Main menu

Background

မြန်မာ့လက်ဖက်ထွက်ကုန် တိုးတက်ဖို့ နည်းစနစ်မြှင့်တင်စို့

Mon, 04/20/2026 - 12:48 -- journal_editor

လက်ဖက်သဘာဝ
မြန်မာ့လက်ဖက်ထုတ်ကုန်များသည် လက်ဖက်ရွက်စိမ်းမှ တစ် ဆင့် ထုတ်လုပ်ပုံ နည်းလမ်းများအရ လက်ဖက်စို၊ လက်ဖက်အခါး ခြောက် ၊လက်ဖက်အချိုခြောက်၊ လက်ဖက်ချဉ်ဟူ၍ လက်ဖက်ထုတ် ကုန်များကွဲပြားနေသည်။ လက်ဖက်သည်သဘာဝသစ်ရွက်မှထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများ အပြားပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေသည်။ကိုယ် ခန္ဓာ အပူ အအေးကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်‌ လျော့ကျ စေခြင်း၊ ဆီးချိုနှင့် အယ်ဇိုင်းမားရောဂါများကို လျော့ကျစေခြင်းတို့ ကြောင့် နှလုံးနှင့် စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်စေ သည်။  
မြန်မာ့လက်ဖက်
မြန်မာ့လက်ဖက်သည် ရှမ်းပြည်နယ်၏ သဘာဝထုတ်ကုန် တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ လက်ဖက်အထွက်၏ ၈၀ ရာခိုင်နှုန်း ခန့်ထွက်ရှိသည်ဟုသိရသည်။ စိုက်ပျိုး‌ရေးဦးစီးဌာန စာရင်းဇယား များအရ ရှမ်းပြည်နယ်၏ လက်ဖက်အထွက်မှာ တစ်နှစ်လျှင် တန်ချိန် ၉၀ဝ၀ဝ ခန့် ရှိသည်ဟု သိရသည်။ ရှမ်း(တောင်)တွင် လက်ဖက်စိုက် ဧက ငါးသောင်းရှစ်ထောင်ရှိသည်။ လက်ဖက်ကို  ရှမ်းပြည်နယ်တွင် ကျောက်မဲ၊ နမ့်စန် ၊ပင်လောင်း၊ ပင်းတယ၊ မိုင်းကိုင်၊ မိုင်းရှူးဒေသ များတွင် အများအပြားစိုက်ပျိုးထွက်ရှိသည်။ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း အနည်းငယ် ထွက်ရှိသည်။ ထို့ကြောင့် လက်ဖက်ထုတ်ကုန်များသည် စားသုံးသူများအပေါ် လွှမ်း မိုးမှု ကြီးမားလာပါသည်။
လက်ဖက်စို
လက်ဖက်အစိုကို မြန်မာ့လူမှုရေးနယ်ပယ်တွင် အိမ်တိုင်းတွင် ဧည့်ခံရန် အသင့်ဆောင်ထားလေ့ရှိသည်။ လက်ဖက်အစိုကို ပဲခြမ်း၊ မြေပဲ၊ နှမ်းတို့နှင့်လည်းကောင်း ဂေါ်ဖီ၊ ခရမ်းချဉ်သီးတို့နှင့် လည်း ကောင်း သုပ်၍ ဧည့်ခံလေ့ရှိကြသည်။ ပြည်တွင်းစားသုံးမှုများသော သဘာဝထုတ်ကုန်တစ်မျိုးဖြစ်သည်။ တစ်နိုင်ငံလုံးတွင် လက်ဖက်စို ရောင်းဝယ်မှုလုပ်ငန်း အကြီးအသေးရှိကြသည်။ 
