Main menu

Background

စားသောက်ကုန်ပစ္စည်း အညွှန်းအမှတ်အသား တပ်ဆင်ခြင်း

Thu, 01/19/2023 - 15:52 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
GACC အမိန့်အမှတ် ၂၄၈ [၂၀၂၁] နှင့် ၂၄၉ [၂၀၂၁] ၊ အပိုဒ် ၂၈ အရ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်များ တရုတ်နိုင်ငံသို့ ဆိုက်ရောက်လာချိန်၌  အောက်ဖော်ပြပါတို့ကို စစ်ဆေးမည် ဖြစ်ပါ သည် -
-        သယ်ယူပို့ဆောင်ရေးကိရိယာများနှင့် သိုလှောင်သည့်နေရာ များမှာ ဘေးကင်းရေးနှင့်သန့်ရှင်းရေး   လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ 
-    ကွန်တိန်နာနံပါတ်၊ တံဆိပ်နံပါတ်၊ အတွင်းနှင့် အပြင်ထုပ်ပိုးမှု တွင် တံဆိပ်ကပ်ခြင်းနှင့်    ကုန်စည်၏အမှန်တကယ်အခြေ အနေသည် ကြေညာချက်နှင့် ပူးတွဲပါ စာရွက်စာတမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊
-    တိရစ္ဆာန် သို့မဟုတ် အပင်များ၏ မူရင်းအစားအစာအတွက်၊ ထုပ်ပိုးခြင်းနှင့် အိပ်ရာပစ္စည်းများသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တိရစ္ဆာန်နှင့်အပင်များကို ကန့်သတ်ဝင်ရောက်ခြင်းဆိုင် ရာ  ဥပဒေအကောင်အထည်ဖော်ရေး စည်းမျဉ်းများနှင့်ကိုက် ညီခြင်း ရှိ၊ မရှိ၊
-    အတွင်းနှင့်အပြင်ထုပ်ပိုးသည် အမျိုးသားအစားအစာ ဘေး ကင်းရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ညစ်ညမ်းမှု၊ ပျက်စီးမှု၊ ရေပျက်စီးမှု သို့မဟုတ် ယိုစိမ့်မှု ရှိ၊ မရှိ၊
-    တံဆိပ်များ၊ အမှတ်အသားများနှင့် ထုပ်ပိုးမှု အတွင်းပိုင်းနှင့် ပြင်ပ ထုတ်ပိုးမှုဆိုင်ရာ ညွှန်ကြားချက်များသည် ဥပဒေများ၊ စည်းမျဉ်းများ၊ အမျိုးသားအစားအစာ ဘေးကင်းရေးစံနှုန်း များနှင့် GACC စည်းမျဉ်းများနှင့်အညီ ဖြစ်၊ မဖြစ်၊
-        အစားအစာတွင် ပုံမှန်အသွင်အပြင် ရှိ၊ မရှိ၊
-        အေးခဲထားသော အအေးခန်း အစားအစာများအတွက်၊ လတ် ဆတ်မှုနှင့် အလယ်အလတ် အပူချိန်သည် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ အနာများ ရှိ၊ မရှိ၊ အေးခဲထားသည့် ပတ်ဝန်း ကျင်၏ အပူချိန်နှင့် အအေးခန်း၏အပူချိန်သည် သက်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ အအေးကွင်းဆက်ရှိ အပူချိန်ထိန်းကိရိယာ  ရှိ၊ မရှိ၊ ပုံမှန်လည်ပတ်မှုနှင့် အပူချိန် မှတ်တမ်းများသည် လိုအပ်ချက်များနှင့်ကိုက်ညီမှု   ရှိ၊မရှိ၊ (လိုအပ်ပါက  စမ်းသပ်မှုကို ပြုလုပ်နိုင်သည်။)
တရုတ်နိုင်ငံသို့ တင်ပို့မည့် (အဖျော်ယမကာများအပါအဝင်) စားသောက်ကုန်များတွင်   ၎င်းနိုင်ငံ၏အမျိုးသား  စားသောက်ကုန် စိတ်ချလုံခြုံရေးစံချိန်စံညွှန်းများအရ စားသောက်ကုန်ပစ္စည်းအညွှန်း အမှတ်အသားအား   တပ်ဆင်ရန်    လိုအပ်မည်ဖြစ်ကာ အစား အသောက် တင်သွင်းမှု၏ထုပ်ပိုးမှု၊ တံဆိပ်များနှင့် အမှတ်အသား များမှာ တရုတ်ဥပဒေ၊ စည်းမျဉ်းများ၊ အမျိုးသားစားနပ်ရိက္ခာ ဘေးကင်းရေးစံနှုန်းများနှင့်ကိုက်ညီရမည်ဖြစ်ပါသည်။  
