ရော်ဘာဈေးနှုန်းများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၂၄၀ ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကျပ် ၁၆၁၀၊ ၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် ကျပ် ၂၇၅၀ သို့ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မွန်ပြည်နယ် သည် ရော်ဘာကဏ္ဍဖြင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိလာ သည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ပြည်နယ်ဖြစ်ပြီး ရော်ဘာစိုက်ပျိုးထုတ် လုပ်တင်ပို့မှုသည် စီးပွားရေးကဏ္ဍကို ဦးဆောင်လျက်ရှိသည်။
ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်အတွက် အောင်မြင် သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စက်မှုကုန်ကြမ်းများ တိုးတက်ရရှိစေရေး၊ အသေးစား၊ အလတ်စား၊ အငယ်စား ြှနြ စီးပွားရေးများကိုလည်း အထောက်အပံ့ပေးလျက်ရှိ သည်။ ရော်ဘာစိုက်ပျိုးသူများမှာ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ ထောက်ပံ့သော မျိုးများကို စိုက်ပျိုးလျက်ရှိပြီး ၎င်းစိုက်ခင်းများမှ ထွက်ရှိမှု၊ ကြီးထွားမှု၊ ရောဂါဒဏ်ခံနိုင်မှုစသည့် အချက်အလက် များနှင့် ပေါင်းစပ်၍ မွန်ပြည်နယ်၏ ရေမြေ သဘာဝရာသီဥတု နှင့်ကိုက်ညီသော မျိုးများကိုသာ စိုက်ပျိုးကြသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရော်ဘာအစေ့ ထုတ် ယူမှု၊ ရော်ဘာအပြား ပြုလုပ်ပုံနှင့် ဈေးကွက်အဆင့်ဆင့် ရရှိမှု၊ ဝင်ငွေရရှိမှုတို့အား တွေ့ဆုံမေးမြန်းခဲ့သည်။
ချောင်းဆုံမြို့နယ်ရှိ ခြံပိုင်ရှင်မှ ပြောကြားရာတွင် ရော်ဘာ ပင် လေးဧကတွင် အပင်ပေါင်း ၈၈၀ စိုက်ပျိုးထားပြီး ရော်ဘာ ခြံလုပ်ငန်းကို မိသားစု ငါးဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ရော်ဘာအစေးကို ည ၁၂ နာရီမှ နံနက်အရုဏ်တက် ၄ နာရီထိ အစေး ခြစ်ပြီး ရော်ဘာအစေးခြစ်ကို လေးရက်ဆက်တိုက်ခြစ်၍ တစ်ရက်နားကြောင်း၊ နံနက် ၆ နာရီတွင် ရော်ဘာအစေးခွက် များမှ ရော်ဘာအစေးရည်များကို ရေပုံးကြီးသို့ထည့်၍ ပြန်လည် သိမ်းယူကြောင်း၊ ရော်ဘာအစေးများကို အပြားပြုလုပ်ကြောင်း၊ ပြုလုပ်ရာတွင် အစေးရည်ကို လောင်မီး (ဖောမစ်အက်စစ်)နှင့် ရောစပ်၍ ရော်ဘာပြား ပြုလုပ်မည့်ပုံစံခွက်သို့ အစေးလောင်း ထည့်၍ အအေးခံရကြောင်း၊ အေးခဲသွားအောင် စောင့်ရပြီး အေးခဲရော်ဘာအစေးကို သံတုတ်ဖြင့်ဖိနှိမ့်လိမ့်ပေးရကြောင်း၊ ပြီးနောက် စက်ဖြင့် ထပ်မံ ကြိတ်၍နှစ်ကြိမ်ကြိတ်၊ အကြမ်း တစ် ကြိမ်ကြိတ် ပြုလုပ်ရကြောင်း၊ ထို့နောက် ပြီးစီးသည့်ရော်ဘာ ပြားကို နေလှန်းပြီးမှ သိမ်းဆည်းရကြောင်း ခြံပိုင်ရှင်၏ ပြော ကြားချက်အရ သိရသည်။
