကုလားထိုင်၊ အိပ်ရာနှင့် ပုခက်များကို  ပြုလုပ်အသုံးပြုကြသည်။  ဝါး၏ အတွင်းသားကို ထုပြီးလျှင် စက္ကူအမျိုးမျိုး ပြုလုပ် နိုင်ရန် ပျော့ဖတ်အဖြစ် အသုံးပြုကြသည်။
    ဝါးနှင့်ပတ်သက်၍ ထွက်ရှိသည့်နိုင်ငံများ မှလည်း အိန္ဒိယ နိုင်ငံကမူ ဝါးကို ဆင်းရဲသားများ အတွက်  သစ်ဟုလည်းကောင်း၊ တရုတ်နိုင်ငံမှ လူသားများအတွက်  မိတ်ဆွေဟုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံကမူ   မိတ်ဆွေဟုလည်းကောင်း၊ ထိုင်းနိုင်ငံမှ ပြုလွယ်ပြင်လွယ်ပြီး ခိုင်ခန့်မှုရှိသော အရာဟုလည်းကောင်း  တင်စားခေါ်ဝေါ်ကြပြီး နှစ်စဉ် စက်တင်ဘာလ ၁၈ ရက်နေ့ကို ကမ္ဘာ့ဝါးပင် များနေ့အဖြစ်သတ်မှတ်ကြပြီး ဝါးဖြင့်ထုတ်လုပ် ထားသည့် လက်မှုပစ္စည်းများကို ထိုနေ့တွင် အခမ်း အနားဖြင့် ဖော်ပြရောင်းချလေ့ရှိသည်။
ဈေးနှုန်းဈေးကွက်
    ဈေးနှုန်းဈေးကွက်အနေဖြင့် ဝါးနာရီတစ်လုံး လျှင် ကျပ် ၁၅၀ဝ၀ မှ ၃၀ဝ၀ဝ၊ တစ်ရှူးဘောက် တစ်ခုလျှင် ကျပ် ၅၀ဝ၀ မှ ၁၅၀ဝ၀၊ မီးအိမ်အမျိုး မျိုးကို ကျပ် ၁၀ဝ၀ဝ မှ ၃၀ဝ၀ဝ၊ ဓာတ်ပုံဘောင် တစ်ခုလျှင် ကျပ် ၃၀ဝ၀ မှ ၁၀ဝ၀ဝ၊ ဖုန်းတင်စင် တစ်ခုလျှင် ကျပ် ၅၀ဝ၀၊ လင်ဗန်းတစ်ခုလျှင် ကျပ် ၁၀ဝ၀ဝ မှ ၃၀ဝ၀ဝ၊ ရေခွက်တစ်ခွက်လျှင် ကျပ် ၃၀ဝ၀ မှ ၅၀ဝ၀၊ ရေနွေးအိုးတစ်လုံးလျှင် ကျပ် ၁၅၀ဝ၀ မှ ၃၀ဝ၀ဝ၊ ဝါးခမောက်တစ်လုံးလျှင် ကျပ် ၂၀ဝ၀၊ ၅၀ဝ၀ မှ ၁၀ဝ၀ဝကျပ်၊ သစ်သီးခြင်းတစ် လုံးလျှင် ကျပ် ၅၀ဝ၀ မှ ၁၀ဝ၀ဝ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး အများအားဖြင့် ပုဂံ၊ အင်းလေး၊ ငါးသိုင်းချောင်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက် မောင်းကွေးရွာ၊ ကျိုင်းတုံ၊ ယန်းကျိန် စသည့်မြို့များ မှ အများဆုံးပြုလုပ်ကြကြောင်း သိရသည်။
    ပြည်ပဈေးကွက်ရှိသည့် ကြိမ်၊ ဝါးလက်မှု ထည်များ ပြုလုပ်နိုင်ရန် ကျေးရွာများအရောက် ကုန်ကြမ်းချပေးသည့်အတွက် ကျေးရွာနေ ပြည်သူ များ   အလုပ်အကိုင်  အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေရရှိနေကြကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။ အလုပ်လက်မဲ့ဖြစ် နေသော အမျိုးသမီးများနှင့် အိမ်ထောင်ရှင်မိခင် များ နေအိမ်၌ပင် ကြိမ်၊ ဝါး  လက်မှုထည်များကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်သည့်အတွက် ဝင်ငွေ ရရှိနေကြကြောင်း  သိရသည်။   ထို့အပြင် ကြိမ်၊ ဝါးလက်မှုထည်များကို ပြည်ပသို့တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ရရှိပြီး ကြိမ်၊ ဝါးလက်မှုထည်များကို အဓိကအားဖြင့် ဥရောပ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အများဆုံး မှာယူလျက်ရှိပြီး အမေရိကန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သို့လည်း တင်ပို့ကြောင်း၊ ပြည်ပသို့တင်ပို့ရာတွင် ဈေးနှုန်းအနေဖြင့် လက်မှု ထည်ပစ္စည်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ဒေါ်လာ ၁၀ဝ ကျော်အထိ ရရှိကြောင်း သိရသည်။
    အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ င်္သခေူ လုပ်၍ ၎င်းလုပ်ငန်းတာဝန်များထဲတွင် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး ကို ဆောင်ရွက်ပေးရန်လိုသည့်  အချက်လည်း ပါဝင်သည့်အတွက် လက်မှုအတတ်ပညာသာမက ပညာရပ်ဗဟုသုတအနေဖြင့်လည်း ဝါးအမျိုးမျိုး အကြောင်း၊ ဝါးသက်တမ်းအလိုက် အသုံးဝင်မှုများ၊ ဝါးတာရှည်ခံနည်းပညာများကို စာတွေ့၊ လက် တွေ့ သင်ကြားပေးခြင်း၊ ကျွမ်းကျင်မှုနှင့် တီထွင် ဖန်တီးမှု   မြင့်တက်စေရန်  ကိုယ်တိုင်လေ့လာ၊ လေ့ကျင့်စေခြင်း၊ ကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးမှု ပေါင်းစပ်ပြီး င်္နျငါည အမျိုးမျိုးဖန်တီးထုတ်လုပ် နိုင်ရန်လည်း လေ့ကျင့်စေခြင်းများကို  ဒေသ အလိုက် သင်တန်းပို့ချပေးလျက်ရှိသည်။ သင်တန်း သားများအနေဖြင့်လည်း မိမိတို့တာဝန်ကျရာ ဒေသအသီးသီးသို့ ပြန်ရောက်သည့်အချိန်တွင် လည်း နိုင်ငံအတွင်း ပေါများစွာပေါက်ရောက်နေ သော ဝါးသယံဇာတများကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဝါးလက်မှုထည် နည်းပညာများကို  ပြုလုပ်၍ ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာစေရေး ရည်ရွယ်၍    ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။
    အချုပ်အားဖြင့်ဆိုရလျှင် ယခုကဲ့သို့ နိုင်ငံ တော်အစိုးရမှ  ပံ့ပိုးပေးမှု၊ သက်ဆိုင်ရာဌာနများ ၏ ပံ့ပိုးကူညီမှုများသည် ဒေသတွင်း တစ်ပိုင်တစ် နိုင်လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ အတွက် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ြှနြ လုပ်ငန်း ပေါင်း ၄၀ဝ၀ဝ ကျော်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်လာစေရန် ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိ သည်။ ြှနြ  နှင့် စွန့်ဦးတီထွင်  စီးပွားရေး လုပ်ငန်းရှင်တို့ သည် အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုဖန်တီးပေးနိုင်သည့်အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချပေးနိုင်မှု၊  ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုများလည်း   ရှိနိုင်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

 

စန္ဒာစိုးလွင် (မကွေး)