လတ်ဆတ်ပြီး အေးခဲထားသော အသားများ    တင်သွင်းမှု အတွက် အတွင်းနှင့်   ပြင်ပထုပ်ပိုးမှုတွင် တရုတ်နှင့် အင်္ဂလိပ်လို သို့မဟုတ် တရုတ်ဘာသာဖြင့် တံဆိပ်များ ပါရှိရမည်ဖြစ်ပြီး လုံခြုံစွာ ရှင်းရှင်းလင်းလင်းနှင့် မှတ်သားရလွယ်ကူသော တင်ပို့သည့်နိုင်ငံ (ဒေသ) ၏ ဘာသာစကားနှင့် တရုတ်ဘာသာဖြင့် ပုံသေတံဆိပ်များ ပါရှိရမည်။ အညွှန်းများတွင် နိုင်ငံ(ဒေသ)၊ ထုတ်ကုန်အမည်၊ ထုတ် လုပ်ရေးဌာန၏ မှတ်ပုံတင်နံပါတ်နှင့်  အစုလိုက်နံပါတ် ပါရှိရမည် ဖြစ်ပါသည်။ ပြင်ပထုပ်ပိုးမှုတွင် ကုန်ပစ္စည်းသတ်မှတ်ချက်၊ ထုတ် လုပ်သည့်နေရာ (အထူးပြည်နယ်/ပြည်နယ်/မြို့)၊ ဦးတည်ရာ၊ ထုတ် လုပ်သည့်ရက်စွဲ၊ သိုလှောင်မှုသက်တမ်း၊ သိုလှောင်မှုအပူချိန် စသည် ဖြင့် တရုတ်လို အညွှန်းတစ်ခုပါရှိရမည်။ ဦးတည်ရာကို ပြည်သူ့သမ္မတ နိုင်ငံအဖြစ် အမှတ်အသားပြုရမည်။    တင်ပို့သည့်နိုင်ငံ(ဒေသ)၏ တရားဝင်စစ်ဆေးခြင်းနှင့်    သီးခြားထားရှိထားပြီးဖြစ်ကြောင်း quarantine  တံဆိပ်များ ကပ်ထားရမည်။
ရေထွက်ပစ္စည်းတင်သွင်းခြင်းအတွက်    အတွင်းနှင့်အပြင် ထုပ်ပိုးမှုတွင် တရုတ်နှင့် အင်္ဂလိပ်  သို့မဟုတ်  တရုတ်ဘာသာဖြင့် တံဆိပ်များပါရှိပြီး  တင်ပို့သည့်နိုင်ငံ (ဒေသ)၏  ဘာသာစကားသည် ခိုင်မာပြတ်သားပြီး အသိအမှတ်ပြုရလွယ်ကူစေရမည်။ အညွှန်းတွင်  ကုန်စည်အမည်နှင့် သိပ္ပံအမည်၊ ထုတ်ကုန်သတ်မှတ်ချက်များ၊ ထုတ် လုပ်သည့်ရက်စွဲ၊ အသုတ်နံပါတ်၊ သိုလှောင်မှုသက်တမ်းနှင့် သို လှောင်မှုအခြေအနေ၊    ထုတ်လုပ်မှုနည်းလမ်းများ (ပင်လယ်ဖမ်း၊ ရေချိုဖမ်း၊ သို့မဟုတ် ငါး၊ ပုစွန်)၊ ထုတ်လုပ်မှုဧရိယာ (ပင်လယ်ငါးဖမ်း ဧရိယာ၊ ရေချိုငါးဖမ်းသည့်နိုင်ငံ သို့မဟုတ် ဒေသ၊ နိုင်ငံ သို့မဟုတ် ဒေသ)၊     ရေချိုငါးဖမ်းထွက်ပစ္စည်းများမှ  ထွက်လာသည့် နိုင်ငံ သို့မဟုတ် ဒေသ၊ ထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်ပေးသည့် စက်ရုံများ (ငါးဖမ်းသင်္ဘောများ၊ စီမံဆောင်ရွက်သည့် ရေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးရေယာဉ်များ အပါအဝင်)၊   နောက်ဆုံးရောက်ရှိမည့် နိုင်ငံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် အမှတ်အသားပြုချက်များ ပါဝင်ရမည်။
အထူးအစားအစာ ရည်ရွယ်ချက်များအတွက် တင်သွင်းလာသော ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ၏ တရုတ်တံဆိပ်များကို အနည်းဆုံး ရောင်းချမည့် အထုပ်/ဗူးများပေါ်တွင် ရိုက်နှိပ်ရမည်။ တရုတ်တံဆိပ်များ မကပ်ရပါ။