နေလှန်းပြီးရော်ဘာပြားကို အဝယ်ဒိုင်မှ အိမ်အရောက် လာရောက်ဝယ်ယူကြပြီး ယခုနှစ် ရော်ဘာတစ်ပေါင်လျှင် ကျပ် ၂၇၅၀ ဈေးပေါက်ကြောင်း သိရသည်။ ရော်ဘာပြားတစ်ပြားလျှင် လေးပေါင်အပြား ပြုလုပ်ထားခြင်းဖြစ်သည်။ ဝင်ငွေအနေဖြင့် တစ်ရက်လျှင် ရော်ဘာပြား( ၄ ပေါင်ရှိ အပြား ၁၀ ချပ်) ရရှိပြီး ကျပ် ၁၁၀ဝ၀ဝ ရရှိသည်။ ရော်ဘာခြံသန့်ရှင်းမှုအနေဖြင့် ရော်ဘာပင်များမှ အရွကြွေ်ကများကို သိမ်းဆည်း၍ အပင် အောက်ခြေ တွင် စုပုံ၍ ရှင်းလင်းထားရသည်။ ထိုသို့ဆောင်ရွက် ခြင်းဖြင့် ရော်ဘာခြံအတွက် မြေသြဇာရရှိပြီး မီးဘေးအန္တရာယ် ကာကွယ်ရာတွင်လည်း အထောက်အကူဖြစ်စေသည်။
ဇန်နဝါရီလ နောက်ဆုံးပတ်သည် ရော်ဘာအရွကြွေ်က ချိန်ဖြစ်သည်။ ၎င်းအချိန်တွင် အစေးခြစ်ခြင်းကို ရပ်နားထားရ သည်။ အရွကြွေ်ကပြီးနောက် ရွက်သစ်ထွက်ရှိသည့်အချိန် ကာလအားဖြင့် တစ်လခန့်ကြာသည်။ ယင်းတစ်လခန့်အကြာ အရွက်သစ်ထွက်ရှိပြီးမှ အစေးပြန်ခြစ်ယူရသည်။
ရော်ဘာလုပ်ငန်းလည်ပတ်မှုအနေဖြင့် မေလ ဒုတိယ ပတ်မှစ၍ မိုးရာသီချိန်ကုန်သည်အထိ ရော်ဘာအစေးမထွက် သည့် ကာလတွင် အစေးခြစ်ခြင်းကို ရပ်နားထားရကြောင်း ခြံရှင်၏ ပြောပြချက်အရ သိရသည်။
ရော်ဘာကို ပြည်တွင်းရောင်းဝယ်မှုပုံစံဖြင့် အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ်များကို လုပ်သား စရိတ်လျှော့ချနိုင်ရေးအတွက် စက်ရုံများသို့ ပေးပို့ရောင်းဝယ်ကြသည်။ မွန်ပြည်နယ်ရှိ ရော်ဘာခြံအများစုမှာ မှိုင်းခံရုံမရ၍ ရော်ဘာကိုနေလှန်း အစိမ်း ပြားအနေဖြင့်သာ ရောင်းချမှု များပြားသည်။ မှိုင်းခံရုံရှိသည့် ခြံအနည်းအကျဉ်းသာ ရော်ဘာကိုမှိုင်းခံ၍ မှိုင်းခံရော်ဘာအဖြစ် ရောင်းချကြသည်။ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တာယာစက်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ၊ သရေကွင်း၊ ပူဖောင်း၊ ဘောလုံး၊ ဖိနပ် လုပ်ငန်းများတွင် သုံးစွဲကြသည်။ ထို့အပြင် အစေးထုတ်လုပ်နိုင်မှု သက်တမ်းကျော်သည့် ရော်ဘာပင်စည်ကို ကြိတ်သားသစ်ပြား ပြုလုပ်ခြင်း၊ ပရိဘောဂသုံးပြုလုပ်ခြင်း (ပစ္စည်းတင်စင်၊ ဘုရား ကျောင်းဆောင်၊ စာအုပ်စင်၊ ဝတ်ရွတ်စင်၊ အဝတ်စင်၊ ဖိနပ်စင်၊ အဝတ်ဗီရို ၊ စာအုပ်ဗီရို၊ ခုတင်၊ ကုလားထိုင်၊ စားပွဲတင်ခုံ) ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဆောက်အအုံ ဆောက် လုပ်ရာ၌ အကြမ်းခံ ကျောက်ပုံးပြုလုပ်ရာတွင် အသုံးပြုသည့် သစ်သားချောင်း၊ သစ်သားပြားများ ပြုလုပ်ခြင်း၊ ယာယီဒေါက် တိုင်အဖြစ် အသုံးပြုရန် ပြုလုပ်ခြင်းနှင့် ထင်းသား/ ထင်းခြမ်း၊ လောင်စာတောင့်များအဖြစ်လည်း သုံးစွဲကြသည်။ ထို့ကြောင့် ရော်ဘာပင်သည် တစ်ပင်လုံး အသုံးဝင်ကာ နှစ်ရှည်ဝင်ငွေရရှိ သဖြင့် ခြံပိုင်ရှင်များ အကျိုးအမြတ် ရရှိကြောင်း ရေးသား လိုက်ရပါသည်။
ခင်ကြည်(မွန်)