လက်ဖက် ထုတ်ကုန်သည် သဘာဝသစ်ရွက်မှထုတ်လုပ်သော် လည်း ရိုးရှင်းသည့်မိရိုးဖလာ ထုတ်လုပ်ပုံ နည်းစနစ်များသိုလှောင်ပုံ နည်းစနစ်များ အပင်ပြုစုပုံနည်းစနစ်များ၊ ခူးဆွတ်သည့် နည်း စနစ် များကြောင့် လက်ဖက်ထုတ်ကုန်၏ အရည်အသွေး ကွာခြားသည်။ ခူးဆွတ်သည့် ကုန်ကြမ်းလက်ဖက်စိမ်း၏ အရည်အသွေးမှာ ခူးဆွတ် သည့်အချိန်၊ ဆူးဆွတ်သည့်ပုံသဏ္ဌာန်၊ ထုတ်လုပ်ပုံ နည်းစနစ်များ သည် အစားအသောက်  ဘေးအန္တရာယ်ကင်းရှင်းမှု စံနှုန်းများနှင့် ကိုက်ညီပါသလား၊ သိုလှောင်သိမ်းဆည်းမှုတွင်လည်း လက်ဖက်စို သည် ပြင်ပအောက်ဆီဂျင်နှင့်  ဓာတ်ပြုလျှင် အရောင်ပြောင်းသလို အနံ့အရသာပါ ပြောင်းနိုင်သဖြင့် သိုလှောင်သိမ်းဆည်းမှု ထုပ်ပိုးမှု အထူး အရေးကြီးပေသည်။ ထုတ်လုပ်သူနှင့်ကုန်သည်များ လက်ဖက် စို ထိန်းသိမ်းသိုလှောင်မှု  အားနည်းချက်ကြောင့် လက်ဖက်များ အရောင်ပြောင်းလာသဖြင့် ဈေးကွက်တွင် ရောင်းပန်းလှစေရန် မလို လားအပ်သည့် ဆိုးဆေးများဖြင့် ပြုပြင်ထုတ်လုပ်ရာမှတစ်ဆင့် စား သုံးသူရော ထုတ်လုပ်ရောင်းဝယ်သူပါ နစ်နာရသည့် ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့်ပင်လျှင် လက်ဖက်စိုသည် ပြည်တွင်းသုံးစွဲမှု များ ပြားပြီး ပြည်ပသို့ တင်ပို့မှုနည်းခဲ့သည်။  ပြည်ပသုံးစွဲမှုနှင့် ထုပ်ပိုးမှု အရည်အသွေးထိန်းချုပ်မှုအရ တန်ချိန်ဆယ်ဂဏန်းသာ တင်ပို့ နိုင်ခဲ့ သည်။
လက်ဖက်ခြောက်(ခါး)
လက်ဖက်ခါးခြောက်တွင် ထုတ်လုပ်မှုနည်းစဉ်အရ ွမနနည ွှနေ ခြောက် လက်ဖက်ခြောက် (ခါး)၊ ရွှေဖီဦး လက်ဖက်ခြောက်(ကြမ်း)နှင့် လက်ဖက်ခြောက်(‌ရွေးကျ)ခေါ် အညွန့်ကျိုးဟူ၍ ရှိပေသည်။ သင်္ကြန်မိုးမကျမီ  ခူးဆွတ်သော လက်ဖက်ရွက်စိမ်း (အညွန့်)နှင့် (နှစ်ရွက်)သည် အရည်အသွေး အကောင်းဆုံးဖြစ်သည်။  လက်ဖက် ပင်သည် နှစ်ရှည်ပင်ဖြစ်၍ အထွက်နှုန်းတိုးရန်မှာ စိုက်နည်းစနစ် ခေတ်မီကျနခြင်း၊ အပင်ပြုစုထိန်းသိမ်းပုံခေတ်မီ ပြည့်စုံခြင်း၊ ခူးဆွတ် ပုံစနစ်ကျနခြင်း၊ မြေယာရွေးချယ်ခြင်း၊ ထိန်းသိမ်းခြင်း ပြည့်စုံမှသာ ရေရှည်တည်တံ့ထွန်းကားနိုင်မည်ဖြစ်သည်။ 
အထွက်နှုန်း တိုးရန်အတွက် ခေတ်မီကွန်ဒိုစိုက်ကွက်တည် ထောင်ခြင်း၊ မြေယာထိန်းသိမ်းရန် ဘောင်များ၊ မြောင်းများ တည် ဆောက်ခြင်း၊ လက်ဖက်ပင် အထွက်နှုန်းတိုးစေရန် ကိုင်းဖြာထွက်မှု မြင့်မားစေခြင်း၊ ကိုင်းခြောက်များ၊ အသီးများဖယ်ရှားရှင်းလင်းခြင်း၊ အပင်အတွက် အစာအာဟာရကို စနစ်တကျထည့်သွင်းခြင်းများဖြင့် အထွက်နှုန်းကို ထိန်းသိမ်းရပါမည်။ ထို့အတူ လက်ဖက် ထုတ်လုပ်ရာ တွင် အရည်အသွေး မြင့်မားစေရန် ခူးဆွတ်ချိန်(ဥပမာ- မျိုးများသော အချိန် နှင်းကျသော အချိန်ရှောင်၍ သာယာသောအချိန်တွင် ခူးဆွတ်သင့်သည်။ပေါင်း သည့်အိုးများ၊ ကြိတ်ချေသည့်  စက်များ သန့်ရှင်းရန်လိုသည်။ သို့မှ သာ မှိုတက်ခြင်း၊ အရောင်ပြောင်းခြင်း၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်သည်။ 
လက်ဖက်အချိုခြောက်
လက်ဖက်ရွက်စိမ်းများကို ၄ လက်မ မှ၆လက်မ အထူ ညီညာ စွာဖြန့်ခင်း၍ တစ်ရက်ခန့် ညှိုးနွမ်းစေရပါမည်။ ထို့နောက် လက်ဖက် ရွက်ကို ဖြတ်စက်နှင့်ဖြတ်၍ ဆန်ခါချခါ နှစ်လက်မခန့်အထူ ဖြန့်ခင်း ၍ သုံးနာရီခန့်   အချဉ်ဖောက်ပေးရပါသည်။ ထိုအချဉ်ဖောက်၍ အဝါနုရောင် သန်းလာလျှင် မီးအေးအေးဖြင့်လျှော်၍သော် လည်း ကောင်း၊ ရေနွေးနွေးဖြင့် အခြောက်ခံလှော်ပေးရသည်။ မီးမကျွမ်းစေ ရန်  အထက်မှမွှေ၍ ရလာသော လက်ဖက်အချိုခြောက်ကို ဆန်ခါ ချ၍ အဆင့်ခွဲကာ ရောင်းချကြသည်။
လက်ဖက်ချဉ်
လက်ဖက်အစိုများရရှိချိန်တွင် အရည်အသွေးကောင်း လက် ဖက်စိုများ ရွေးချယ်၍ ကျန်လက်ဖက်အကြမ်းရွက်များကို လက်ဖက် ချဉ်ပြုလုပ်ကြသည်။ လက်ဖက်ခြောက်ရွက်ကြမ်းများကို ရေအစို ဓာတ် ပြန်ပေးပြီးလက်ဖက်ချဉ်အဖြစ် ပြုလုပ်ကြသည်။ ယင်းအရွက် ကြမ်းများကို ကြိတ်ဖြတ်၍  လက်ဖက်ချဉ်ပြုလုပ်ရာတွင် ဘေးအန္တရာယ် မရှိသော်လည်းစောင်းလျားသီး၊ ငရုတ်သီးစိမ်းများနှင့်ပြုလုပ်ထား သော လက်ဖက်များသည် အစားအသောက်ဘေးကင်းရန် လုံခြုံမှု နည်းပါးသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာလက်ဖက်သည် ရေရှည်တည် တံ့မည့် သဘာဝထုတ်ကုန် တစ်မျိုးဖြစ်သလို လက်ဖက်ထုတ်ကုန် တိုးတက်စေရန်ခေတ်မီ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးသင့်ကြောင်း၊ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်ရန် အသင်းအဖွဲ့များကို တိုးပွားတည် ထောင်သင့်ကြောင်း၊ ဈေးကွက်ခိုင်မာစေရန် ဈေးကွက်ကို လေ့လာပြီး စံသတ်မှတ်ချက်ပြည့်စုံစေရေး ဆောင်ရွက်သင့်ကြောင်း သက်ဆိုင် ရာ အဖွဲ့အစည်းများမှလည်း လက်ဖက်မှာ စားသုံးကုန်သာမက အလှ ကုန် ပြုလုပ်ရာတွင် ဖက်စပ်သုံးစွဲ လာပြီဖြစ်ရာ စွန့်ဦးလုပ်ငန်းရှင်များ ကို ထုတ်ကုန်မိတ်ဆက်ပွဲများ နည်းပညာနှင့်အရင်းအနှီးများ ပံ့ပိုး သင့်ပါကြောင်း မြန်မာ့လက်ဖက်တိုးတက်ရေး ဆွေးနွေး ရေးသား တင်ပြလိုက်ရပါသည်။

တင်ဌေး (တောင်ကြီး)