Main menu

Background

မြန်အောင်မြို့နယ်မှ ထွက်ရှိသည့် ရာသီစာ မင်းကွတ်သီး

Mon, 07/07/2025 - 15:35 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ်  အင်ပင် မြို့နှင့် ထူအင်းတွင် သဘာဝသစ်ဆွေးမြေ ဧရိယာ ဟက်တာ ၅၀ဝ ကျော် ရှိပြီး အဆိုပါ  သစ်ဆွေးမြေ၏ ပတ်ဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများတွင် စိမ့်စမ်းများရှိသည့်အတွက် နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်းသီး၊ မင်းကွတ်၊ ကြက်မောက်၊ အုန်းပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ 
မိုးဦးကျရာသီ မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် မင်းကွတ်သီးများ ထွက်ရှိပြီး မြန်အောင်မြို့နယ် အင်ပင်မြို့မှ ထွက်ရှိသည့် မင်းကွတ်သီးသည် အရည်အသွေးကောင်းသည့်အတွက်  စားသုံးသူများ ကြိုက်နှစ်သက်ကြ သည်။ အင်ပင်မြို့တွင် မင်းကွတ်သီး စိုက်ဧက ၁၅ ဧက စိုက်ပျိုးထားရှိပြီး တချို့ မင်းကွတ်ပင်များသည် နှစ် ၈၀ ကျော် သက်တမ်းရှိသည်။ အပင်သက် တမ်း (၈)နှစ်မှ (၁၃)နှစ်အတွင်း အသီးစသီးပြီး အပင်သက်တမ်း ၂၀ နှင့် ၅၀ ကြားတွင် သီးအားအကောင်းဆုံးဖြစ်ကြောင်း သိရသည်။ 
တောင်နီလေးကျေးရွာ မင်းကွတ်စိုက်ပျိုးသူတောင်သူမှ ယခုစိုက် ပျိုးထားသော အပင်များမှာ အပင်သက် ၃၅ နှစ်မှ ၄၀ ဝန်းကျင်ရှိ၍ ရာသီ ချိန်တွင် တစ်ပင်လျှင် အသီးလုံးရေ ၅၀ဝ မှ ၁၀ဝ၀ ကြားထိ ခူးဆွတ်ရရှိကာ အသီးပုံမှန်ခူးနေသော အပင်မှာ ၁၅၀ ပင်ခန့်ရှိကြောင်းသိရသည်။ 
မင်းကွတ်ပင်သည် ဒီဇင်ဘာလတွင် သီးကင်းစသီးပြီး  ဧပြီလကုန်ခန့် တွင် ရင့်မှည့်ကာ အညိုရောင်သို့ပြောင်းလဲလာချိန်တွင် အသီးခူးခြင်းကို ဆောင်ရွက်သည်။ မေ၊ဇွန်၊ဇူလိုင် သုံးလခန့်  အသီးခူးခြင်းက ိုဆောင်ရွက်ပြီး ဇူလိုင်နှောင်းပိုင်းထွက်ရှိသည့်အသီးများတွင် မိုးများ၍ ရေဝင်ခြင်းကြောင့် အသီများပိုးထိုး၍ အသီးမာသွားခြင်းများဖြစ်နိုင်သည်။ မင်းကွတ်သီးသည်  အမျှင် ဓာတြွ်ကယ်ဝခြင်း၊ သွေးတွင်း အချိုဓာတ်ကို ကျစေခြင်း၊ ရောင်ရမ်း ခြင်းကို လျော့ကျစေခြင်း၊ ရေတိမ်ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ြွကယ်ဝခြင်း စသည့် အချက်များကြောင့် ကျန်းမာရေး အတွက် ကောင်းမွန်ပြီး ရာသီချိန်တွင် အသီးထွက်သလောက် ရောင်းမ လောက်ဘဲ ဈေးကောင်းရသော အသီးလည်းဖြစ်သည်။ မေလဆန်း စပေါ် ချိန်မှ ခြံအထိုင်ဈေး တစ်လုံးလျှင် ကျပ် ၇၀ဝ  ရှိပြီး ယခုအချိန်ထိ ကျဆင်း ခြင်းမရှိဘဲ ဈေးတည်ငြိမ်လျက်ရှိသည်။ 
မင်းကွတ်အပင်ပေါက်တစ်ပင်လျှင် ကျပ် ၃၀ဝ၀ ရှိပြီး တစ်ဧက လျှင် အပင် ၅၀ မှ ၆၀ ကြား စိုက်ပျိုးကြသည်။ မြက်ရှင်းခြင်း၊ မြောင်းဘောင် ဖော်ခြင်း၊ စိုက်ပျိုးခြင်းတို့အတွက် တစ်ပင်လျှင် ကျပ် ၃၀ဝ၀ ကုန်ကျပြီး တစ်ဧက အပင် ၆၀ စိုက်ပျိုးခြင်းအတွက် အပင်ပေါက်နှင့် စိုက်ခ အပါ သုံးသိန်းခြောက်သောင်းခန့် ကုန်ကျသည်။ တစ်နှစ်လျှင်  ကွန်ပေါင်း မြေသြဇာ တစ်ကြိမ်နှင့် သဘာဝမြေသြဇာတစ်ကြိမ် ကျွေးခြင်း၊ ကိုင်းလှီကိုင်း ခြောက်များ ရှင်းလင်းခြင်းတို့သာ ပြုလုပ်ရပြီး အပင်သက် ၁၀ နှစ်ကျော်ပါ က အသီးစတင်ခူးဆွတ်ပြီး ဝင်ငွေစတင်ရရှိသည်။
၂၀၂၄ ခုနှစ် အသီးပေါ်ချိန်တွင် ရောင်းတန်းဝင်အသီးတစ်လုံးလျှင် ကျပ် ၅၀ဝ ရရှိပြီး ယခု ၂၀၂၅ ခုနှစ် မင်းကွတ်သီးပေါ်ချိန်တွင် ကျပ် ၇၀ဝ ရရှိသည်။ မင်းကွတ်ပင်သည် ရာသီဥတုနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အပင်မျိုးဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးသည်။ တစ်ဧက တွင် ထွက်ရှိသည့် အပင်အရေအတွက် နှင့် အသီး အရွယ်အစားပေါ်လိုက်၍ အပင်သက်တမ်း ၃၅ နှစ်ဝန်းကျင်ရှိသည့် မင်းကွတ်တစ်ဧကတွင် တစ်နှစ် လျှင် ပျမ်းမျှ ကျပ်သိန်း ၈၀မှ ၁၀ဝကြား ဝင်ငွေရလျက်ရှိသည်။ 

မောင်မောင်မြတ်ခိုင်