ဓနိပင်သည် အမြဲစိမ်းနှစ်ရှည် သီးပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝအတိုင်း အလေ့ကျ ပေါက် ရောက်လေ့ရှိသည်။ ပင်လယ်ရေငန်ရောက်သော ဒီရေတောများ တွင် စိုက်ပျိုးဖြစ်ထွန်းသည်။
ဓနိပင်သည် တစ်ပင်လုံးအသုံးဝင်သည်။ ဓနိအရွက်ကို အိမ် အမိုးမိုးရန် သက်ကယ်ပျစ်ကဲ့သို့ သုံးနိုင်သည်။ ဓနိရွက်ဖြင့် အမိုး အကာပြုလုပ်သော အလေ့အထသည် ရှေးယခင်ကပင်ရှိခဲ့ပြီး ယနေ့ထိတိုင် သုံးစွဲနေကြဆဲဖြစ်သည်။ အရိုးကိုမူ ခြံစည်းရိုး ကာရန် အတွက်သော်လည်းကောင်း၊ အုန်းဆန်ကြိုးကဲ့သို့ ကြိုးကျစ်၍ လည်းကောင်း အသုံးပြုနိုင်သည်။ အသီးကိုခွဲ၍ စားသုံးနိုင်သည့် အပြင် အရွက်နုကိုမူ ချက်ပြုတ်စားသုံးနိုင်သည်။
အရွက်နုသည် သင်းပျံ့သော ရနံ့ရှိသဖြင့် မုန့်များ၊ ကောက် ညှင်းထုပ်များ ထုပ်ပိုးရာတွင် ဖက်အဖြစ် အသုံးပြုကြသည်။ ဓနိရည် ကို အပင်မှထုတ်ယူပြီး သောက်သုံးပါက အလွန်ပင် ချိုမြသည့် အရသာကို ခံစားနိုင်ပြီး ၎င်းအရည်ဖြင့် ချက်လုပ်ပြီး သကြား၊ သကာ၊ အချိုခဲအဖြစ် ထုတ်ယူနိုင်သလို အရက်ဘီယာအဖြစ်လည်း ထုတ်လုပ်နိုင်သည်။ ဓနိရွက်နုကိုမူ ကောက်ညှင်းထုပ်ထုပ်၍ စားကြသည်။ ဓနိဖူးကို ဟင်း ချက်စား၊ သုပ်စားကြသည်။
ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းသည် တွင်ကျယ်စွာ လုပ် ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်၌လည်း နေရာယူ လျက်ရှိသည်။ ဓနိဖူး လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားရာတွင် ဓနိဖူးခြောက်လုပ်ငန်းကို ဒီဇင်ဘာလမှ ဧပြီလအတွင်း လုပ်ကိုင်ကြကြောင်း၊ ခုတ်ထားပြီး သော ဓနိဖူးများကို ပွင့်ဖတ်၊ ရိုးတံ အစရှိသဖြင့် အမျိုးအစားခွဲကာ ပါးပါးဖြတ်ပြီး နေလှန်းရကြောင်း၊ နေလှန်းရာတွင်လည်း ချက် ချင်းလှန်းရပြီး နေလှန်းရန် နောက်ကျပါက အရောင်ပြောင်းပြီး လေ လွင့်ခြင်း၊ အာနိသင်ပျက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ခြောက် သွေ့ပြီး စိုထိုင်းဆမကျန်အောင် နေလှန်းပြီး ထုပ်ပိုးသိမ်းဆည်းရ ကြောင်း၊ ဓနိဖူးလက်ဖက်ခြောက်သည် အာမခံကာလအနေဖြင့် နှစ်နှစ်ရှိကြောင်း သိရသည်။
ထို့အပြင် ဓနိဖူးမှထွက်ရှိသည့် ပအုန်းရည်သည် အချဉ်၊ ကတ်ကြေးကိုက်၊ ငါးပိသုပ်၊ မုန့်လက်သုပ်နှင့် အခြား အစားအစာ အမြောက်အမြားကို လုပ်စား၍ရကြောင်း၊ ဓနိပွင့်ယို၊ ဓနိဗီနီကာ ချဉ်ရည်ဘူးများ ထုတ်လုပ်ကြောင်း သိရသည်။ ဓနိသီးမှလည်း ဓနိဝိုင်၊ ဓနိသကာ၊ ဓနိသကြား၊ ဓနိပျားရည်များကိုလည်း ဆက် လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓနိဖူးဖြင့် ပြုလုပ်ထားသည့် လက်ဖက်ခြောက်ကို အမြဲ သောက်သုံးပါက အရွယ်တင်နုပျိုစေကြောင်း၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်း အဆီဓာတ်များကို ချေဖျက်နိုင်ပြီး အစာအိမ်၊ ကင်ဆာ ရောဂါများကို သက်သာစေကြောင်း၊ ညဘက်အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း၊ ဆီး၊ ဝမ်း၊ လေမှန်စေခြင်း၊ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာခြင်းကို သက်သာစေခြင်း၊ အစာ ချေလွယ်ပြီး ဇက်ကြောတက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်းကိုသက် သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။
ဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်သည့် ဓနိဖူးမှ ထွက် ရှိသည့် ပအုန်းရည်သည် ဘူးသေးတစ်ဘူးလျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချရကြောင်း၊ ဓနိဖူးခြောက် ၁၄၀ ဂရမ် တစ်ထုပ်လျှင် ကျပ် ၆၀ဝ၀၊ ဓနိပွင့်ယို ၂၅ ကျပ်သားလျှင် ကျပ် ၃၅၀ဝ၊ ဓနိရည် ဗီနီကာ ချဉ်တစ်ဘူးလျှင် ကျပ် ၁၅၀ဝ ဖြင့် ဒေသတွင်း စားသုံးသူများသလို အခြားမြို့နယ်များသို့လည်း ရောင်းချကြသည်။
ဒေသတွင်း တစ်ပိုင်တစ်နိုင် လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ ဓနိပင်မှ ရရှိသော အသီး၊ အရွက်၊ အရည်များသည် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အတွက် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပြီး ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ
အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေကြောင်း ရေးသားလိုက်ရ ပါသည်။
စန္ဒာစိုးလွင် (မကွေး)