ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ်တွင် လက်ရက်ကန်းလုပ်ငန်းမှာ ယခင် ကျားတက်ကျေးရွာ တစ်ခုတည်းရှိရာ မှ ၂၀၂၁ ခုနှစ်တွင်မိုးခိုင်ကြီးကျေးရွာနှင့် ဝေသာလီကျေးရွာများ၌ပါ တိုးချဲ့လုပ်ကိုင်လာကြသည့်အတွက် လက်ရက် ကန်းအလုပ်ရုံ ငါးခု အထိ ရှိလာပြီဖြစ်ကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
လက်ရက်ကန်း တစ်စင်လျှင် ထိုးကွင်း ၅၀ ပါ ကျပ် ၁၂ သိန်းခန့် ကုန်ကျပြီး လုပ်ငန်းတည်ခါစတွင် ရက်ကန်းစင် ခြောက်စင်သာ ထောင်ထားနိုင်ပြီး အလုပ် သမား ငါးဦးခန့်ငှားရမ်းကာ ကိုယ်တိုင်လည်း ရက်လုပ်ကြောင်း၊ ယခုအချိန်တွင် ရက်ကန်းရုံ တစ်ရုံလျှင် ရက်ကန်းစင် ၁၂ ခုနှင့် အလုပ်ရုံ ငါးရုံအထိ တိုးချဲ့နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုထက်ပိုမို တိုးချဲ့လုပ်ကိုင်ပါက ဒေသတွင်းရှိ လူငယ်၊ လူရွယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရကြမည်ဖြစ်သည်။
ချည်ကုန်ကြမ်းကို မန္တလေးမြို့မှ မှာယူပြီး ချည်ချောလုံချည်များ ရက်လုပ် ရောင်းချကြောင်း၊ ချည်အစိပ်/အကျဲပေါ် မူတည်၍ ရက်ကန်းစင် တစ်ခုလျှင် တစ်လခြောက်ထည်မှ ၁၂ ထည်အထိရရှိကြောင်း သိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် သြဂုတ်လ တတိယပတ်တွင် လုံချည်တစ်ထည် လျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၁၂၀ဝ၀ အထိ ရောင်းချရကြောင်း၊ ဈေးနှုန်းသက်သာ သဖြင့် ဝယ်ယူသုံးစွဲသူများကြောင်း၊ ပြည်တွင်းဖြစ်ကိုလည်း အားပေးရာရောက် ကြောင်း၊ မန္တလေး၊ ရန်ကုန်နှင့် ပဲခူးမြို့ပေါ်တွင် ရောင်းချရသလို ဒေသအတွင်းမှာ လည်း ရောင်းချရကြောင်း၊ ရက်ကန်းလုပ်ငန်းကို စိတ်ဝင်စားသော လူငယ်၊ လူရွယ် များကို အခမဲ့သင်ကြားပေးပြီး ရက်ကန်းစင်များ တိုးချဲ့သွားရန်လည်း အစီအစဉ် ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
ခိုင်ရည်မွန်(ပဲခူး)