အစားအသောက်တင်သွင်းခြင်း၏ အတွင်းနှင့် အပြင်ထုပ်ပိုး မှုတွင် အထူးအမှတ်အသား/လိုဂိုများတပ်ဆင်ရန် လိုအပ်ပါက ယင်း လိုအပ်ချက်များကို လိုက်နာရမည်ဖြစ်ပါသည်။   အထူးသဖြင့် ပါဝင် ပစ္စည်းများ၊   ထုတ်လုပ်သည့်နေ့စွဲ၊ အနည်းဆုံး တာရှည်ခံရက်စွဲ/ အကောင်းဆုံးစားသုံးနိုင်သည့်နေ့စွဲ  (Date of minimum durability - best before)၊ သက်တမ်းကုန်ဆုံးမည့်ရက်၊  အစီအစဉ်စနစ် (Con-figuration)၊ ပါဝင်ပစ္စည်းများစာရင်းနှင့်   အာဟာရတန်ဖိုး ဖော်ပြ ချက်၊ ဓာတ်မတည့်မှုများ၊ အသားတင်အလေးချိန်၊ ထုတ်လုပ်သူနှင့် ဖြန့်ချိသူတို့၏အမည်၊  လိပ်စာနှင့်ဆက်သွယ်ရမည့် သတင်းအချက် အလက်၊ သိုလှောင်ထားရှိရမည့် အခြေအနေများ၊ ထုတ်လုပ်သည့် ဒေသ ဖော်ပြချက်ကို ဖော်ပြပေးရမည်ဖြစ်ပါသည်။    
တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်များ 
အဆင့်(၁) သွင်းကုန်တင်သွင်းသူနှင့် ပို့ကုန်တင်ပို့သူ မှတ်ပုံ တင်မှု ပြီးမြောက်ရန် လိုအပ်ခြင်း
တရုတ်နိုင်ငံသို့ ကုန်သွယ်လိုသည့်  နိုင်ငံခြားတင်ပို့သူအနေဖြင့် အထွေထွေ ကုန်သွယ်တင်ပို့သူ    သို့မဟုတ် နယ်စပ်ဖြတ်ကျော် e-commerce ဆောင်ရွက်သူဟူသည့် နည်းလမ်း နှစ်သွယ်ရှိပါသည်။ မည်သည့်နည်းလမ်းတွင်မဆို  တင်ပို့သူများအားလုံးနှင့်   နိုင်ငံခြားမှ စားသောက်ကုန်နှင့် အလှကုန်တင်သွင်းသူများအားလုံးတို့မှာ “Registration Systems of Imported Food and Cosmetic Importers and Exporters” (http://ire.customs.gov.cn)    သို့မဟုတ် GACC \ “Internet + customs platform” (http://english.customs.gov.cn/) မှတစ်ဆင့် မှတ်တမ်းဝင်ထားရမည်ဖြစ်ပါသည်။ 
အကယ်၍ နိုင်ငံခြားတင်ပို့သူက တရုတ်မှ  တင်သွင်းသူအား အကောက်ခွန် ရှင်းလင်းရေးဆောင်ရွက်ရန်နှင့်လိုအပ်ပါက ကုန်ပစ္စည်းအား  သီးခြားထား၍စောင့်ကြည့်ရန်) ရွေးချယ်ခဲ့ပါက GACC မှ ထိန်းသိမ်းထားသည့် တရုတ်၏ မှတ်ပုံတင်စနစ်ဖြစ်သော  National Enterprise Credit Information Publicity System (http://www. gsxt.gov.cn/index.html) အား အသုံးပြု၍  သွင်းကုန် တင် သွင်းသူ၏လုပ်ဆောင်ချက်များအား ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် အလားအလာရှိသော တင်သွင်းသူ ရှာဖွေခြင်းပြုနိုင်သော  အခြေခံ တရားဝင်အချက်အလက်များကို စုစည်းကြည့်ရှုနိုင်ပါသည်။  
ထို့ပြင် အသားနှင့်ကျန်းမာရေးပစ္စည်းများကဲ့သို့သော အချို့ ပစ္စည်းများမှာ စိတ်ချလုံခြုံရေးလိုအပ်ချက်များ အလွန်များပြားသဖြင့် ထပ်မံ၍ မှတ်ပုံတင်ရန် လိုအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) 
ဒေါက်တာရွှေစင်ကို