ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင် တို့တွင် ကွမ်းသီးပင်များ အများဆုံး စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိ လာသော ကွမ်းသီးအရင့်များကို ပြည်တွင်းတွင် သုံးစွဲလျက် ကွမ်းသီးအနုများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ယခင်နှစ် ကွမ်းသီးအနုဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ ဈေးနှုန်းသာရှိ၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ ဈေးရရှိသဖြင့် ယခင်နှစ်ထက် တစ်ပိဿာလျှင် ကျပ်၂၀ဝ၀ ဝန်းကျင် ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးစိုက်ပျိုးသော တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊
ကွမ်းသီးအနုထွက်ရှိချိန် မတ်လအတွင်း ဈေးကွက်သို့ စတင် ဝင်ရောက်လာပြီး ဇွန်၊ ဇူလိုင်လများတွင် အသီးလှိုင်လှိုင် ဝင်၍ သြဂုတ်လရောက်လျှင် ကွမ်းသီးအနု မထွက်ရှိသော ကြောင့် အရောင်းအဝယ်ရာသီ ပြီးဆုံးသွားကြောင်း သိရ သည်။ ကွမ်းသီးအနု ထွက်ရှိချိန်တွင် တရုတ်ဝယ်လက်များမှ မြောင်းမြမြို့ပေါ်တွင် ကိုယ်စားလှယ်ထားရှိပြီး အဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူ၍ ကျေးရွာများရှိ လက်လီဒိုင်ခွဲ ၃၀/၄၀ မှ လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်၊
ကွမ်းသီးအနုဝယ်ယူရာတွင် ကွမ်းသီးအဝိုင်းကို ဝယ်ယူ မှုမရှိဘဲ ဒေသအခေါ် ဘဲဥချွန်း၊ ကပ်ချွန်း၊ မျှောချွန်းပုံစံရှိသော အလေးချိန် ၁၉ ဂရမ်နှင့် ၃၇ ဂရမ်အတွင်းရှိ ကွမ်းသီးအစိမ်း ရောင်အနုကိုသာ ဝယ်ယူပြီး အဝါရောင်ရှိသော ကွမ်းသီးများ ကို ဝယ်ယူမှု မရှိကြောင်း သိရသည်။ ကွမ်းသီးအနုအရောင်း အဝယ်ဖြစ်သည့် ကာလများတွင် ကွမ်းပင်တက်သောဒေသခံ များမှာ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်အတွင်း မြို့နယ်များနှင့် အခြားမြို့နယ်များရှိ ကွမ်းစိုက်ပျိုးသော တောင်သူများ၏ စိုက်ခင်းများသို့ ဈေးကွက်ဝင်သော ကွမ်းသီးအနုများကို လိုက် လံဝယ်ယူကာ လက်လီအဝယ်ဒိုင်ခွဲများသို့ လာရောက် ရောင်း ချလျက် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ရက် ဝင်ငွေ ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ ဝန်းကျင်ရရှိနေကြောင်း သိရ သည်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွမ်းသီးစိုက်ဧက ၂၁၈၆၂ ဧကရှိပြီး မြောင်းမြခရိုင်တွင် ၃၅၆၉ ဧက နှင့် ဖျာပုံ ခရိုင်တွင် ၁၁၆၃၂ ဧက စိုက်ပျိုးလျက်ထွက်ရှိလာသော ကွမ်း သီးအနုများကို တရုတ်နိုင်ငံမှ ဝယ်ယူလျက်ရှိကြောင်းသိရပြီး မြောင်းမြမြို့ပေါ် အဝယ်ဒိုင်များမှ ဝယ်ယူ၍ ကွမ်းသီးအနု တစ်အိတ်လျှင် ပိဿာ ၃၀ ထည့်သွင်းပြီး တစ်ဒိုင်လျှင် နေ့စဉ် တစ်ရက်အိတ်ရေ ၂၀ဝ နှင့် ၃၀ဝ အထက် ရန်ကုန်မြို့သို့ တင် ပို့လျက်ရှိသည်။
ထန်းတပင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ စက်ရုံ များတွင် ကွမ်းသီးအနုများကို ပြုတ်၍ တရုတ်နိုင်ငံသို့တင်ပို့ပြီး တရုတ်နိုင်ငံတွင် အဆိုပါ ကွမ်းသီးအနုများကို ပြန်ပေါင်း၍ ကုန်ချောပြုလုပ်ကာ အစားအစာအဖြစ် သုံးစွဲလျက်ရှိကြောင်း သိရသည်၊
ဧရာမြေ(ပုသိမ်)