မအူပင်ခရိုင် မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေး မြူရေးကို အခြေခံသည့် မြို့နယ်တစ်ခုဖြစ်ပြီး စပါးနှင့် ပဲမျိုးစုံ ကိုလည်း စိုက်ပျိုးကြသည်။ မအူပင်မြို့နယ်သည် ရေခံမြေခံ ကောင်းမွန်ပြီး မွေးမြူရေးလုပ်ငန်းများလည်းရှိ၍ ရေထွက် ကုန်များကို ပြည်ပတင်ပို့လျက်ရှိသည်။ မအူပင်မြို့မှ ငှက် ပျောသီး၊ အုန်းသီး၊ ကွမ်းသီးနှင့် ဟင်းသီးဟင်းရွက်နှင့် ပုစွန်၊ ငါး၊ ငါးသလောက် စသည့် ငါးများ ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချသည်။ ငါးပိ၊ ငါးခြောက်လုပ်ငန်းများ တစ် ပိုင်တစ်နိုင် MSME စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နေပြီး ဒေသထွက် သီးနှံများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိ ကြောင်း သိရသည်။
မအူပင်ခရိုင်တွင် မြို့နယ် လေးမြို့နယ်ရှိပြီး မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့တို့ဖြစ်ပြီး မအူပင်မြို့နယ် တွင် အုန်းသီးစိုက်ဧက ၁၈၈၃ စိုက်ပျိုးပြီး ဧက ၈၀ဝ ထွက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။ မအူပင်မြို့နယ် ညောင်ဝိုင်းကျေး ရွာတွင် အုန်းချိုမွှေးကို ဥယာဉ်ခြံမြေတွင် စိုက်ပျိုးလျက်ရှိပြီး၊ မင်းဘောကျေးရွာတွင် အုန်းချိုမွှေး ၁၇ဧက၊ ဓနုဖြူမြို့နယ် တွင် အုန်းချိုမွှေးဧက ၁၈၀ နှင့် မအူပင် အလန်းငါးကန်းများ တွင် အပင် ၂၅၀ဝကို ကန်ဘောင်ဘေးတွင် စိုက်ပျိုးထားပြီး မအူပင်ခရိုင်တွင် အုန်းချိုမွှေး စိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။
မအူပင် မင်းဘောကျေးရွာတွင် အုန်းချိုမွှေး စိုက်ပျိုးမှု အနေဖြင့် ၂၀၂၁ ခုနှစ် ခြောက်လပိုင်းကတည်းက ၁၇ဧကတွင် အပင်ပေါင်း ၁၅၃၀ ပင် စိုက်ပျိုးထားသည်။ ၂၀၂၁ ခုနှစ်က မျိုးတစ်ပင်ကို ကျပ် ၅၀ဝ၀- ၆၀ဝ၀ ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ယခုစိုက်ပျိုးသော အုန်းချိုမွှေး၏ သက်တမ်းမှာ သုံးနှစ်သား ကျော်ကျော်ရှိပြီဖြစ်၍ အသီးများ စတင်သီး၍ ခူးနေရပြီဖြစ် ကြောင်း၊ တစ်လလျှင် အလုံး ၅၀ ခန့် ထွက်ရှိနေပြီး ခူးယူသည့် ကာလမှာ လေးလသာရှိ၍ အုန်းသီး အလုံးရေ ၂၀ဝ-၄၀ဝ ထွက်ရှိနေပြီဖြစ်သည်။ ၁၇ ဧက ကုန်ကျစရိတ်အနေဖြင့် လက်ရှိအချိန်ထိ သိန်းနှစ်ထောင် ကျော် ရင်းနှီးမြှုပ်နှံထားပြီး ကြားနှပ်သီးနှံမျိုးစုံလဲ စိုက်ပျိုးထားကြောင်း သိရသည်။
မအူပင် ညောင်ဝိုင်းကျေးရွာ ဥယာဉ်ခြံမြေတွင် အုန်းချိုမွှေး အပင်ရေ ၅၀ဝ ကျော်ကို ၂၀၂၂ခုနှစ် ဇူလိုင်လက စိုက်ပျိုးထားကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း ၉၀ဝ နီးပါး ကုန်ကျကြောင်းနှင့် အပင်သက်တမ်း နှစ်နှစ်သာရှိသေး ၍ အသီးမထွက်သေးကြောင်း သိရသည်။ ၎င်းစိုက်ပျိုးရေး ခြံမှ စိုက်ပျိုးသူသည် မအူပင် မင်းဘော စိုက်တောင်သူထံမှ နည်းယူ၍ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။ ဥယျာဉ် ခြံမြေဖြစ်၍ ရေတွင်းတူးရခြင်း၊ မြောင်းဘောင်ဖော်ရခြင်းတို့ ရှိသည့်အတွက် ကုန်ကျစရိတ်ပိုများကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ဧက ၁၈၀ ခန့်တွင် အပင်ပေါင်း ၁၆၅၀ဝ ခန့် စိုက်ပျိုးထားကြောင်း၊ ယခင်စတင်စိုက်ပျိုးချိန် ၂၀၂၁ ခုနှစ်က မျိုးတစ်ပင်ကို ကျပ် ၆၀ဝ၀ ခန့်ပေးရပြီးစိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မျိုးတစ်ပင်ကို ငွေကျပ် ၉၀ဝ၀- ၁၀ဝ၀ဝ ထိ မြင့်တက်လာပြီး ယခုအချိန်တွင် မျိုးတစ်ပင်ကို ကျပ် ၁၂၀ဝ၀ ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စတင်စိုက်ပျိုးချိန်မှ ယနေ့အထိ အုန်းချို မွှေး သက်တမ်း သုံးနှစ်ခွဲ၊ နှစ်နှစ်ခွဲနှင့် တစ်နှစ်ကျော်ကျော် အပင်များ စိုက်ပျိုးပြီး သုံးနှစ်ခွဲ အပင်များမှ အသီး၊ အဖူး ၂၀ဝ၀ ကျော် ထွက်ရှိနေပြီး ဈေးကွက်အနေဖြင့် အုန်းချိုမွှေး ဈေးကွက်ထွက်ရှိမှု စမ်းသပ်ကာလဖြစ်နေ၍ အုန်းသီးများကို ရန်ကုန်သို့ တင်ပို့ကြောင်း သိရသည်။
ဒေသပေါက်ဈေးအနေဖြင့် အုန်းချိုမွှေး တစ်လုံးကို ငွေကျပ် ၄၀ဝ၀ ဖြင့် ရောင်းချနေပြီး ရန်ကုန် City mart များ တွင် ပါကင်ပိတ် တံဆိပ်ကပ် ပြီး ငွေကျပ် ၉၀ဝ၀ ဖြင့် ရောင်းချ ကြောင်း၊ ရန်ကုန်မှတစ်ဆင့် ရှမ်းပြည်နယ်၊ မန္တလေးနှင့်အခြား မြို့ကြီးများသို့ တင်ပို့ရောင်းချသွားရန် ဆက်သွယ်ဆောင်ရွက် ထားကြောင်း၊ ပြည်တွင်းတွင် အုန်းချိုမွှေး သီးသန့်ဈေးကွက် မရှိသေးဘဲ အသီးများလည်း လှိုင်လှိုင်ထွက်ပေါ်မှု မရှိသေး သောကြောင့် အုန်းချိုမွှေး ဈေးကွက်ကို စမ်းသပ်ကာလ ရောင်းချ၍ ဈေးကွက်ဖော်ဆောင်နေကြောင်း သိရသည်။
ထိုင်း အုန်းချိုမွှေး မျိုးပင်သည် အုန်းသီးပေါ် အပင် ထွက်မျိုး၊ တစ်နှစ်သားမျိုး နှစ်နှစ်သားမျိုးဟူ၍ရှိပြီး အပင် သက်တမ်းကြီးလေ မျိုးပင်ဈေးနှုန်းကြီးလေဖြစ်သည်။ လက်ရှိ ထွက်ရှိနေသော အုန်းသီးများကို တစ်လုံးလျှင် ကျပ် ၅၀ဝ၀ ဖြင့် ရန်ကုန်တွင် စမ်းသပ်ရောင်းချပေးနေကြောင်း အုန်းချို မွှေး စိုက်ပျိုးသူ တာဝန်ခံထံမှ သိရသည်။
အုန်းချိုမွှေး(ခေါ်)ယိုးဒယား အုန်းသီးသည် လူကြိုက် များသည့်အတွက် အဓိကစိုက်ပျိုးလာခြင်းဖြစ်ရာ နှစ်အနည်း ငယ်အတွင်း ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ အုန်းချိုမွှေး အုန်းသီးသည် အနံ့၊ အရသာနှင့်ပြည့်စုံ၍ လူကြိုက်များသည့်အတွက် စားသုံးသူများလာခြင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်ခြင်းတို့ကြောင့် ရောင်းအားကောင်းနေ၍ စိုက်ပျိုးသူလည်း များပြားလာကြောင်း နှစ်ရှည်အုန်းပင်ကို စိုက်ပျိုးသူနည်းပါးကြောင်း သိရသည်။
(ကိုးကား- အုန်းချိုမွှေးစိုက်ပျိုးသူ ပညာရှင်တစ်ဦး၏ အုန်းချိုမွှေး ထုတ်လုပ်မှု ဟောပြောပွဲ)
သဇင် (မအူပင်)