Main menu

Background

စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူစိုက်ပျိုး တောင်သူဝင်ငွေတိုး

Mon, 05/05/2025 - 11:10 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင် သည့် စိုက်ပျိုးရေးထွန်းကားရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြပြီး သီးနှံမျိုးစုံအနက် ကုန်စိမ်းသီးနှံ ကြက်သွန်ဖြူကိုလည်း တစ်နိုင် တစ်ပိုင်မှ ဒေသစီးပွား ဖြစ်စိုက်ပျိုးကြသည်။ 
မြန်မာနိုင်ငံသည်   ကြက်သွန်ဖြူကို  ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး ယောနယ်ဒေသများ ဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်မြို့များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူအပင်သည် ပင်ပျော့ပင်ငယ် တစ် မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံတစ်မျိုးသည်။ 
အပူအအေး မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်သော အပင်ဖြစ်သည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့ နယ်သည် နှစ်စဉ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြရာတွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ကြက်သွန်ဖြူကို နှစ်စဉ် တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိသည်။ ပေါက်မြို့နယ်အတွင်းရှိ မြောက်ဘက်၊ ရှားတော၊ ထန်းတပင်၊ ချောင်းကူးအုပ်စုအတွင်းရှိ ကျေးရွာများနှင့် သီး ချောက်၊ ရေကြား၊ လယ်လန်းကျေးရွာများတွင် နှစ်စဉ် စိုက်ဧက ၅၀ဝ ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ဖြူမျိုးဥဈေးနှင့် သွင်းအားစုအမျိုးမျိုး ဈေးကြီးမြင့်ခြင်းကြောင့် ဒေသခံတောင်သူ များအနေဖြင့် ရင်းနှီးမတည်ငွေများ၍ စိုက်ဧက ၃၅၀ ဧကခန့်သာ စိုက်ပျိုးကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် တစ်ဧကမှ သုည ဒသမ ၃ ဧကခန့်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြောင်း သိရှိရ သည်။
စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူသီးနှံသည် အအေးပိုင်း ဒေသများတွင် အများဆုံး  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိ ကြောင်း၊ ဗမာကြက်သွန်ဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် စပါးခင်းကျွတ် လယ်ကွက်ယာမြေများနှင့် ကျောချောင်းနံဘေးရှိမြေများတွင် ကျင်းဖွဲ့၍ စိုက်ပျိုးကြောင်း၊ စပါးခင်းကျွတ် လယ်မြေများနှင့် ကျောချောင်းနံဘေးရှိ မြေများ တွင် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် စိုက်ပျိုး ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ မတူညီကြောင်း၊ ကြက်သွန်ဖြူစိုက် ပင်သက်တမ်းမှာ လေးလခန့်ကြာမြင့်ကြောင်း၊ မတ်လကုန်တွင်  ကြက်သွန်ဖြူ  လှိုင်လှိုင်တူးဖော်၍ ရိတ်သိမ်း ကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။
စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ကြက်သွန်ဖြူ တစ်ဧက စိုက်ပျိုးလျှင် ကြက်သွန်ဖြူ ပိဿာ၁၅၀ ခန့်ကုန်ကျပြီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် (ဗမာ)ကြက်သွန်ဖြူဥသေးမျိုး ကို စိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူဥကြွေိုခ၍ ရရှိသော အမြှောင့် (အသေး)များကို စိုက်ပျိုးရကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ထယ်ချောင်းနောက် ဖြူးချခြင်း၊ မြေပြင်သို့ လက် ဖြင့်စိုက်ခြင်းအပြင် စပါးခင်းကျွတ် အငုတ်များကြားတွင် စူးဖြင့် ထိုး၍လည်း စိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူတစ်ပိဿာ စိုက်ပျိုး လျှင် ပျမ်းမျှ အထွက်ပိဿာ ၁၀ ပိဿာမှ ၁၂ ပိဿာခန့်ထွက်ရှိ၍ တစ်ဧက စိုက်ပျိုးလျှင် ပျမ်းမျှ ပိဿာ  ၁၅၀ဝ-၁၇၀ဝ ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ် ၇၀ဝ၀-၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ဒေသတွင်းနယ်မြေ  အခြေအနေအရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်၍ သွင်းအားစုအမျိုးမျိုးနှင့် စက်သုံးဆီဈေးမြင့် ခြင်းကြောင့် ကျပ် ၄၅-၅၀သိန်းခန့်ကုန်ကျ၍ ဝင်ငွေမှာ ကျပ် ၁၃၆ သိန်းခန့်ရရှိခြင်းကြောင့် တစ်ဧကစိုက်ပျိုးလျှင် ကျပ် ၉၁ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ယခင်၂၀၂၄ ခုနှစ်တွင် ကြက်သွန်ဖြူ တစ်ပိဿာ လက်ကားဈေး ကျပ် ၁၀ဝ၀ဝ၊ လက်လီဈေး ကျပ် ၁၅၀ဝ၀ မှ ၁၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် တွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် လက်ကားဈေး ကျပ် ၇၀ဝ၀-၈၀ဝ၀  လက်လီဈေး ကျပ် ၁၀ဝ၀ဝ- ၁၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ထွက်ရှိသည့်ကြက်သွန်ဖြူများကို ဒေသတွင်းဝယ် လက် ကုန်သည်များမှတစ်ဆင့် ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များနှင့် ချောက်၊ ဆိပ်ဖြူ၊ မင်းဘူးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပြည်တွင်း ကြက်သွန်ဖြူဈေးနှုန်း ယခင်နှစ်ထက် အနည်းငယ် ဈေးကျဆင်း သော်လည်း သီးနှံအထွက် ကောင်းမွန် ခြင်းကြောင့် ယခုနှစ်တွင် လည်း တောင်သူအကျိုးအမြတ်ရရှိကြောင်း ရှားတောကျေးရွာရှိ ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးထံမှသိရှိရသည်။
ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော ကြက် သွန်ဖြူ သီးနှံသည် စားသုံးသူများအတွက် နေ့စဉ်မပါမဖြစ် မြန်မာ တို့၏  မီးဖိုချောင်တွင် အခြေခံစားသောက်ကုန်တစ်မျိုးအဖြစ် သုံးစွဲလျက်ရှိသည့် ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည်။  နိုင်ငံ့ စီးပွားရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေရေး အတွက် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ကြက် သွန်ဖြူကို ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး သင့်လျော်သော စိုက် ပျိုးမြေရှိသည့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် တိုးချဲ့စိုက် ပျိုးသင့်ပါကြောင်း ရေးသားသုံးသပ် တင်ပြလိုက်ရပါသည်။