Main menu

Background

တနင်္သာရီတိုင်းဒေသကြီး၏ ဝင်ငွေရရှိသော ရိုးရာငါးမုန့်လုပ်ငန်း

Tue, 11/05/2024 - 10:58 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက် စွန်းပိုင်းတွင်  တည်ရှိပြီး တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ထွက်ပေါက်ရှိရာ    တိုင်းဒေသကြီးဖြစ်သည့်အတွက် ပင်လယ်ငါးများ အလွန်ပြွေါကယ်ဝပြီး ရေထွက်ကုန်လုပ်ငန်းများ များစွာရှိသည့်အနက်မှ ရှေးယခင်မှစ၍ ယနေ့တိုင်အောင် နာမည် ကျော်ကြားသည့် ငါးမုန့်လုပ်ငန်းများကို မြိတ်၊ ထားဝယ်မြို့များတွင် ဒေသထွက်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် လျက်ရှိသည်။  
တနင်္သာရီတိုင်းဒေသကြီးရှိ    ငါးမုန့်လုပ်ငန်းများတွင် ငါးကွန်းရှပ် (ဒေသအခေါ်)ဘီးဇင်းငါးအမျိုးအစား တစ်ခုတည်း ကိုသာ အဓိကထားအသုံးပြုသဖြင့် အရသာမှာထူးကဲကောင်းမွန်လှ သည်။ 
ငါးမုန့်များပြုလုပ်ရန်  စတင်ရာတွင် ဘီးဇင်းငါး အကောင် လိုက်အား အသားသီးသန့်ရရှိအောင် ခေါင်း၊ အလယ်ရိုးများကို လှီးထုတ်ကာ ရရှိလာသော ငါးအသားများကို ရှေးယခင်က သစ် သား ဆုံထောင်းကြီးများတွင် ထည့်သွင်းကာ ကြေညက်အောင် ထောင်းကြပြီး ယခုအခါတွင် ငါးမှုန့်စက်ရုံများမှ ကြိတ်စက်များ ဖြင့် ကြိတ်၍  ရေ၊ ပီလောပီနံကော်မှုန့်၊ သကြား၊ ကြက်ဥ၊ ဂျုံမှုန့် များအား သတ်မှတ်အချိုးအစားအတိုင်း (ငါးကွန်းရှပ် (ဒေသ အခေါ်) ဘီးဇင်းငါးအသား အစိမ်းသီးသန့် ၅၀ ကျပ်သား၊ ပီလော ပီနံ ကော်မှုန့်တစ်ပိဿာ၊ ဂျုံမှုန့် ၁၀ ကျပ်သား၊ သကြားနှစ်ကျပ်သား၊ ကြက်ဥ နှစ်လုံး၊ ရေသန့် ရောစပ်ကာ သမအောင်မွှေလိုက်ခြင်းဖြင့် အသင့်ရောစပ်ပြီး ငါးအသားလုံး အစိမ်းများ ရရှိသည်။ 
အဆိုပါ ငါးအသားလုံးအစိမ်းများအား အနေတော်အရွယ် များရရှိအောင် ပြုလုပ်ကာ ရေနွေးငွေ့ဖြင့် ကျက်သည်အထိ ပေါင်း ခံပြီး သုံးရက်ခန့် လေသလပ်အောင် အခြောက်ခံကာ ပုံစံခြစ်များ တွင်တင်၍ ငါးမုန့်ချပ်အစိမ်းများ ရရှိလာအောင် ခြစ်ယူရသည်။ ခြစ်ယူရရှိသော ငါးမုန့်ချပ်များအား နေပူပူတွင် အညိုဖျော့ရောင် သန်းသည်အထိ နေ့တစ်ဝက်ခန့် လှန်းပြီးလျှင် ဆီပူပူတွင် ထည့် ကာ ကြော်စားနိုင်သော ငါးမုန့်ချပ် အစိမ်းခြောက်များရရှိသည်။ ထားဝယ်မြို့ရှိ စက်ရုံများမှ တစ်နေ့လျှင် လုပ်သားအင်အား ၃၀ ဦးနှင့်လုပ်ပါက ရာသီဥတု အခြေအနေပေါ်မူတည်၍ ငါးမှုန့် အခြောက်ပိဿာ ၁၀ဝ ခန့် ထွက်ရှိကြောင်း သိရသည်။ 
ထွက်ရှိလာသော ငါးမုန့်အခြောက်ကို အစိမ်းများအတိုင်း ရောင်းချသကဲ့သို့ ဆီပူပူတွင်ကြော်ကာ အသင့်စားနိုင်သော ငါး မုန့်ကြော်များ၊ နှမ်းများကပ်ကာ နှမ်းကပ်ငါးမုန့်ကြော်များ ပြုလုပ် ကာ ဒေသထွက် တံဆိပ်များကပ်နှိပ်၍  အရွယ်အစားအမျိုးမျိုး၊ ပမာဏအမျိုးမျိုးထုပ်ပိုး၍   စူပါမားကတ်များနှင့်  ဒေသလက် ဆောင်များအဖြစ် ဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချကြသည်။ 
ဈေးနှုန်းဈေးကွက်အနေဖြင့်   ယခုနှစ်   အောက်တိုဘာ နောက်ဆုံးပတ်တွင် ငါးမုန့်ခြောက်တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ၀ ဖြင့် တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်မြို့  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်း ထပ်တိုးဈေးကွက်တစ်ခု အနေဖြင့် ငါးမုန့်ခြောက်များကို အသင့်စားသောက်နိုင်စေရန် ဆီပူတွင်ကြော်ကာ ြွကပ်ရွအရသာရှိသော ငါးမုန့်ခြောက်ကြော်များ အား လေလုံအောင် အထုပ်ငယ်လေးများနှင့်ထုပ်ပိုးပြီး တစ်ထုပ် လျှင် ကျပ် ၄၀ဝ-၇၀ဝ နှုန်းဖြင့် မြို့ပေါ်အအေးဆိုင်များ၊ ရပ်ကွက် ကုန်စုံဆိုင်များ၊ မုန့် မျိုးစုံအရောင်းဆိုင်များနှင့် မြို့အနီး ကျေးရွာ အထိပါ ရောင်းချလျက်ရှိသည်။ 
ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၏ ရိုးရာငါးမုန့်လုပ် ငန်းများသည် ဒေသတွင်း ဝင်ငွေရရှိစေရုံသာမက အလုပ်အကိုင် အခွင့်အလမ်းများ ပေးစွမ်းနိုင်ခြင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေ  ရေးတွင် အထောက်အကူပြုလျက်ရှိပြီး ဒေသထုတ်ကုန် ြှနျြ လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း    များစွာ အထောက်အကူပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

စိုးဗြိ (ထားဝယ် )